နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော၊ သရက်အုပ်ရွာတွင် ဗလီ မီးရှို့ခံရမည်ကို စိုးရိမ်လျက်ရှိ




MYARF
RB News
9.5.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း သရက်အုပ် ကျေးရွာရှိ ဗလီခြံဝင်းထဲသို့ ရခိုင်များ နှစ်ကြိမ်တိုင်တိုင် ၀င်ရောက်ခဲ့သဖြင့် ဗလီ မီးရှို့ခံရမည်ကို ဒေသခံများက စိုးရိမ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ယနေ့ (မေလ ၉ ရက်) ည ၁၁ နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း သရက်အုပ် (ရခိုင်ရွာ) ကျေးရွာမှ ရခိုင်လူမျိုး ငါးဦးးသည် သရက်အုပ် (ရိုဟင်ဂျာရွာ) ကျေးရွာ မြောက်ဘက်ရှိ ဗလီခြံဝင်းထဲသို့ ၀င်ရောက်လာသည်ကို ရိုဟင်ဂျာ တစ်ဦးက မြင်တွေ့၍ ၀ါးရုံပင်ကြားတွင် ပုန်း၍ အခြေအနေကို စောင့်ကြည့်ခဲ့သည်။ ထို့နောက် ဗလီခြံဝင်း၏ မနီးမဝေးသို့ သွား၍ “ဘယ်သူလဲ” ဟု မေးရာ ရခိုင်လူမျိုး တစ်ဦးက “ရဲ” ဟုဖြေကြားခဲ့သည်။ ရိုဟင်ဂျာ ရွာသားက ယခုကဲ့သို့ ညပိုင်းတွင် ဗလီခြံဝင်းထဲသို့ ၀င်ရောက် ရသည့် အကြောင်းကို ဆက်လက် မေးမြန်းရာ “ဟေ့ကုလားတွေ လာကြ” အော်ဟစ် ဆဲဆို၍ စိန်ခေါ်မှုများ ပြုလုပ်သဖြင့် ကင်းစောင့်နေသည့် ကင်းသမားများ ရောက်ရှိလာရာ ၎င်းတို့၏ ရခိုင်ရွာထဲသို့ ထွက်ပြေးသွား ခဲ့ကြသည်။

တစ်ဖန် မိနစ် ၃၀ အကြာတွင် အဆိုပါ ရခိုင်လူမျိုး ငါးဦးသည် သေနတ်တစ်လက် ကိုင်ဆောင်၍ ဗလီခြံဝင်း အနီးရှိ သင်္ဘောပင်နားသို့ ရောက်လာပြန်ရာ ရိုဟင်ဂျာများက အသံပေး၍ မေးမြန်းသဖြင့် အော်ဟစ် ဆဲဆို၍ ထွက်ပြေး သွားခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ကင်းစောင့်နေသည့် ရိုဟင်ဂျာများက မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပေါ်မည်ကို မလိုလား၍ လိုက်လံ မဖမ်းဆီးခဲ့ ဟုဆိုသည်။ ယခုကဲ့သို့ ညပိုင်းတွင် ဗလီခြံဝင်းထဲသို့ ၀င်ရောက်သဖြင့် ကင်းသမားများ အလစ်တွင် မီးရှို့မည်ကို စိုးရိမ်လျက် ရှိကြသည်။

မျက်မြင်သက်သေ များက အဆိုပါ ရခိုင်လူမျိုး ငါးဦးတွင် သရက်အုပ် (ရခိုင်ရွာ) ကျေးရွာ အခြေစိုက် ကင်းစခန်းမှ ရဲတစ်ဦးလည်း ပါဝင်သည်ဟု ဆိုသည်။

Comment ရေးရန်

Rohingya Exodus