နောက်ဆုံးသတင်း/ဆောင်းပါးများ

စစ်တပ်မှ ပေးထားသည့် ဖုန်းကို ကိုင်ဆောင်သူကို ဖမ်းဆီး၍ ထောင် (၇) နှစ်ချ




MYARF
RB News
25.5.2014

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲမှ ဒေသခံ ရိုဟင်ဂျာ တစ်ဦးကို စစ်တပ်မှ ပေးထားသည့် ဖုန်းဖြင့် ဖမ်းဆီးပြီး ထောင် (၇) နှစ်ချ လိုက်ကြောင်း သတင်း ရရှိပါသည်။

တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ အမှတ် (၁) ရပ်ကွက်မှ ဦးအာမန်အုလ္လာ (ဘ) ဦးဆော်လီမုလ္လာသည် GE ဆောက်လုပ်ရေးတပ်၏ နယ်စပ် ခြံစည်းရိုး ကာရံနေသည့် လုပ်ငန်းတွင် အခကြေးငွေဖြင့် ၀င်ရောက် လုပ်ကိုင်နေသူ တစ်ဦး ဖြစ်သည်။ GE တပ်မှ ဆရာကြီး မျိုးသိန်းဆိုသူက ဦးအာမန်အုလ္လာအား ၎င်းနှင့် လွယ်ကူစွာ ဆက်သွယ်နိုင်ရန် အတွက် ဘင်္ဂလား ဖုန်းတစ်လုံး ပေးခဲ့သည်။

မေလ (၂၂) ရက်နေ့ နေ့လည်ပိုင်းတွင် ဦးအာမန်အုလ္လာသည် ၎င်းဖုန်းကို ကိုင်ဆောင်၍ ကြိမ်ချောင်းသို့ သွားနေစဉ် ကြိမ်ချောင်း တံတား၌ ကင်းစောင့်နေသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက ဖမ်းဆီးပြီး မောင်တော ရဲစခန်းသို့ ပို့ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဦးအာမန်အုလ္လာကို မေလ (၂၃) ရက်နေ့တွင် မောင်တော ရဲစခန်းမှ တရားစွဲဆို၍ မောင်တော တရားရုံးသို့ ပို့ခဲ့ပြီး၊ ရှေ့နေ ငှားရမ်းခွင့်ပင် မပေးဘဲ တရားရုံးက ထောင်ဒဏ် (၇) နှစ် ချမှတ် လိုက်ကြောင်း သိရှိရပါသည်။ ဦးအာမန်အုလ္လာကို ဘူးသီးတောင် အကျဉ်းထောင်သို့ မပို့သေးဘဲ မောင်တော ရဲစခန်းရှိ အချုပ်ခန်းတွင် ဆက်လက် ချုပ်နှောင် ထားကြောင်း သိရှိရပါသည်။

ဦးအာမန်အုလ္လာ ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်၍ GE ဆောက်လုပ်ရေးတပ်မှ ဆရာကြီး မျိုးသိန်းသည် ဦးအာမန်အုလ္လာ၏ မိသားစုများနှင့် မေလ (၂၄) ရက်နေ့တွင် တွေ့ဆုံပြီး၊ ဦးအာမန်အုလ္လာ အတွက် အယူခံဝင်၍ လွတ်မြောက်လာသည် အထိ တာဝန်ယူ ဆောင်ရွက်သွားမည်ဟု ကတိပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus