နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင်မှ ရဲအုပ်မြတ်ထွေးက အပြစ်မဲ့ ဒေသခံ နှစ်ဦးထံမှ ငွေကျပ် ၆ သိန်းညှစ်




RB News
17.2.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် မြို့မ ရဲစခန်းမှ ရဲအုပ်မြတ်ထွေးသည် ဖုံညိုလိပ် ကျေးရွာမှ အပြစ်မဲ့ ဒေသခံ နှစ်ဦးကို ဖမ်းဆီး၍ ငွေကျပ် ၆ သိန်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

ဖေဖော်ဝါရီလ (၁၆) ရက်နေ့တွင် ဘူးသီးတောင် မြို့နယ် မြို့မရဲစခန်းမှ ရဲအုပ်မြတ်ထွေး အပါအ၀င် ရဲတပ်ဖွဲ့ (၁၀) ဦးတို့သည် ဖုံညိုလိပ် ကျေးရွာသို့ သွားရောက်၍ ဓါးပြများ ဖမ်းဆီးရန် ဟုဆိုကာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း အမှတ် (၂၁) တွင် ညအိပ်ပြီးနောက် ယနေ့ ဖေဖော်ဝါရီလ (၁၇) ရက်နေ့တွင် ဖုံညိုလိပ် ကျေးရွာ အတွင်း ကွင်းဆင်း၍ လူကုန်ကူးသူနှင့် တဖက်နိုင်ငံပြန် ရှိသည်ဟု မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ ဦးကာမာလ်ဟူဆောင်း (ဘ) ဦးအီဆုပ်နှင့် ဦးဘာဂူမျာ (ဘ) ဦးဆော်ယာဒ် တို့ကို ဖမ်းဆီးပြီး ကျေးရွာ အုပ်ချုပ်ရေးမှူး၏ နေအိမ်တွင် ချုပ်နှောင် ထားခဲ့သည်။

ထို့နောက် ဖမ်းဆီးခံရသည့် အပြစ်မဲ့ ဒေသခံ နှစ်ဦးကို ရိုက်နှက်၍ တစ်ဦးထံမှ ငွေကျပ် နှစ်သိန်းနှင့် နောက်တစ်ဦးထံမှ ငွေကျပ် လေးသိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ဖုံညိုလိပ် ကျေးရွာသည် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း အမှတ် (၁၂) အပိုင် နယ်မြေဖြစ်ပြီး၊ ဘူးသီးတောင် မြို့နယ် မြို့မရဲစခန်းနှင့် သက်ဆိုင်ခြင်း မရှိသော်လည်း ယခုကဲ့သို့ လာရောက်၍ ဖမ်းဆီးခြင်းမှာ စခန်းအမှတ် (၁၂) မှ စခန်းမှူးနှင့် ရဲအုပ်မြတ်ထွေးတို့ ပူးပေါင်း၍ ငွေရှာခြင်းသာ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ အမည်မဖော်လိုသည့် ရဲတပ်ဖွဲ့ဝင် တစ်ဦးက နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း အမှတ် (၁၂) မှ စခန်းမှူးသည် ရဲအုပ်မြတ်ထွေး၏ တပည့်ဖြစ်သည်ဟု ဆိုသည်။ ရဲအုပ်မြတ်ထွေးသည် ၎င်းနှင့် မသက်ဆိုင်သည့် နယ်မြေများသို့ သွားရောက်၍ ယခုကဲ့သို့ ငွေညှစ်ခြင်းများ မကြာခဏ ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus