နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော နယ်ထိန်းရဲ များက ဒေသခံ တစ်ဦးကို မဟုတ်မမှန် စွပ်စွဲ၍ ငွေညှစ်



MYARF
RB News
25.11.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြို့မရဲစခန်းမှ နယ်ထိန်းရဲ များသည် နိုဝင်ဘာလ (၂၁) ရက်နေ့တွင် အမှတ် (၅) ရပ်ကွက် (ရွာသစ်ကေ ရပ်ကွက်) အနောက်ရွာသို့ သွားရောက်၍ ဦးနူရ်ဟူဒါ (ဘ) ဦးအီနုစ် (အသက် ၃၂ နှစ်) ကို ဖမ်းဆီးပြီး မြို့မ ဘောလုံးကွင်း ထောင့်ရှိ လဘက်ရည်ဆိုင်သို့ ခေါ်ဆောင်သွားကာ ၂၀၁၂ ခုနှစ် အရေးအခင်းတွင် ရခိုင်အိမ်များ မီးရှို့ခဲ့သည်ဟု မဟုတ်မမှန် စွပ်စွဲ ခြိမ်းခြောက်၍ ငွေကျပ် တစ်သိန်းငါးသောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

အဆိုပါ နယ်ထိန်းရဲ များသည် အမြဲလိုလို ကျေးရွာများသို့ သွားရောက်၍ ရွာသားများကို ဖမ်းဆီး၍ မီးရှို့မှုတွင် ပါဝင်သည်ဟု ခြိမ်းခြောက်ကာ ငွေညှစ်လေ့ ရှိသည်။

Comment ရေးရန်

Rohingya Exodus