နောက်ဆုံးသတင်း/ဆောင်းပါးများ

ပေါင်းဇားရှိ နယ်ခြားစောင့် ရဲများက ဒေသခံ (၃) ဦးထံမှ ငွေကျပ် ၆ သိန်းညှစ်



Rohingya Eye
RB News
10.10.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ပေါင်းဇား ကျေးရွာအုပ်စု၊ ဘောလ္လာဖာရာရွာမှ ဦးဟာရွန် (ဘ) ဦးယူနုစ် (အသက် ၃၀ နှစ်)၊ ဦးအာဖ်တာရ်ကမာလ် (ဘ) ဦးအဒူမူနာဖ် (အသက် ၄၁ နှစ်) နှင့် ဦးမာမတ်ဟူစိန်း (ဘ) ဦးနူရ်ဘောရှော်ရ် (အသက် ၃၅ နှစ်) တို့သည် အောက်တိုဘာလ (၁) ရက်နေ့တွင် ၎င်းတို့၏ နေအိမ်များ အသီးသီးမှ ဈေးဝယ်သွားရန် ထွက်လာကြစဉ် ပေါင်းဇား ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲများ လာရောက်၍ ၎င်းတို့ (၃) ဦး ကိုင်ဆောင် ထားကြသည့် GSM ဖုန်းများကို နယ်ခြားစောင့် ရဲများက ယူ၍ စစ်ဆေးခဲ့သည်။ 

ထိုသို့ စစ်ဆေးနေစဉ် နယ်ခြားစောင့်ရဲ များက အသင့်ပါလာသည့် ဘင်္ဂလား ဆင်းမ်ကဒ် တစ်ခုကို GSM ဖုန်းတစ်လုံးထဲတွင် ထည့်ပေးပြီး ဘင်္ဂလားဖုန်းများ သုံးနေသည်ဟု လုပ်ကြံ စွပ်စွဲကာ ဦးဟာရွန်၊ ဦးအာဖ်တာရ်ကမာလ် နှင့် ဦးမာမတ်ဟူစိန်း တို့ထံမှ ငွေကျပ် နှစ်သိန်းစီ ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

မောင်တော မြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း ကျေးရွာတွင် စက်တင်ဘာလ (၁) ရက်နေ့မှ စ၍ GSM တာဝါ ဖွင့်ပေးခဲ့သော်လည်း မြောက်ပိုင်း ကျေးရွာ အသီးသီးရှိ ဒေသခံ ရိုဟင်ဂျာများက နယ်ခြားစောင့်ရဲ များ၏ မဟုတ်မတရား လုပ်ကြံ စွပ်စွဲ၍ ငွေညှစ်ခြင်းကို ခံရမည် စိုးရိမ်၍ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ထုတ်ပေးသည့် တရားဝင် GSM ဖုန်းများကို ကိုင်ဆောင်ရန် ကြောက်ရွံလျက် ရှိသောကြောင့် ဆက်သွယ်ရေး အခက်အခဲများနှင့် ကြုံတွေ့လျက် ရှိနေကြသည်ဟု ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus