နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျေးရွာ အုပ်ချုပ်ရေးမှူးက မုဆိုးမ အမျိုးသမီး တစ်ဦးကို ခြိမ်းခြောက်၍ ငွေ ၅ သိန်း ညှစ်



MYARF
RB News
15.7.2015

ဘူးသီးတောင် ။ ။ ​ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ လက်ဝဲဒက် ပြင်ချေ ကျေးရွာအုပ်စု၊ ရွာသစ်ရွာမှ ဒေသခံ အမျိုးသမီး မုဆိုးမ တစ်ဦးကို ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး တို့က ခြိမ်းခြောက်၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ဇွန်လ (၂၈) ရက်နေ့တွင် ဘူးသီးတောင် မြို့နယ် လက်ဝဲဒက် ပြင်ချေ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးဒိလ်မာမတ်နှင့် ရာအိမ်မှူး ဖြစ်သူ ဦးမိုဟာမတ်ဇူဘိုင်ရ် (ဘ) ဦးမာမတ်အာလောမ် တို့ပူးပေါင်း၍ ရွာသစ်ရွာမှ မုဆိုးမ အမျိုးသမီး တစ်ဦး ဖြစ်သူ ဒေါ်မော်ရီယံခါတူ (ဘ) ဦးကာဒိရ်ဟူစိန်း (အသက် ၃၅ နှစ်) ကို လူကုန်ကူးမှုတွင် ပါဝင် ပတ်သက်နေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးမည်ဟု ခြိမ်းခြောက်၍ ငွေကျပ် ၅ သိန်း အတင်းအဓမ္မ ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

ဒေါ်မော်ရီယံခါတူ အတွက် ငွေကျပ် ၅ သိန်းကို နိုင်ငံခြားရှိ သားဖြစ်သူက ပေးပို့လိုက်ခြင်း ဖြစ်ပြီး၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး တို့က လူကုန်ကူးမှု တားဆီးရေး အဖွဲ့မှ ရဲများနှင့် ဖမ်းဆီးခိုင်းပြီး ထောင်ချမည်ဟု ခြိမ်းခြောက် သဖြင့် မတရားသဖြင့် ဖမ်းဆီးခံရမည်ကို ကြောက်ရွံ၍ ငွေ ၅ သိန်း ပေးလိုက်ရခြင်း ဖြစ်သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus