နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် ဘုရားပြင်အောင်ပ အုပ်ချုပ်ရေးမှူးက ရဲမှူးအမည်သုံး၍ ဒေသခံတစ်ဦးထံမှ ငွေညှစ်

MYARF
RB News
26.7.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဘုရားပြင်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲမှူး၏ အမည်ကိုသုံး၍ ဒေသခံတစ်ဦးထံမှ ငွေညှစ်ခဲ့သည်။ 

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဘုရားပြင်အောင်ပကျေးရွာအုပ်စု အမှတ် (၉) ရပ်ကွက်မှ ဦးအီလီယာစ်၏ သမီးတစ်ဦးသည် သိမ်တောင်ပြင်ကျေးရွာမှ ၎င်း၏ ချစ်သူအမျိုးသားနှင့်အတူ ဇူလိုင်လ (၂၄) ရက်နေ့ ညပိုင်းတွင် ခိုးရာလိုက်ပြေးသွားခဲ့သည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကြီး သိရှိသွားပြီး ဇူလိုင်လ (၂၅) ရက်နေ့ မွန်းလွှဲပိုင်းတွင် ဦးမောင်ကြီးက ၎င်း၏တပည့်ဖြစ်သူ ဒိလ်မာမတ်မှတဆင့် ဦးအီလီယာစ်ကို ဆင့်ခေါ်၍ ဒိလ်မာမတ်၏ နေအိမ်တွင် သမီးခိုးရာလိုက်သွားသည်ကို အကြောင်းပြု၍ နည်းမျိုးစုံဖြင့် ခြိမ်းခြောက်၍ ငွေကျပ် (၃) သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

ဦးမောင်ကြီးက ငွေကျပ် (၃) သိန်း မပေးလျှင် နယ်မြေရုံးသို့ ပို့၍ ဒီထက်မက ရအောင်ယူမည်ဟု ခြိမ်းခြောက်ခဲ့သည့်အပြင် ယခုယူသည့် (၃) သိန်းမှ တစ်သိန်းခွဲကို ညောင်ချောင်း နယ်မြေ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲမှူးအား ခွဲဝေပေးရမည်ဟု ပြောကြားခဲ့သည်။ 

“ဘုရားပြင်အောင်ပ အုပ်ချုပ်ရေးမှူး ဦးမောင်ကြီးမှာ တပည့် ၁၁ ယောက်ရှိတယ်။ အဲဒီထဲမှာ ဦးမော်တော်လော်ဖ်ရဲ့သား ဒိလ်မာမတ်က ထိပ်ဆုံးက ပြေးနေတဲ့ တပည့်တစ်ယောက်၊ သူ့အိမ်ကိုသုံးတယ်။ အဲဒီမှာ ငွေညှစ်တယ်။ ဒိလ်မာမတ်ကလည်း ဝေစုရတော့ အုပ်ချုပ်ရေးမှူးကို မဟုတ်မမှန်သတင်းတွေ ပို့တယ်။ ပြီးတော့ အုပ်ချုပ်ရေးမှူးနဲ့ ပေါင်းပြီး မတရားသဖြင့် ရိုက်နှက်တယ်၊ ငွေညှစ်တယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။



Comment ရေးရန်

Rohingya Exodus