နောက်ဆုံးသတင်း/ဆောင်းပါးများ

နယ်ခြားစောင့်တပ် ရဲများက ခရီးသွား (၃) ဦးကို ခြိမ်းခြောက်၍ ငွေ ၅ သိန်းခွဲ ညှစ်




RB News
28.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့်တပ် ရဲများက ခရီးသွား (၃) ဦးကို ခြိမ်းခြောက်၍ ငွေ ၅ သိန်းခွဲ ညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဧပြီလ (၂၇) ရက်နေ့တွင် မောင်တောမြို့နယ် မြောက်ပိုင်း၊ မင်းကြီးရွာ (တူလာတူလီ) မှ ကြိမ်ချောင်းသို့ လာနေသည့် ခရီးသွား (၃) ဦး ဖြစ်သည့် (၁) ဦးမူဟီဘုလ္လာ (ဘ) ဦးဒေါရ်ဘေ့ခ်ျအလီ (အသက် ၃၂ နှစ်)၊ (၂) ဦးဖော်ရီဒူလ္လာ (ဘ) ဦးဘော်ရှီရ်အာမတ် (အသက် ၃၅ နှစ်) နှင့် ဒေါ်တူဟုရာဘေဂမ် (ဘ) ဦးမာမတ်ဒုလ္လာ (အသက် ၂၇ နှစ်) တို့ကို ကြိမ်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့်တပ်မှ ဒုရဲအုပ်၊ တပ်ကြပ်ခင်လှိုင်၊ ရဲတပ်သား ဇော်ဇော်၊ တမန်းသား ရွာမှ အမည်မသိ တစ်ဦး၊ ကြိမ်ချောင်းရွာမှ ဦးသာနိုးအောင်၏ သားတို့က အောင်စစ်ပြင် ကျေးရွာရှိ ကြက်ကျိန်း ဗလီရှေ့တွင် ရပ်ခိုင်းပြီး စစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးနေစဉ် မင်းကြီးရွာ အခြေစိုက် တပ်ရင်းမှ ဗိုလ်ကြီး တစ်ဦး လာနေသည်ကို တွေ့သဖြင့် ရဲများက အဆိုပါ ခရီးသွား (၃) ဦးကို အိမ်တစ်အိမ် အတွင်းသို့ ဆွဲသွင်း၍ ၀ှက်ထားခဲ့သည်။ အဆိုပါ ဗိုလ်ကြီး ၎င်းတို့၏ မြင်ကွင်းမှ ပျောက်ကွယ် သွားသည့် အခါ အိမ်အပြင်သို့ ခေါ်ထုတ်၍ အမျိုးမျိုး ခြိမ်းခြောက်၍ ငွေကျပ် ၂၅ သိန်း ပေးမှ ဆက်လက် သွားခွင့် ပေးမည်ဟု ပြောဆိုခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

“နေ့လည် ၁ နာရီ ကနေ ၄ နာရီ အထိ အကြောင်းမဲ့ အမျိုးမျိုး ခြိမ်းခြောက် ခဲ့တယ်။ ငွေ ၂၅ သိန်း မပေးရင် တရားမ၀င် ဖုန်း ကိုင်နေတယ် ဆိုပြီး အမှုဖွင့်မယ်၊ ပြီးရင် ထောင်ချမယ် ဆိုပြီး ခြိမ်းခြောက်တယ်။ နောက်ဆုံးတော့ အဲဒီ မင်းကြီး ရွာသားတွေက ကြောက်ပြီး ငွေ ၅ သိန်း ၅ သောင်း ပေးလိုက်ရတယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus