နောက်ဆုံးသတင်း/ဆောင်းပါးများ

ပယ်ဖျက်ပြီး ဥပဒေများဖြင့် ဖမ်းဆီးခံတို့အား ချွင်းချက်မရှိ လွှတ်ပေးရန် တောင်းဆိုခြင်း



နေ့စွဲ၊ ၂၀၁၆ ခု အောက်တိုဘာ ၇ ရက်


ပယ်ဖျက်ပြီး ဥပဒေများဖြင့် ဖမ်းဆီးခံတို့အား ချွင်းချက်မရှိ လွှတ်ပေးရန် တောင်းဆိုခြင်း


မြန်မာ အစိုးရ၏ “အရေးပေါ်စီမံချက် ဥပဒေ (၅/ ည) အပါအ၀င်- ဧည့်စာရင်းတိုင်ရသည့် ဥပဒေများ ပေါ်လစီများအား ဖျက်သိမ်းလိုက်ခြင်းအား ကျွန်ုပ်တို့ Civil Rights Movement အနေဖြင့် လှိုက်လှဲစွာ ကြိုဆိုပါသည်။

အဆိုပါ ဥပဒေ တို့ အား ဖျက်သိမ်းလိုက်သည်နှင့် တစ်ပြိုင်နက်- ရှေးယခင် ထို ဥပဒေ များ ပုဒ်မ ခွဲများ ဆက်စပ် ပုဒ်မများဖြင့် ဖမ်းဆီး၍ ထောင်ချထားခဲ့သော အကျဉ်းသားတို့အား- ဆက်လက်၍ အကျဉ်းထောင်များတွင် ထားရှိခြင်းမှာ အကြုံးမ၀င်တော့ပေ။

သို့ဖြစ်၍- အရေးပေါ်စီမံချက် ဥပဒေ သို့မဟုတ် ဆက်စပ် ဥပဒေများဖြင့် ဖမ်းဆီး၍ ထောင်ချထားခဲ့ခြင်း၊ ဧည့်စာရင်း ကိစ္စများဖြင့် ဖမ်းဆီး၍ ထောင်ချထားခဲ့ခြင်း- ရှိသော အကျဉ်းသား အားလုံးအား ချွင်းချက်မရှိ ချက်ချင်း လွှတ်ပေးရန် ကျွန်ုပ်တို့ Civil Rights Movement အဖွဲ့မှ တောင်းဆိုပါသည်။

အလားတူပင်- အဆိုပါ ဥပဒေများ ပုဒ်မများဖြင့် ငြိစွန်း၍- အဖမ်းမခံလိုသဖြင့် ထွက်ပြေးတိမ်းရှောင် ခဲ့ရသူတို့အား- ၀ရမ်းပြေးများ အဖြစ်မှ သော်လည်းကောင်း နာမည်ပျက်စာရင်းဝင် ရှိနေခြင်းမှ သော်လည်းကောင်း- အစိုးရအနေဖြင့် တရားဝင် ကြေငြာ၍ ပယ်ဖျက်ပေးရန်လည်း ကျွန်ုပ်တို့ Civil Rights Movement အဖွဲ့မှ တောင်းဆိုပါသည်။



မုဟမ္မဒ်တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement

Comment ရေးရန်

Rohingya Exodus