March 18, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ရိုဟင်ဂျာ ကျေးရွာ အုပ်ချုပ်ရေးမှူးလောင်း များကို အစိမ်းနုရောင်ကဒ် လျှောက်ရန် အကျပ်ကိုင်နေ



MYARF
RB News
19.2.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနပိုင် မြို့နယ် များရှိ ကျေးရွာများတွင် ရိုဟင်ဂျာ ကျေးရွာ အုပ်ချုပ်ရေးမှူးလောင်း များကို နိုင်ငံသားပြုကဒ်များ လျှောက်ထားရန် အကျပ်ကိုင်နေသည့် အပြင် ဘာသာရေး အရလည်း စော်ကားခြင်းများ ရှိနေကြောင်း သတင်း ရရှိပါသည်။

မောင်တော ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနပိုင် မြို့နယ်များ ဖြစ်သည့် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် မြို့နယ်များရှိ ကျေးရွာ အသီးသီးတွင် ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ခံများ ရွေးချယ်ရန် ယခုနှစ် ဇန်န၀ါရီလ အစောပိုင်းမှစ၍ ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး ဖြစ်သည်။ ယင်းရွေးကောက်ပွဲ များတွင် အနိုင်ရရှိခဲ့သည့် အုပ်ချုပ်ရေးမှူးလောင်း များအား အောက်ပါ အချက်အလက် များနှင့် ပြည့်စုံမှသာ ခန့်စာ ထုတ်ပေးမည် ဖြစ်သည်ဟု သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးမှ အကျပ်ကိုင်နေသည်ဟု ရိုဟင်ဂျာ အုပ်ချုပ်ရေးမှူးလောင်း တစ်ဦးက RB News သို့ပြောသည်။ 

အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တောင်းခံသည့် အချက်အလက်များမှာ -- 

(၁) အုပ်ချုပ်ရေးမှူးလောင်းသည် ရိုဟင်ဂျာ (အစိုးရ အခေါ် ဘင်္ဂလီ) လူမျိုး ဖြစ်ပါက နိုင်ငံသားပြု (အစိမ်းနုရောင်) ကဒ် အတွက် လျှောက်ထားရမည်။

(၂) မြို့နယ် အုပ်ချုပ်ရေးမှူး ရုံး၌ အစည်းအဝေး ကျင်းပချိန်တွင် ခန်းမထဲသို့ ၀င်သည့် အခါတိုင်း မြို့နယ် အုပ်ချုပ်ရေးမှူးကို ဦးညွတ်၍ အလေးပြုရမည်။

ရွေးကောက်ပွဲ ကာလတွင် ကျေးရွာ အုပ်ချုပ်ရေးမှူးလောင်း တစ်ဦးစီမှ ငွေကျပ် သိန်းပေါင်း ရာနှင့်ချီ လာဘ်ငွေ ယူခဲ့ပြီး၊ နိုင်ငံ၏ အဆင်းရဲဆုံးနှင့် အပိတ်ပင်ဆုံး ဒေသ တစ်ခုတွင် အာဂတိလိုက်စားမှု များတွင် မြို့နယ် အကြီးအကဲများ ကိုယ်တိုင် ပါဝင်လာပြီး ကျေးရွာ အုပ်ချုပ်ရေးမှူး များကို ငွေညှစ်ခွင့် ပေးခြင်းနှင့် သာမာန် ပြည်သူများအား ဒုက္ခရောက်စေရန် လမ်းစ ပေးနေသကဲ့သို့ ဖြစ်နေသည်ဟု ဒေသခံများက သုံးသပ်ကြသည်။ 

မောင်တော မြို့နယ်တွင် ကျေးရွာအုပ်စု ၁၀၅ စု ရှိသည်။ အများစုမှာ ရိုဟင်ဂျာရွာများ ဖြစ်သည်။ အချို့မှာ ရိုဟင်ဂျာနှင့် ဗုဒ္ဓဘာသာဝင်များ ပူးတွဲ နေထိုင်သော ရွာများ ဖြစ်သည်။ ထိုသို့ ပူးတွဲ နေထိုင်သည့် ရွာများတွင် ရိုဟင်ဂျာ လူမျိုးမှာ လူများစု ဖြစ်ပြီး၊ ဗုဒ္ဓဘာသာဝင် များမှာ လူနည်းစု ဖြစ်သည်။ အဆိုပါ ရွာများတွင် ဗုဒ္ဓဘာသာဝင်များ လူနည်းစု ဖြစ်သော်လည်း ကျေးရွာ အုပ်ချုပ်ရေးမှူးကို ဗုဒ္ဓဘာသာဝင်သာ ခန့်အပ်ပြီး ကျေးရွာ တာဝန်ခံ အဖြစ် ရိုဟင်ဂျာ တစ်ဦး ခန့်ထားလေ့ ရှိသည်။ ကျေးရွာ တာဝန်ခံများကို ခန့်အပ်ရန် မြို့နယ် အုပ်ချုပ်ရေးမှူးက ငွေသိန်းရာနှင့်ချီ လာဘ်ငွေ ရယူပြီးမှ ခန့်အပ်သည်ဟု ဒေသခံများက ပြောပါသည်။ 

မောင်တော မြို့နယ်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူးလောင်းနှင့် ကျေးရွာ တာဝန်ခံလောင်း ၅၂ ဦးက မြို့နယ် အုပ်ချုပ်ရေးမှူး၏ ဖိအားပေးမှုကြောင့် ဘင်္ဂလီ အမည်ဖြင့် အစိမ်းနုရောင်ကဒ် (နိုင်ငံသား စီစစ်ခံရမည့်သူများ သက်သေခံ ကဒ်ပြား) အတွက် လျှောက်ထား ခဲ့ရသည်ဟု သိရသည်။ 

ဘူးသီးတောင် မြို့နယ်တွင် ကျေးရွာအုပ်စု ၈၅ စု ရှိသည်။ ထိုထဲတွင် ကျေးရွာအုပ်စု ၂၀ မှာ သီးသန့် ရိုဟင်ဂျာရွာများ ဖြစ်ပြီး ကျန်သည့် ကျေးရွာအုပ်စု များတွင် ရိုဟင်ဂျာနှင့် ဗုဒ္ဓသာသာဝင် များနေထိုင်သည့် ရွာများ ဖြစ်သည်။ အဆိုပါ ရွာများတွင် ဗုဒ္ဓဘာသာဝင် များမှာ လူနည်းစု ဖြစ်သော်လည်း ကျေးရွာ အုပ်ချုပ်ရေးမှူး အဖြစ် လူများစု ထဲမှ ရိုဟင်ဂျာများကို ခန့်အပ်ခြင်း မရှိဘဲ လူနည်းစု ဗုဒ္ဓဘာသာဝင် များကိုသာ ခန့်အပ် တာဝန်ပေးသည်။ ရိုဟင်ဂျာ ကျေးရွာအုပ်စု ၂၀ မှ ကျေးရွာ အုပ်ချုပ်ရေးမှူးလောင်း ၁၆ ဦးသည် မြို့နယ် အုပ်ချုပ်ရေးမှူး၏ ဖိအားပေးမှုကြောင့် အစိမ်းနုရောင်ကဒ် အတွက် လျှောက်ထားခဲ့ရကြောင်း ဒေသခံများက ပြောပါသည်။ ကျန်သည့် (၄) ဦးက ဘင်္ဂလီ အမည်ဖြင့် အစိမ်းနုရောင်ကဒ် အတွက် လုံးဝ လျှောက်ထားခြင်း မရှိကြောင်း သိရသည်။ 

လျှောက်ထားခြင်း မရှိသူများကို မြို့နယ် အုပ်ချုပ်ရေးမှူးက အစိမ်းနုရောင်ကဒ် လက်မခံလျှင် ကျေးရွာ အုပ်ချုပ်ရေးမှူး ခန့်ထားမည် မဟုတ်ကြောင်း၊ ၎င်းတို့ထံမှ ယူခဲ့သည့် လာဘ်ငွေများကိုလည်း ပြန်ပေးမည် မဟုတ်ကြောင်း၊ ငွေများ ဆုံးရှုံးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရသည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus