နောက်ဆုံးသတင်း/ဆောင်းပါးများ

လောင်းဒုံမှ နယ်ခြားစောင့်ရဲ များက ဒေသခံ ရိုဟင်နှစ်ဦးထံမှ ငွေညှစ်

MYARF
RB News
12.8.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ လောင်းဒုံကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင် များသည် ဒေသခံ ရိုဟင်ဂျာနှစ်ဦးကို ဖမ်းဆီး ချုပ်နှောင်၍ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။


သြဂုတ်လ (၇) ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် အထက်ဖော်ပြပါ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ တပ်ဖွဲ့ဝင် အချို့သည် လောင်းဒုံ ကျေးရွာအုပ်စု ဖေါ်ကီတောင်ရွာမှ ရပ်မိရပ်ဖဟောင်း ဦးရွှေမောင် (မာရမာကြီး လူမျိုး) နှင့် ရာအိမ်မှူး ဦးနူရူဟောက် (အသက် ၅၀ နှစ်) တို့နှင့်အတူ ဖေါ်ကီတောင်ရွာတွင် ယာယီနေထိုင်သူ ကြိမ်ချောင်း ရွာသား ဦးဇာဟိတ်ဟူဆောင်း (ဘ) ဦးဆော်ယောဒ်ဟူဆောင်း (အသက် ၄၅ နှစ်) နှင့် ဖေါ်ကီတောင် ရွာမှ ဦးနုရ်အာလောမ် (ဘ) ဦးအလီအာမတ် (အသက် ၄၃ နှစ်) တို့နှစ်ဦးကို ဖမ်းဆီးပြီး စခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ 

ထို့နောက် ဖမ်းဆီးခံရသူ နှစ်ဦးကို ၂၀၁၄ ခုနှစ် သြဂုတ်လ (၂၇) ရက်နေ့တွင် လိုင်စင်မရရှိဘဲ သစ်များ အရောင်းအ၀ယ် ပြုလုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ နိုင်ငံခြား အခြေစိုက် တရားမ၀င် အဖွဲ့အစည်းများနှင့် ပတ်သက်မှု ရှိခြင်း ဟူ၍ စသော အခြေအမြစ် မရှိသည့် စွပ်စွဲချက်များ စွဲတင်ပြီး ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းတို့နှစ်ဦးကို တစ်စုံတစ်ရာ မေးမြန်းခြင်း မရှိဘဲ ၃ နာရီကြာကြာ ချုပ်နှောင် ထားပြီးနောက် ငွေကျပ် ၅ သောင်းစီ ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

မောင်တော မြို့နယ် မြောက်ပိုင်း ကြိမ်ချောင်းနှင့် နီးစပ်ရာ ဒေသဖြစ်သည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း အမှတ် (၅) ငါးခူရ နယ်မြေ လက်အောက်ခံ စခန်းဖြစ်သော လောင်းဒုံ ကင်းစခန်းမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် ၂၀၁၂ ခုနှစ် လူမျိုးရေး ဘာသာရေး ပဋိပက္ခ နောက်ပိုင်းမှ စ၍ ဒေသခံ ရိုဟင်ဂျာများကို နည်းမျိုးစုံဖြင့် ညှဉ်းပန်း နှိပ်စက် ငွေညှစ်ခြင်း၊ ပြင်ပလောကတွင် အမှန်တကယ် မရှိသည့် RSO နှင့် ဆက်သွယ် ပတ်သက်မှု ရှိသည်ဟု ခြိမ်းခြောက်၍ မတရားသဖြင့် ဖမ်းဆီး ချုပ်နှောင် ထောင်ချခြင်းများကို ယခင် န.၀.တ ခေတ်ကထက် ပို၍ပင် ကျူးလွန် လုပ်ဆောင်နေသည်ကို တွေ့နေရသည်ဟု ဒေသခံ လူကြီးတစ်ဦးက ပြောပါသည်။


Comment ရေးရန်

Rohingya Exodus