နောက်ဆုံးသတင်း/ဆောင်းပါးများ

MPT ဖုန်းတွင် ဘင်္ဂလားဒေ့ရှ်မှ ဖုန်းနံပါတ် ထည့်သိမ်းထားသည်ဟု ဆိုကာ ဒေသခံ တစ်ဦးထံမှ ငွေညှစ်



MYARF
RB News
22.9.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်တွင် အစိုးရမှ တရားဝင် ခွင့်ပြုထားသည့် MPT ဆင်းမ်ကဒ်သုံး ဖုန်းထဲတွင် ဘင်္ဂလားဒေ့ရှ် ဖုန်းနံပါတ် တွေ့သည်ဟု ဆိုကာ ရဲများက ဒေသခံ တစ်ဦးကို ဖမ်းဆီးခဲ့သည်။ 

စက်တင်ဘာလ (၁၇) ရက်နေ့တွင် ဟာဘီအနောက်ရွာမှ ရွာသူရွာသား များသည် သုံးဘီး တက္ကစီကားဖြင့် ကုရ်ဘာနီ အီးဒ်အတွက် ဈေးဝယ်ရန် မောင်တောမြို့သို့ လာစဉ် လမ်းခရီးတစ်လျှောက်တွင် ရှောင်တခင် စစ်ဆေးရေး အဖွဲ့များ၏ စစ်ဆေးခြင်းကို ခံခဲ့ရသည်။ အဆိုပါ စစ်ဆေးရေး အဖွဲ့များသည် ရိုဟင်ဂျာ လူမျိုးကိုသာ သီးသန့် စစ်ဆေးသည့် အဖွဲ့များ ဖြစ်သည်။ မောင်တောမြို့မှ နယ်ထိန်းရဲ အဖွဲ့က ဘက္ကားဂုံးနား ကျေးရွာအုပ်စုရှိ သီဟိုဠ်ခြံရှေ့ လမ်းဘေးတွင် ထိုင်၍ စစ်ဆေးရာ ခရီးသွားများထံမှ တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မရရှိသော်လည်း မော်လ၀ီ မူဟန္နုဒ္ဒိန် (ဘ) ဦးဇီယာဘူဒိန် (အသက် ၃၆ နှစ်) ၏ MPT ဆင်းမ်ကဒ်သုံး GSM ဖုန်းထဲတွင် ဘင်္ဂလားဒေ့ရှ်မှ ဖုန်းနံပါတ် တွေ့ရှိသည်ဟု ဆိုကာ ဖမ်းဆီးပြီး နံနက် ၁၁း၃၀ နာရီ အချိန်တွင် မောင်တောမြို့သို့ ရဲကားဖြင့် တင်ဆောင်ပြီး ခေါ်ဆောင် သွားခဲ့သည်။ 

အဆိုပါ နယ်ထိန်း အဖွဲ့သည် ဖမ်းဆီးထားသူ ထံမှ ငွေညှစ်ရန် ကျေးရွာ အုပ်ချုပ်ရေးမှူးကို ဆင့်ခေါ်ပြီး ညနေပိုင်းတွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ရောက်ရှိလာသည့် အခါ ငွေကျပ် ငါးသောင်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့သည်။ ထိုသို့ စစ်ဆေးရာတွင် မြို့မ ကညင်တန်း ကျေးရွာနှင့် မြို့သူကြီး ကျေးရွာ ကြားရှိ တံတားစောင့် ရဲများက ရိုဟင်ဂျာ အမျိုးသမီးများကို စခန်းထဲသို့ ခေါ်သွင်းကာ ခန္ဓာကိုယ် အနှံ့ကို ကိုင်ကွယ်၍ စစ်ဆေးခဲ့သည်ဟု ဒေသခံများက RB News သို့ပြောသည်။ အမျိုးသမီးများကို စစ်ဆေးပြီး တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိသော်လည်း ခြိမ်းခြောက်၍ ငွေကျပ် ငါးထောင်မှ တစ်သောင်း ကျပ်စီ ညှစ်ယူခဲ့သည်ဟု ဆိုသည်။

Comment ရေးရန်

Rohingya Exodus