နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင်မြို့တွင် နယ်ခြားစောင့်ရဲများက ရိုဟင်ဂျာနေအိမ်များထဲသို့ ဓါးပြသဖွယ် ၀င်ရောက်၍ လုယက်

MYARF
RB News
5.3.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဘုရားပြင်သိန်းကျေးရွာအုပ်စုရှိ ရိုဟင်ဂျာနေအိမ် (၃) လုံးထဲသို့ နယ်ခြားစောင့်ရဲများ ၀င်ရောက်၍ ဓါးပြသဖွယ် လုယက်ခဲ့သည်။

မတ်လ (၄) ရက်နေ့ မွန်းလွဲ ၂ နာရီခန့်အချိန်တွင် စေတီတောင် အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ စခန်းမှူး အပါအ၀င် နယ်ခြားစောင့်ရဲ (၇) ဦးနှင့် စေတီတောင်ရွာမှ ရခိုင်ရွာသား တစ်ဦး တို့သည် ဘုရားပြင်သိန်းကျေးရွာအုပ်စု၊ ဖဲရူလ္လာ (ပြင်လှ) ကျေးရွာသို့ သွားရောက်၍ ဦးရှောမ်ရှူ (ဘ) ဦးအလီအာဘောရ်၊ ဒေါ်ခေါ်တီဇာ၊ ဦးအာဘူရှော်မာ တို့၏ နေအိမ်များထဲသို့ ၀င်ရောက်၍ တရားခံ တစ်ဦး ပုန်းနေသည်ဟု သတင်းရရှိသဖြင့် ရှာဖွေမည်ဟု အကြောင်းပြကာ ၀င်ရောက်ခဲ့သည်။ 

ထို့နောက် နေအိမ်အတွင်းရှိ အိမ်သားများနှင့် အမျိုးသမီးများကို ကိုယ်ထိလက်ရောက် စော်ကား၍ အိမ်ပြင် ထုတ်ထားက နေအိမ်များအတွင်း စိတ်ကြိုက် မွှေနှောက်၍ သေတ္တာများကို ဖျက်ဆီးကာ အဖိုးတန် ပစ္စည်း၊ ရွှေ၊ ငွေများ လုယက်ယူဆောင် သွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

နယ်ခြားစောင့်ရဲများသည် ဦးရှော်မ်ရှူ နေအိမ်မှ ငွေကျပ် ၁၆ သိန်း နှင့် ရွှေ ၅ မူးသားကျော်၊ ဒေါ်ခေါ်တီဇာ နေအိမ်မှ ငွေကျပ် ၃ သောင်းနှင့် ဦးအာဘူရှော်မာ၏ နေအိမ်မှ ငွေကျပ် ၅ သောင်းနှင့် တစ်မတ်သားခန့်ရှိ ရွှေနားကွင်း တစ်ရံ လုယက်ယူဆောင် သွားခဲ့သည်။ 




Comment ရေးရန်

Rohingya Exodus