နောက်ဆုံးသတင်း/ဆောင်းပါးများ

အလယ်သံကျော် ကညင်တန်း အုပ်ချုပ်ရေးမှူးကြောင့် ဒေသခံ တစ်ဦး ငွေညှစ်ခံရ၊ တစ်ဦး ဆိုင်ကယ်သိမ်းခံရ



Rohingya Eye
RB News
20.2.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း အလယ်သံကျော် ကညင်တန်း ကျေးရွာ၊ နတ်ခေါင်းမ်ဒီးယာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲ များသည် ဖေဖော်ဝါရီလ (၁၆) ရက်နေ့ ည (၈) နာရီ အချိန်တွင် ကညင်တန်း ကျေးရွာမှ ဦးဟာဖီဇူလ္လာ (ဘ) ဦးရှာမူဒူး (အသက် ၅၀ နှစ်) ၏ နေအိမ် အတွင်းသို့ ၀င်ရောက် ရှာဖွေခဲ့သည်။ မည်သည့် တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိသော်လည်း ဘင်္ဂလား ဆင်းမ်ကဒ် သုံးနေသည်ဟု မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် နှစ်သိန်းလေးသောင်းကျပ် အတင်းအဓမ္မ ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆီရာဇူလ္လာ၏ မဟုတ်မမှန် သတင်းပေးမှုကြောင့် ယခုကဲ့သို့ ငွေညှစ်ခြင်း ဖြစ်သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ ထို့အပြင် ဦးဆီရာဇူလ္လာက ဦးမိုဟာမတ်ဟာလဲခ် (ဘ) ဦးအာမီးန်အုလ္လာ (အသက် ၃၅ နှစ်) ၏ ငွေကျပ် ငါးသိန်းတန် ဆိုင်ကယ်ကို စီးရန် တောင်းခံရာ မပေးသဖြင့် မကျေမနပ်ဖြစ်ကာ ဆိုင်ကယ်ကို အတင်းယူ၍ အလယ်သံကျော် အခြေစိုက် အထူး သတင်းတပ်ဖွဲ့ (SB) သို့ အပ်နှံခဲ့ကြောင်း သိရှိရသည်။

Comment ရေးရန်

Rohingya Exodus