နောက်ဆုံးသတင်း/ဆောင်းပါးများ

ညောင်ချောင်း စ.ရ.ဖ တပ်ဆွယ်မှူး ဦးညီလေးက ဒေသခံ တစ်ဦးကို ရိုက်နှက်၍ ငွေညှစ်



RB News
7.1.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ တောင်ပိုင်း ညောင်ချောင်း ကျေးရွာ အခြေစိုက် စ.ရ.ဖ တပ်ဆွယ်မှူး ဦးညီလေးက ဒေသခံ တစ်ဦးကို ရိုက်နှက် ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

၂၀၁၄ ဒီဇင်ဘာလ ၂၃ ရက်နေ့က ဘူးသီးတောင် မြို့နယ် တောင်ပိုင်း ညောင်ချောင်း ကျေးရွာ အခြေစိုက် စ.ရ.ဖ ရုံးမှ တပ်ဆွယ်မှူး ဦးညီလေးသည် ဈေးဝယ်နေသည့် သိမ်တောင် ကျေးရွာမှ ဦးအဒူလ်ဟူဆောင်း (ဘ) ဦးအဒူဆော်မောတ် အား အကြောင်းမဲ့ ဖမ်းဆီး၍ ခြောက်ပေါက် ထိပ်တုံးခတ် ထားကာ လူမဆန်စွာ ရိုက်နှက်ပြီး ငွေကျပ် နှစ်သိန်း ညှစ်ယူ ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဦးအဒူလ်ဟူဆောင်းကို ဖမ်းဆီးချိန်တွင် ဦးညီလေးနှင့် အတူ ဦးဆော်လိမ် (ဘ) ဦးမောင်ပုမျာ လည်း အတူပါလာခဲ့ပြီး၊ ပြန်လည် လွှတ်ပေးသည့် အချိန်တွင် ငွေကျပ် နှစ်သိန်း ပေးပါမည်ဟု သိမ်တောင်ရွာမှ ဦးလာလ်မျာ (ဘ) ဦးအဒူလာမျာ က အာမခံ ပေးခဲ့ရကြောင်း သိရှိရပါသည်။

ဦးညီလေးသည် ဒေသခံများကို အကြောင်းမဲ့ ဖမ်းဆီး၍ ထိပ်တုံးခတ် ရိုက်နှက် နှိပ်စက်ပြီးနောက် ငွေညှစ်ခြင်းများ မကြာခဏ ပြုလုပ်လျက် ရှိပြီး၊ ဘူးသီးတောင် မြို့နယ် အခြေစိုက် တပ်မမှူးနှင့် ဗျူဟာမှူး တို့က အရေးယူ ဟန့်တား ပေးရန် လိုအပ်ကြောင်း၊ ဥပဒေမဲ့ ပြုလုပ်နေခြင်း များကို အထက် အာဏာပိုင်များက လက်ပိုက်၍ ကြည့်မနေသင့်ကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus