နောက်ဆုံးသတင်း/ဆောင်းပါးများ

M. Rafiq
RB News
ဒီဇင်ဘာ (၁၅) ၂၀၁၂

ဘူးသီးတောင်။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ နယ်၊ လ/ပြင်ရှည်ကျေးရွာတွင်ကျေးရွာအုပ်ချုပ်ရေးမှူး အိမ်အား ဓါးပြတိုက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါ သည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ (၁၄) ရက်နေ့ညသန်းခေါင်ယံ (၁) နာရီခန့်တွင် လ/ပြင်ရှည်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဒိလ်မာမတ်၏နေအိမ်သို့ ရခိုင်အကြမ်းဖက်သမား များရောက်ရှိလာပြီး၊ နေအိမ်၏တံခါးကိုသေနတ် ပစ်ဖောက်၍ဖွင့်ပြီး၊ ဓါးပြတိုက်ခဲ့ကြောင်းသိရသည်။ ဆုံးရှူံးသွားသည့်ပစ္စည်းများနှင့်ပတ်သက်၍ တန်ဖိုး အတိအကျကို ဦးဒိလ်မာမတ်ထံမှမသိရသေးပါ။ ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ဘူးသီးတောင်မြို့နယ်ရဲစခန်းသို့ အမှုဖွင့်တိုင်ကြားခဲ့ရာ ဒုရဲအုပ်မြတ်ထွေးနှင့်ရဲတပ်ဖွဲ့ဝင် ၁၅ ဦးတို့ အခင်းဖြစ်ပွားရာနေရာသို့ရောက်ရှိလာခဲ့ သည်။

ဒုရဲအုပ်မြတ်ထွေးနှင့်အဖွဲ့သည် အကြမ်းဖက်ဓါးပြတိုက်ခဲ့သည့်သူများကိုလိုက်လံရှာဖွေဖမ်းဆီးရမည့်အစား လ/ပြင်ရှည်ကျေးရွာတွင်နေထိုင်၍ အခင်းဖြစ်စဉ်တွင်ပါဝင်ပတ်သက်ခြင်းမရှိသော အပြစ်မဲ့ရိုဟင်ဂျာလူမျိုး ၁၄ ဦးကို ရိုက်နှက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ဖမ်းဆီးခေါ်ဆောင်သွားသူများကို ဘူးသီးတောင်မြို့နယ်ရဲစခန်းတွင်ချုပ်နှောင်ထားပြီးရိုက်နှက်၍ငွေညှစ်ခဲ့ သည်။ ငွေကြေးတတ်နိုင်သူ ၉ ဦးထံမှ ငွေကျပ်သိန်း ၂၀ ယူ၍ ယနေ့နံနက် (၁၀) နာရီတွင်ပြန်လည် လွှတ်ပေးခဲ့သည်။ ကျန်သည့် (၅) ဦးကို ဆက်လက်ဖမ်းဆီး၍ ရိုက်နှက်ညှင်းပန်းနှိပ်စက်နေကြောင်း သိရ သည်။

ငွေကြေးမတတ်နိုင်၍ဆက်လက်ဖမ်းဆီးခံနေရသူများမှာ -

(၁) ဦးအီစမိုင်လ် (ဘ) ဦးအမိရ်ဟူဆောင်
(၂) ဦးလီယာကောက်အလီ (ဘ) ဦးအမိရ်ဟူဆောင်
(၃) ဦးမာမတ်ဖယာစ် (ဘ) ဦးအယုအာမတ်
(၄) ဦးမာမတ်တာဟဲရ် (ဘ) ဦးအမိရ်ဟူဆောင်
(၅) ဦးဒိလ်မာမတ် (ဘ) ဦးကာဒဲရ်ဟူဆောင် - တို့ဖြစ်သည်။

ကျော်သိန်း
RB News
ဒီဇင်ဘာ (၁၃) ၂၀၁၂

မောင်းတော။ ။ ရခိုင်ပြည်နယ်၊ မောင်းတောမြို့ သရေကုန်းတန်းကျေးရွာရှိ ရိုဟင်ဂျာများ၏လယ်ယာမြေ ဧက (၅၀) ကို နယ်စပ်ဒေသကွပ်ကွဲရေး (နစက) မှဒီဇင်ဘာလ (၅) ရက်နေ့တွင်သိမ်းယူခဲ့ကြောင်းသတင်း ရရှိပါသည်။ 

မောင်းတောမြို့၊ သရေကုန်းတန်းကျေးရွာရှိ ရိုဟင်ဂျာများပိုင်ဆိုင်သောလယ်ယာမြေများကို နစကမှအတင်း အဓမ္မသိမ်းယူ လျက်ရှိရာ နောက်ဆုံးတွင် စိုက်ပျိုး၍မကောင်းသောလယ်ယာမြေဧက (၅၀) ကျန်ရှိနေခဲ့ သည်။ ထိုကျန်ရှိနေသည့် လယ်ယာမြေဧက (၅၀) ကိုနစကမှဒီဇင်ဘာလ (၅) ရက်နေ့တွင်သိမ်းယူ၍ ထိုနေရာ တွင်နစက၏ အလံများစိုက်ထူလိုက်ကြောင်း သတင်းရရှိပါသည်။ ထိုသို့သိမ်း ယူပြီးနောက်နေ့ တွင်ရခိုင် လူမျိုးများလယ်ထွန်ယက်နေသည်ကို ပိုင်ရှင်များဖြစ် သော ရိုဟင်ဂျာလူမျိုးများ မှတွေ့ ၍ မေးမြန်း ရာ “ဒီနေ့ ကစပြီးဒီလယ်ယာမြေတွေကခင်ဗျားတို့ လယ်တွေမဟုတ်တော့ဘူး၊ ကျုပ်တို့ လယ်မြေတွေဖြစ် သွားပြီ” ဟုပြန် ကြား ခဲ့ကြောင်းသိရသည်။

မောင်းတောမြို့တွင်ထိုကဲ့သို့လယ်ယာမြေများကိုနစကမှသိမ်းယူ၍ ရခိုင်လူမျိုးများသို့လွှဲပြောင်းပေးနေခြင်း များကို မောင်း တောမြို့တောင်ပိုင်းနှင့်မြောက်ပိုင်းတို့တွင်အစဉ်အမြဲပြုလုပ်လျက်ရှိပြီး၊မူရင်းပိုင်ရှင်များမှ နှုတ် ဆိတ်၍ကြည့်နေရသည်။ဥပဒေအရတရားစွဲဆိုရန်ကြိုးစားပါကမတရားသဖြင့်ဖမ်းဆီးနှိပ်စက်ခံရမည်ကိုကြောက် ရွှံ့နေရသည်ဟု ဒေသခံတစ်ဦးမှ RB News သို့ပြောသည်။

မောင်းတောမြို့၊ ကျေးရွာများတွင်နေထိုင်သောရိုဟင်ဂျာလူမျိုးအများစုမှာလယ်လုပ်ငန်းလုပ်ကိုင်ကြပြီး၊သရေ ကုန်းတန်းကျေးရွာတွင်နေထိုင်ကြသော ရိုဟင်ဂျာလူမျိုးများမှာ ယခုအခါလယ်မြေမဲ့၊၀င်ငွေမဲ့အခြေအနေနှင့် ရင်ဆိုင်နေရကြောင်းသတင်းရရှိပါသည်။
၂၀၀၉ ခုနှစ်တွင်အင်ဒိုနီးရှားနိုင်ငံ၌ကယ်တင်ခဲ့သောရိုဟင်ဂျာဒုက္ခသည်များ (ဓါတ်ပုံ - Guardian) 

မဇ္ဈိမသတင်းဌာန
ဒီဇင်ဘာ (၁၃) ၂၀၁၂



နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာ့ပင်လယ်ပြင်မှ ကယ်ဆယ်လာသည့် ရိုဟင်ဂျာ ၄ဝ ဦး တင်ဆောင်လာသည် ဟု ယူဆရသည့် သင်္ဘောတစင်းအား စင်္ကာပူနိုင်ငံမှ အကပ်မခံဘဲ မောင်းထုတ်လိုက်ကြောင်း သိရှိရသည်။

တင်ဆောင်လာသော ခရီးသည်များအကြောင်း သတင်းအချက်အလက် မပြည့်စုံ၍ ဗီယက်နမ် မှတ်ပုံတင် ကုန်တင် သင်္ဘောတစင်းအား ဝင်ရောက်ခွင့် ငြင်းပယ်လိုက်ခြင်းဖြစ်ကြောင်း ဆိပ်ကမ်းအရာရှိများက ကြာသပတေးနေ့ က ပြောဆိုလိုက်သည်ဟု Times of Oman သတင်းတရပ်တွင် ပါရှိသည်။

အိန္ဒိယ သမုဒ္ဒရာ အတွင်းရှိ Port Blair ဆိပ်ကမ်းမှ အိန္ဒိယ ပင်လယ်ရေကြောင်း ကယ်ဆယ်ရေး ဌာနက အဆိုပါ ကုန်တင်သင်္ဘော ကက်ပတိန်အား “ကယ်ဆယ်လာသူများကို လုံလုံခြုံခြုံ ကမ်းပေါ်တက်နိုင်ရေး အနီးဆုံး နေရာသို့ ဆက်သွားဖို့” အကြံပေးခဲ့ကြောင်း သိရသည်။

မည်သို့ပင်ဖြစ်စေကာမူ စင်္ကာပူနိုင်ငံသို့ ဆိုက်ကပ်ရာတွင် ဆိပ်ကမ်းဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများ အပေါ်လျှစ်လျူပြုခဲ့သည့်အတွက် ထိုသင်္ဘောသည် အနည်းဆုံး သုံးရက်ကြာ ပင်လယ်ပြင်တွင် ကျောက် ချနေရမည်ဖြစ်ကြောင်း စင်္ကာပူ ရေကြောင်းဌာနက ဆိုသည်။

Australia's Sydney Morning Herald သတင်းစာကြီးကလည်း အဆိုပါ လူ ၄ဝ သည် ရိုဟင်ဂျာများ ဖြစ်ပြီး ၎င်းတို့သည် မြန်မာနိုင်ငံမှရခိုင်လူမျိုးများနှင့် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီး ထွက်ပြေးလာ သူများဖြစ်ကာနေထိုင်ရန် နယ်မြေမဲ့များ ဖြစ်သည်ဟု ဆိုထားသည်။

ထို့ပြင် ဒီဇင်ဘာ ၅ ရက်နေ့က ကယ်ဆယ်လိုက်ရသည့် ထိုလူ ၄၀ သည် ကယ်ဆယ်ခြင်းမခံရမီ ပင်လယ်ရေထဲတွင် နာရီ ၃၀ ကြာနေထိုင်ခဲ့ရသည်ဟု ဆိုသည်။
ကျော်သိန်း
RB News
ဒီဇင်ဘာ (၁၁) ၂၀၁၂

မောင်းတော။ ။ လွန်ခဲ့သောစနေနေ့ (ဒီဇင်ဘာလ ၈ ရက်) တွင်ရခိုင်လူမျိုးနှစ်ဦးစီးနှင်လာသောဆိုင်ကယ်မှ လမ်းဖြတ် ကူး နေသောရိုဟင်ဂျာ သက်ကြီးအမျိုး သမီး အား တိုက်၍ ထွက်ပြေးသွားကြောင်း သတင်း ရရှိပါ သည်။

ဖြစ်စဉ်မှာစနေနေ့နေ့လည်၂နာရီခန့် တွင်မောင်းတော မြို့ မြို့မ ကညင် တန်းကျေးရွာ တွင်နေ ထိုင်သော ဒေါ်မို ဟာ မူဒါခါတွန် (ဘ) ဦးအဇီဇူရဟမန် (အသက်၆၀ နှစ်) သည် ဟေးတလ္လား ရွာရှိဆွေမျိုး များ အိမ်ကို လည်ပတ်ပြီးအပြန်လမ်းတွင် ACF ရုံးရှေ့မှ လမ်းဖြတ်ကူးရာ၌ တဖက်မှ လာသော ဆိုင် ကယ်ဖြင့် တိုက်မိခြင်း သည်။ ဒေါ်ခါတွန်မှာထိုနေရာတွင် ပင်လဲကျ သွားပြီး၊ ပြန်ထ၍မရ သည့်အခြေ အနေဖြစ် သွား သော်လည်း၊ဆိုင်ကယ်ဖြင့် တိုက်သော ရခိုင်လူမျိုးနှ စ်ဦးသည်လှည့်၍ ပင်မကြည့် ဘဲ မောင်း၍ ထွက်ပြေး သွားကြောင်းသိရသည်။ အနီးပတ်ဝန်း ကျင်ရှိလူများ လာရောက် ၍ ဒေါ်ခါ တွန် ကိုဆေးရုံသို့ပို့ခဲ့သည်။  ဒေါ်ခါတွန် မှာ မုဆိုးမတစ်ဦးဖြစ်ပြီးဆင်းရဲနွမ်း ပါးသောကြောင့် ဆေး ကုသခများ ကိုနီးစပ်ရာဆွေမျိုးများ ကတာ ၀န်ယူဖြေရှင်း ပေးနေရ သည်။ဆိုင်ကယ် တိုက်မိ မှုကြောင့်ခြေထောက် တစ် ဖက်ကျိုး သွားကြောင်း ဆေး ရုံ သို့ လိုက်လံ ပို့ဆောင်ခဲ့သူတစ်ဦးမှ RB News သို့ ပြောသည်။

အဆိုပါဆေးရုံသို့ပို့ဆောင်ခဲ့သူမှ ယာဉ်ထိန်းများကိုအကြောင်းကြား၍ အမှုဖွင့်တိုင်ကြားခဲ့သော်လည်း ယခု အချိန်ထိအရေးယူဆောင်ရွက်ပေးခြင်းမရှိဟုသိရသည်။

“ပြစ်မှုကျူးလွန်တဲ့သူကရခိုင်လူမျိုးဖြစ်နေတယ်။တရားလိုကရိုဟင်ဂျာဖြစ်နေတယ်လေ။အဲဒီတော့ဒီလိုမှုခင်း မျိုး ကို ရဲတွေကဂရုစိုက်စရာမလိုဘူး။ ကျွန်တော်တို့မောင်းတောမှာ ဥပဒေနှစ်မျိုးနဲ့အုပ်ချုပ်တာ။ တစ် မျိုးက ရခိုင်တွေအတွက်၊ နောက်တစ်မျိုးကကျွန်တော်တို့ရိုဟင်ဂျာတွေအတွက်။ရိုဟင်ဂျာတွေပြစ်မှုကျူးလွန်ရင်   ထောင်ဒဏ်တစ်လအပြစ်ပေးရမယ့်နေရာမှာ ထောင်ဒဏ်တစ်နှစ်ပေးတယ်။ ရခိုင်တွေ ကျူး လွန် ရင် မသိ ချင်ယောင်ဆောင်နေမယ်။ အခုလည်းဒီအမှုမကိုင်တွယ်ဘဲ ပစ်ထားတယ်။” ဟုဆိုင်ကယ် တိုက် သွား သည် ကိုမြင်သည့်မျက်မြင်သက်သေမှ RB News သို့ပြောသည်။
International Association of Genocide Scholars ၏ ဥက္ကဌဟောင်း ပါမောက္ခ William Schabas 

ကျော်စွာဝင်း
RB News
ဒီဇင်ဘာ (၁၀) ၂၀၁၂

မနေ့ကစပြီးပြသတဲ့အယ်လ်ဂျဇီးရားရဲ့မှတ်တမ်းရုပ်ရှင်ဖြစ်တဲ့ “ဖုံးကွယ်ထားတဲ့လူမျိုးတုန်းသတ်ဖြတ်မှု” ဆို တဲ့ခေါင်း စဉ်မှာ လူမျိုးတုန်းသတ်ဖြတ်မှု (Genocide) အသုံးအနှုန်းကိုကမ္ဘာ့ရှေ့နေတွေကထောက်ခံ ခဲ့ တယ်လို့ အဲဒီမှတ်တမ်းရုပ်ရှင် ရိုက်ကူးတဲ့ ဗြိတိန်နိုင်ငံက Mr. Phil Rees ကမနေ့က ဘီဘီစီမြန်မာပိုင်း နဲ့ အင်တာဗျူးမှာပြောဆိုလိုက်ပါတယ်။ 

Mr. Phil Rees ကအခုလိုပြောပါတယ်။ 

“Genocide ဆိုတဲ့အသုံးအနှုန်းကိုသုံးရတာကတော့လူမျိုးတစ်ခုပျက်စီးရာပျက်စီးကြောင်းသေချာစီစဉ်ပြီး တော့ဆောင်ရွက် တဲ့ကိစ္စဆိုလိုရှိရင်ဒီသဘောအဓိပ္ပာယ်သက်ရောက်တယ်ဆိုပြီးတော့ Genocide Convention သဘောတူ စာချုပ်တွေမှာပါ သလိုရှေ့နေရှေ့ရပ်တွေနဲ့ လည်းတိုင်ပင်ပြီးတော့မှဒီလိုသုံးရ တာဖြစ်ပါတယ်။ လူတွေကို အစုလိုက်အပြုံလိုက်သတ်တဲ့ကိစ္စမျိုး၊ ဥပမာ ဂျာမဏီမှာဒီဂျူးတွေကိုသတ်တဲ့ ကိစ္စမျိုးကျမှ Genocide လို့ပြော တာမဟုတ်ပါဘူး။ ရခိုင်ပြည်ရဲ့ပြဿနာကိုကြည့်မယ်ဆိုလို့ရှိရင် ရိုဟင် ဂျာတွေကို ရည်ရွယ် ချက် ရှိရှိနဲ့ လူဦးရေမတိုးအောင်လို့ လူသားအဖြစ်ရပ်တည်မှုမရအောင်လို့ ပြီးတော့ ခရီးသွားလာခွင့် ကန့်ကွက် တာတွေ၊ ပညာရေးအရဖိနှိပ်တာတွေ ဒါတွေဟာသူတို့ရဲ့ရှင်သန်ခွင့်ပိတ်ပင် တားမြစ်တာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ရှေ့နေတွေကလည်းဘဲ Genocide ဆိုတဲ့အဓိပ္ပာယ်နဲ့ ကိုက်ညီ တယ်။ ကျွန်တော် တို့ဒီအခု တင်ပြတဲ့ Documentary ထဲမှာလည်းဘဲ ကျွန်တော်မေးတဲ့ရှေ့နေကရှင်းပြထား ပါတယ်။” 

မြန်မာအစိုးရကကန့်ကွက်တာနဲ့ပတ်သက်ပြီးတော့ Mr. Phil Rees က - 

“ကျွန်တော့်အနေနဲ့ရခိုင်အစိုးရဘက်ကအာဏာပိုင်တွေနဲ့စကားပြောဖြစ်ပါတယ်။ အခုတကယ်ဖြစ်နေတာ ကတော့ ၁၉၈၂ ခုနှစ်နိုင်ငံသားဥပဒေအရ ရိုဟင်ဂျာတွေကိုနိုင်ငံသားအဖြစ် အသိအမှတ်မပြုတဲ့ကိစ္စကနေ စတယ်လို့ပြောနိုင်ပါတယ်။ ပြီးတော့ရခိုင်ပြည်လက်ရှိအာဏာရနေတဲ့ပါတီတွေကလည်းဘဲ ဒီအမျိုးသားရေး ပါတီတွေဖြစ်သလို သူတို့ကလည်းဘဲ ဒီကိစ္စတွေကြီးထွားလာအောင်တစ်ဖက်တစ်လမ်းက ဆောင်ရွက်နေ ပါတယ်။ အစိုးရကလည်းဘဲ ဒီရိုဟင်ဂျာတွေကိုသတ် ဖြတ်မှုတွေကိုကာကွယ်မပေးပါဘူး။အခုရိုဟင်ဂျာတွေ ထွက်ပြေးတဲ့အတွက်ပင်လယ်ထဲမှာသေဆုံးတာတွေ အများအပြား ရှိတယ်။ ဘယ်လောက်သေ တယ် ဆိုတာကိုလည်းအတိအကျမပြောနိုင်သလို အစိုးရရဲ့ကိန်းဂဏာန်းတွေကိုလည်း အတည် ယူလို့ မရပါဘူး။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတွင်ကိုဘဲဒီဒုက္ခသည်ပေါင်းလေးသောင်းလောက်ရောက်နေတဲ့အတွက်ဒီနေရာမှာ ပြဿနာမရှိဘူးဘဲနဲ့ သူတို့ဘယ်လိုမှထွက်ပြေးမှာမဟုတ်ပါဘူး။ကျွန်တော့်အနေနဲ့ဘင်္ဂလားဒေ့ရှ် ကိုထွက်ပြေးရောက်ရှိလာတဲ့ မျက်မြင် သက်သေ ၁၂ ယောက်ကိုမေးမြန်းပြီးတော့ ဒီအခုဇတ် လမ်းတွဲထဲမှာ သူတို့ရဲ့ဖြစ်စဉ်တွေ ကိုဖော်ပြ ထား တာဖြစ်ပါတယ်။ 

ကုလသမဂ္ဂနဲ့အခြားသော NGO များက Genocide လို့မသုံးနှုန်းတာနဲ့ပတ်သက်ပြီးတော့ Mr. Phil Rees က ဒီလိုပြောခဲ့ ပါတယ်။ 

“ကျွန်တော် UN ကတာဝန်ရှိတဲ့အကြီးအကဲတစ်ယောက်နဲ့ စကားပြောကြည့်ပါတယ်။ သူကဘယ်သူဆိုတာ အမည်ဖော်လိုတဲ့သဘောမရှိပါဘူး။ သူ့အနေနဲ့ဒီမျိုးနွယ်စုတွေကိုဖယ်ရှားစေ လိုတဲ့စစ်ရာဇ၀တ်မှု သဘော လို့ သူမြင် တယ်တဲ့။ နောက်တစ်ခါဒီအန်ဂျီအိုလို့ခေါ်တဲ့ ဒီရခိုင်ဒေသမှာသွားရောက် အလုပ်လုပ်နေ တဲ့တာဝန်ရှိပုဂ္ဂိုလ်တွေကိုမေးတဲ့အခါမှာလည်းဘဲ ကျွန်တော်ပြောသလို Genocide လို့တော့ သူတို့က မသုံးချင်ဘူး။ ဘာကြောင့်လဲဆိုတော့အခုဖြစ်နေတာက မြန်မာပြည်ဖြစ် နေတဲ့အပြောင်းအလဲ တွေကို ကမ္ဘာကစောင့်ကြည့်နေတယ်။ နောက်အဲဒီအပြောင်းအလဲတွေကို ထိခိုက်ပျက်ဆီးမှာကို လည်းမလို လားဘူး။ အထူးသဖြင့်အမေရိကန်ပြည်ထောင်စုကဆိုလိုရှိရင်အာရှပစိဖိတ်ဒေသထဲမှာ သူတို့ကွန်ယက် ကိုချဲ့ ထွင်နေတဲ့အခါမြန်မာဟာလည်းဘဲအရေးကြီးတဲ့မဟာမိတ်အဖြစ်ရှူမြင်ကြတယ်။ ဒါကြောင့်မို့ လို့ ပွင့်ပွင့် လင်းလင်း Genocide ဆိုပြီးတော့ ဝေဖန်စွပ်စွဲမှုတွေမလုပ်ဘူးလို့ကျွန်တော်ထင်ပါ တယ်။ 

အယ်လ်ဂျဇီးရားသတင်းဌာနက “ဖုံးကွယ်ထားတဲ့လူမျိုးတုန်းသတ်ဖြတ်မှု” ဆိုတဲ့သတင်းမှတ်တမ်းရုပ်ရှင် ကိုပြသမယ့်လို့ ကြေညာအပြီးမှာGenocideဆိုတဲ့အသုံးအနှုန်းနဲ့ပတ်သက်ပြီးဒီဇင်ဘာလ(၇)ရက်နေ့က မြန် မာနိုင်ငံမှာရောက်ရှိနေခဲ့တဲ့ကုလသမဂ္ဂလူသားချင်းစာနာထောက်ပံ့ရေးလက်ထောက်အထွေထွေရေး မှူးချုပ် Ms. Valerie Amos က သတင်းစာရှင်းလင်းပွဲမှာ - တကယ်လို့အဲဒီအသုံးအနှုန်းကိုသုံးခဲ့ရင် ဟုတ်/မ ဟုတ် စုံစမ်းသင့်တယ် လို့ သတင်းထောက်တွေကိုဖြေကြားသွားခဲ့ပါတယ်။
BROUK ဥက္ကဌ ဦးထွန်းခင်နှင့် ကုသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီး Ms Navanethem Pillay တို့ကို ၁၄ ကြိမ်မြောက် ဥရောပ-အန်ဂျီအိုလူ့အခွင့်အရေးဖိုရမ်တွင်တွေ့ရစဉ် (ဓါတ်ပုံ - BROUK)

RB News 
ဒီဇင်ဘာ (၉) ၂၀၁၂

ဘရာဆဲလ် ။ ။ ဒီဇင်ဘာလ ၆ ရက်နေ့မှ ၇ ရက်နေ့ထိ ဘယ်လ်ဂျီယံနိုင်ငံ ဘရာဆဲလ်မြို့တွင်ကျင်းပသော ၁၄ ကြိမ်မြောက် ဥရောပနိုင်ငံများနှင့်အစိုးရမဟုတ်သောအဖွဲ့အစည်းများ၏ဖိုရမ်သို့ ဗြိတိန်နိုင် ငံအခြေ စိုက် မြန်မာရိုဟင်ဂျာများအသင်း ဥက္ကဌ ဦးထွန်းခင် တက်ရောက် ခဲ့ကြောင်းသတင်း ရရှိပါသည်။ အဆိုပါဖို ရမ်တွင် ဦးထွန်းခင်မှ ဥရောပနိုင်ငံများ၏လူ့အခွင့် အရေးကိုယ်စားလှယ် Mr Stavros Lammbrinidis ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီးရုံး၏ မဟာမင်းကြီး Ms Navanethem Pillay တို့နှင့် ရိုဟင်ဂျာ အရေး ကိုဆွေးနွေးခဲ့ကြောင်းသိရသည်။ 

ဆွေးနွေးပွဲ၌ ဦးထွန်းခင်က မြန်မာနိုင်ငံအတွင်း လူမျိုးရေးခွဲခြားဆက်ဆံမှု၊ သူစိမ်းကြောက်ခြင်းများတစ်နေ့ ထက်တစ်နေ့တိုးပွားလာသည့်အကြောင်းနှင့်ဇွန်လနှင့်အောက်တိုဘာလများတွင်ရခိုင်အစွန်းရောက်များနှင့်အ စိုးရတပ်ဖွဲ့ဝင်များ၏အကြမ်းဖက်မှုကြောင့်ထောင်ပေါင်းများစွာအသက်ဆုံရှုံးခဲ့ရသည့် ရိုဟင်ဂျာ များအရေး ကိုဆွေးနွေးခဲ့သည်။ 

မြန်မာရိုဟင်ဂျာများအသင်းဥက္ကဌ ဦးထွန်းခင်သည် ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီးရုံး မဟာမင်း ကြီး Ms Navanethem Pillay၊ ဥရောပနိုင်ငံများမှလူ့အခွင့်အရေးအဖွဲ့များနှင့် အလုပ်ရုံဆွေးနွေးပွဲအပြီး၌ သီးခြားတွေ့ဆုံခဲ့ကြောင်း သိရသည်။ 

ထိုသို့သီးခြားတွေ့ဆုံရာတွင် ဦးထွန်းခင်မှ - 


  • အကြမ်းဖက်မှုများနှင့်ရိုဟင်ဂျာလူမျိုးများအပေါ်ကျူးလွန်နေသည့်ရာဇ၀တ်မှုများရပ်တန့်ရန်အတွက် သမ္မတဦးသိန်းစိန်ကိုဖိအားပေးရန်၊ ခိုကိုးရာမဲ့နေသောရခိုင်ပြည်နယ်ရှိ မွတ်စလင်များ၏ဘ၀ကို ကာကွယ် ပေးရန်၊ 
  • ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်များပို့၍ ရှေ့ဆက်ဖြစ်ပွားလာမည့်သတ်ဖြတ်ခြင်း၊ မုဒိန်းကျင့်ခြင်း၊ မွတ် စလင် များ၏နေအိမ် များဖျက်ဆီးခြင်းမှကာကွယ်နိုင်ရန်အတွက် ထောက်ခံအားပေးရန်၊ 
  • ကုလသမဂ္ဂမှစုံစမ်းရေးကော်မရှင်နှင့်နိုင်ငံတကာမှလွတ်လပ်စွာစောင့်ကြည့်လေ့လာသူများ အခင်းဖြစ် ပွားခဲ့သောနေရာ များသို့ပို့ပေးရန်
  • ရခိုင်ပြည်နယ်အတွင်းရှိရိုဟင်ဂျာဒုက္ခသည်များထံသို့လူသားချင်းစာနာသောအထောက်အပံ့များအဟန့် အတားမရှိပို့ခွင့်ရရှိရန်၊သီးခြားခွဲ၍ထားသည့်ပေါ်လစီကိုရပ်တန့်၍ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး ကိုဖန်တီးယူရန်၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကိုရုပ်သိမ်းရန်(သို့မဟုတ်) နိုင်ငံတ ကာစံချိန်စံ ညွှန်းနှုန်းဖြင့်ပြင်ဆင်ရန်၊ တို့ကိုသမ္မတ ဦးသိန်းစိန် အားဖိ အား ပေးရန် တို့ကိုအလေးထား၍ဆွေးနွေး ခဲ့ကြောင်းသတင်းရရှိပါသည်။
အောင်မင်းဦး 
RB News
ဒီဇင်ဘာ (၉) ၂၀၁၂

စစ်တွေ။ ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သောဇွန်လဆန်းအကြမ်းဖက်မှုကြီးတွင် စစ်တွေမြို့တွင်နေထိုင်သော အစ္စလာမ်ဘာသာဝင် ရိုဟင်ဂျာလူမျိုးများ၏နေအိမ်များကိုမီးရှို့ဖျက်ဆီးခဲ့ရာ အောင်မင်္ဂလာ၊ ကျောင်းကြီး လမ်း၊ ကုန်းတန်းနှင့်မောလိပ်ရပ်ကွက်များတွင်သာအိမ်အချို့ကျန်ခဲ့သည်။ ထိုရပ်ကွက်များရှိမွတ်စလင်များ မှာ စီးပွားရေးလုပ်ပိုင်ခွင့်၊ ဈေးဝယ်ခွင့်၊ လွတ်လပ်စွာသွားလာခွင့်များဆုံးရှူံးနေရသည်။

လွန်ခဲ့သည့်ကြာသပတေးနေ့ (ဒီဇင်ဘာလ ၆ ရက်) ည ၇ နာရီ မိနစ် ၅၀ တွင်ကျောင်းကြီးလမ်းရပ်ကွက် တွင်နေထိုင်သော လူငယ်နှစ်ဦးသည် ဘုမေရပ်ကွက် မှ အောင်မင်္ဂလာ ရပ်ကွက် သို့လာရာ၊ အောင်မင်္ဂလာ ရပ်ကွက် သို့အရောက်တွင် ရဲများက ဖမ်းဆီး သွားခဲ့သည်။ ထိုလူ ငယ်နှစ်ဦး ကိုထောင် ဒဏ်နှစ် လချမှတ်လိုက် သည်ဟု သတင်းများပျံ့နှံ့နေသော်လည်း ယခုအချိန် ထိသတင်းအတိ အကျမရသေးကြောင်း “ရဲတွေ ထဲက တပ်သား အဆင့်လောက်ရှိ တဲ့သူ တစ်ယောက်ပြော တာကတော့ ထောင်နှစ်လ ချလိုက် ပြီပေါ့။ ဒါပေ မယ့် ဖမ်း သွား တာက ၆ ရက်နေ့ည မှာ နောက်နေ့ တရားရုံးမှာ အမိန့် ချဖို့မဖြစ်နိုင်ဘူး။ အခု အချိန် ထိကလေးတွေ ရဲ့ မိ သားစုကိုယ် တိုင်က လည်းအဲဒီ ကလေးတွေ ဘယ်မှာရှိနေ လဲဆိုတာ မ သိကြဘူး”ဟုထိုလူငယ်နှစ်ဦးနှင့် ရင်းနှီးသောသူ တစ်ဦးမှ      RB   News သို့ပြောသည်။
အောင်မင်္ဂလာရပ်ကွက်တွင်မွတ်စလင်များကိုဒုက္ခပေးနေသောနယ်ထိန်းရဲနှစ်ဦးမှတစ်ဦး - တပ်သား ခွန်မျိုးနိုင်
(ဓါတ်ပုံ - RB News) 


စစ်တွေမြို့တွင်ညမထွက်ရအမိန့်မှာ ည ၁၀ နာရီမှ နံနက် ၄ နာရီအထိသာဖြစ်ပြီး၊ လူငယ်နှစ်ဦးကို ည၇နာရီ မိနစ် ၅၀ တွင်ဖမ်းဆီးသွားခြင်းဖြစ်သည်။ ထိုလူငယ်နှစ်ဦးမှာ -

(၁) ဟာမိတ်ဟူဆောင် (ဘ) ဦးအေလီယာစ် (အသက် ၁၅ နှစ်)
(၂) မိုဟာမတ်ရှဖိခ် (ဘ) ဦးကမာလ်ဟူဆောင် (အသက် ၁၅ နှစ်) တို့ဖြစ်သည်။

သွားရေးလာရေးခက်ခဲသောကြောင့်အောင်မင်္ဂလာရပ်ကွက်ရှိဈေးဆိုင်များသည်နယ်ထိန်းရဲများကိုသာအား ကိုးနေရပြီး၊အဆမတန် ပေးနေရသည့်အပြင် -“တခါတလေပစ္စည်းဝယ်ပေး မယ်ဆိုပြီးရဲကပိုက်ဆံ ယူသွား တယ်။ ပေါ်မလာတော့ဘူး။ပြီးတော့ပိုက်ဆံလည်းပြန်မရ၊ပစ္စည်းလည်းမရနဲ့ဆုံးပေါင်းမနည်းတော့ဘူး။ ပြဿ နာလုပ် ရင်ကိုယ်ဘဲခံရမှာ ဆိုတော့သည်းခံပြီးနေ ရတယ်”ဟုအောင်မင်္ဂလာရပ်ကွက် မှဒေသခံ တစ်ဦး က RB News သို့ပြောသည်။

“ဟင်းသီးဟင်းရွက်ဝယ်ဖို့တောင်ကျွန်တော်တို့သွားလာလို့မရဘူး။ရဲတွေကအမြဲခြိမ်းခြောက်တယ်။ကျွန်တော် တို့မှာ အလုပ် အကိုင်လည်းမရှိဘူး။ အဲဒီတော့စားနပ်ရိက္ခာအဖွဲ့ကထောက်ပံ့တာတွေနဲ့ ရပ်တည်နေရတယ်။ အဲဒီရိက္ခာတွေကို ရဲတွေကဖြတ်ယူတယ်။ အပြည့်အ၀၊ လုံလုံလောက်လောက် မရဘူး” ဟုအဆိုပါဒေသခံမှ ဆက်လက်ပြောသည်။

အောင်မင်္ဂလာရပ်ကွက်တွင်နေထိုင်သောမွတ်စလင်များကို ဇွန်လမှစ၍ဒုက္ခပေးနေသည့်နယ်ထိန်းရဲများမှာ ရဲအုပ်စိုးမြင့်နှင့် ရဲတပ်သားခွန်မျိုးနိုင်တို့ဖြစ်သည်။ “ဒမြတိုက်တာထက်ဆိုးတယ်။ ဒုက္ခပေးတာကတော့ တဖက်ကမ်းလွန်တယ်။ရဲအုပ်စိုးမြင့်ကတော့ဒီနေ့ဘဲရေချမ်းပြင်ကိုTransferထိသွားတယ်။ နောက် တစ်ယောက်သူ့နေရာကိုရောက်လာပြီ။ ဘယ်သူဘယ်ဝါဘယ် လိုဆိုတာတော့မ သိသေး ဘူး။ ခွန်မျိုးနိုင်က ရှမ်းလူမျိုး။သူလည်းကျွန်တော်တို့ကိုအရမ်းဒုက္ခပေးတယ်။သူတို့နှစ်ယောက်ကိုကျွန်တော်တို့အမြဲကြောက်နေ ရတယ်” ဟုဒေသခံမှပြောသည်။




RB News
ဒီဇင်ဘာ (၉) ၂၀၁၂

ကာတာနိုင်ငံအခြေစိုက်အယ်လ်ဂျဇီးရားသတင်းဌာနမှ နဂိုမူလအစီအစဉ်အတိုင်း ဖုံးကွယ်ထားသည့်လူမျိုး တုန်းသတ်ဖြတ်မှုခေါင်းစဉ်ဖြင့်မှတ်တမ်းရုပ်ရှင်ကို ယနေ့စတင်ပြသလိုက်ပြီဖြစ်သည်။ အဆိုပါမှတ်တမ်းကို ဒီဇင်ဘာ (၁၃) ရက်နေ့ထိဆက်လက်ပြသသွားမည်ဖြစ်သည်။

ဆက်လက်ပြသမည့်အချိန်များမှာ

  • ဒီဇင်ဘာလ (၁၀) ရက် (တနင်္လာနေ့) ၂၀း၀၀ ဂရင်းနစ်စံတော်ချိန် (နံနက် ၂း၃၀ မြန်မာစံတော်ချိန်)
  • ဒီဇင်ဘာလ (၁၁) ရက် (အင်္ဂါနေ့) ၁၂း၀၀ ဂရင်းနစ်စံတော်ချိန် (ညနေ ၆း၃၀ မြန်မာစံတော်ချိန်)
  • ဒီဇင်ဘာလ (၁၂) ရက် (ဗုဒ္ဓဟူးနေ့) ၀၁း၀၀ ဂရင်းနစ်စံတော်ချိန် (နံနက် ၇း၃၀ မြန်မာစံတော်ချိန်)
  • ဒီဇင်ဘာလ (၁၃) ရက် (ကြာသပတေးနေ့) ၀၆း၀၀ ဂရင်းနစ်စံတော်ချိန် (နေ့လည် ၁၂း၃၀ မြန်မာစံတော်ချိန်)
အွန်လိုင်းပေါ်တွင် ဤနေရာ http://www.aljazeera.com/watch_now/ မှလည်းကြည့်ရှူနိုင်သည်။

တီဗီဖန်သားပြင်မှလာမည့်အချိန်ကိုမစောင့်နိုင်သူများအတွက် ဤနေရာတွင်ကြည့်ပါ။




အောင်မင်းဦး
RB News 
ဒီဇင်ဘာ (၈) ၂၀၁၂

စစ်တွေ။ ။ရခိုင်ပြည်နယ်စစ်တွေမြို့တွင် ဇွန်လဆန်း တွင်ဖြစ်ပွားခဲ့သော အကြမ်း ဖက်မှုကြီးကြောင့်  စစ်တွေ တက္က သိုလ် ကျောင်း သားကျောင်း သူ များပ ညာ သင်ကြား ခွင့် ကိုရပ် ဆိုင်း ထားခဲ့ သည်။ အိုးမဲ့ အိမ် မဲ့ဖြစ် သွားသောကျောင်း သားကျောင်းသူ အများ စု မှာ သဲချောင်းနှင့် သက္ကယ်ပြင် ဒုက္ခသည်စခန်း တွင်နေထိုင်နေ ကြ သည်။ ရခိုင် လူ မျိုးကျောင်း သား များ မှာ တက္ကသိုလ်တွင် ဆက်လက်ပညာ သင်ကြား ခွင့်ရပြီး၊ ကျောင်း သား များကျောင်း တက်ကျောင်း ဆင်းအချိန်တွင်ကျောင်း အနီးပတ်ဝန်း ကျင်မှလူမျိုးခြား၊ဘာသာခြားများဖြတ် သန်းခွင့်ကိုပင် ပိတ်ပင် ထား သည်။ ယခုအခါအတန်း တင်စာမေး ပွဲအချိန်ရောက်ပြီဖြစ်၍ အစ္စလာမ် ဘာသာ ၀င်ကျောင်း သားကျောင်းသူများကို အမက(၈၀) တပ် နယ်မြေ တွင်ဖြေဆိုရမည့်ဟုကြိုတင်အကြောင်းမကြားဘဲတစ်ရက်ကြို ၍ အသိပေးခဲ့ရာဒုက္ခ သည်စခန်းများ တွင်နေ ထိုင်နေသောကျောင်းသား/သူအချို့မှာအသိနောက် ကျ၍ စာမေး ပွဲဖြေဆိုခွင့်မရခဲ့ပေ။

အမက(၈၀)တပ်နယ်မြေသည်သဲချောင်းနှင့်သက္ကယ်ပြင်ဒုက္ခသည်စခန်းနှင့်မနီးမဝေးတွင်တည်ရှိသည်။ အောင် မင်္ဂလာ နှင့်အခြားသောရပ်ကွက်များမှကျောင်းသား/သူများစာမေးပွဲဖြေဆိုရန်သွားရေးလာရေးအတွက်လက် ရှိစာမေးပွဲဖြေဆိုနေ သောကျောင်းသူမလှလှမေမှ“ကျွန်မတို့ကိုစုရပ်မှာလာခေါ်တယ်။နယ်ထိန်းတွေကိုလုံခြုံရေး အနေနဲ့ပေးထားတယ်။ ဒါပေမယ့်လက်နက်မပါတဲ့နယ်ထိန်းတွေဖြစ်တဲ့ အတွက် တစ် စုံ တစ်ခုဖြစ် လာ ရင်တော့ လုံခြုံရေးအားနည်းတယ်လို့ပြောရမှာပါ။အခုထိချော့ချော့မွှေ့မွှေ့ပါဘဲ။အပြန်လည်း သူတို့လိုက်ပို့ တယ်။ သဲချောင်းနှင့်သက္ကယ်ပြင်ကကျောင်းသားတွေကတော့နီးလို့ တော်သေး တယ်” ဟု RB News သို့ပြောသည်။

ယနေ့စာမေးပွဲဖြေဆိုအပြီး၌ကျောင်းသား/သူများကားပေါ်တွင်ထိုင်နေသည့်အချိန်လူစိမ်းသုံးဦးရောက်လာ ပြီးဓါတ်ပုံရိုက်၍ မှတ်တမ်းတင်သွားကြောင်းကို မလှလှမေမှ “ကျွန်မတို့စာမေးပွဲဖြေပြီးအိမ်ပြန်ဖို့ ကားပေါ် ထိုင်နေတဲ့အချိန်လူစိမ်းသုံးယောက် ဆိုင်ကယ်နဲ့ရောက်လာတယ်။တစ်ယောက်ကဆိုင်ကယ်ပေါ်ကဆင်းပြီး ကားပေါ်မှာထိုင်နေတဲ့ကျွန်မတို့အားလုံးဓါတ်ပုံရိုက်တယ်။ တပ်နယ်မြေထဲမှာဓါတ်ပုံရိုက်လို့မရဘူး၊ မီဒီယာ ၀င်ခွင့်မရှိဘူးဆိုပြီး တပ်ထဲဗိုလ်ကြီးကလာတားတယ်။ ဒါပေမယ့် အဲဒီလူကနားမထောင်ဘူး။ အ တင်း ဇွတ် ရိုက်တယ်။ ပြီးတော့ဗိုလ်ကြီးကိုအချင်းချင်းတွေဘဲဗျာဆိုပြီးပြောသွားတယ်။”

ယခုဖြေဆိုရသည့်ကျောင်း၏အခြေအနေနှင့်ပတ်သက်၍ “ရခိုင်လူမျိုးကျောင်းသားနည်းနည်းပါးပါးတော့ပါ တယ်။ ဘာမှ တော့ပြဿနာမရှိဘူး။ ဆရာ/ဆရာမတွေလည်းအရင်လိုတော့ ရင်းရင်းနှီးနှီးပုံစံမျိုးမရှိတော့ ဘူး။”ဟုမလှလှမေမှဆက်လက်ပြောသည်။ကျောင်းမတက်ခဲ့ရဘဲစာမေးပွဲဖြေဆိုရသည်မှာလွန်စွာခက် ခဲကြောင်းကို “ကျွန်မတို့ပထမနှစ်ဝက်စာကို သင် ခဲ့ရ တာ။ ဒုတိယ နှစ်ဝက်စာကလုံးဝမသင်ခဲ့ရဘူး။ ကြို တင် လည်းအကြောင်းမကြားတော့ အရမ်း ကို ဒုက္ခ ရောက်တယ်။ နောက်နှစ်ရက်ကျန် သေးတယ်။” ဟု RB News သို့ပြောသည်။

ကြိုတင်အကြောင်းမကြားဘဲရုတ်တရက်အသိပေးသည့်အတွက်မသိ၍မဖြေဆိုရသည့်ကျောင်းသားများ၏ နစ်နာမှုနှင့်ပတ်သက်၍ အစိုးရမှတစ်စုံတစ်ရာဖြေရှင်းပေးခြင်းမရှိဘဲ ထိုကျောင်းသားများမှာစာမေးပွဲတစ်နှစ် ကျရှူံးမည်သာဖြစ်သည်။

မှတ်ချက်။ ။ အမည်ရင်းကို ကျောင်းသူ၏လုံခြုံရေးအတွက်ကြောင့်ပြောင်းလဲထားသည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ ရိုဟင်ဂျာလူမျိုးများကိုတွေ့ရစဉ် (ဓါတ်ပုံ - AP)

ဗွီအိုအေ မြန်မာပိုင်း
ဒီဇင်ဘာ (၇) ၂၀၁၂

ရခိုင်ပြည်နယ်ထဲက ပဋိပက္ခတွေအတွင်း လူပေါင်း ၁၇၀ ကျော် သေဆုံးခဲ့ပြီး လူပေါင်းတစ်သိန်းကျော်ဟာ ပြောင်းရွှေ့ နေထိုင်ကြရပါတယ်။ ဒီ ပဋိပက္ခတွေကြောင့် ရခိုင် ဗုဒ္ဓ ဘာသာတွေနဲ့  ရိုဟင်ဂျာ မူဆလင်တွေကြားက ဆက်ဆံရေးဟာ မိတ်ဆွေအဖြစ်ကနေ ရန်သူအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Daniel Schearf ရခိုင်ပြည်နယ်က သတင်းပေးပို့ထားတာကို ကိုအောင်အောင်က တင်ပြပါမယ်။

လူမျိုးစု ၂ စုအကြား ပဋိပက္ခတွေ မဖြစ်ခင်အထိ   ရခိုင်ပြည်နယ်ထဲက ဒီမြို့သူကြီးရွာလေးမှာ ရခိုင်ဗုဒ္ဓဘာသာတွေနဲ့  ရိုဟင်ဂျာ မူဆလင် မိသားစု ၇၀ လောက်ဟာ အတူနေထိုင်ခဲ့ကြတာပါ။  ရွာသူကြီး ဦးကျော်အောင်ဟာဆိုရင်လည်း ဒီရွာလေးမှာ ရိုဟင်ဂျာတွေနဲ့  အတူနေထိုင်ပြီး အလုပ်လုပ်ကိုင်သူပါ။ ဒါပေမယ့် ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်ကနေ တရားမဝင် ဝင်ရောက်နေထိုင်သူတွေ ဆိုတဲ့ ပြောဆိုမှုအပေါ်အခြေခံပြီး အခုအခါမှာ သူဟာ ဘင်္ဂါလီဆိုပြီး သုံးစွဲပါတယ်။

“ကျနော်တို့ ဖက်စပ်ပြီးတော့ စက်လှေထောင်တယ်။ ငါးအရောင်းအဝယ်လုပ်တယ်။ တံငါလှေထွက်တယ်။ ငါးရောင်းတယ်။ လက်ဖက်ရည်ဆိုင်မှာလည်း လက်ဖက်ရည်ရောင်းတယ်။ ညဆို မနက်ရော၊ ညရော နေကြတယ်။ ၁၁နာရီ၊ ၁၂နာရီမှ သူတို့ အိမ်ပြန်အိပ်ကြတယ်။ လှေရောက်ရင်လည်း သူတို့ လက်ဘက်ရည်ဆိုင်ဝင်ပြီးမှ သောက်ကြတယ်။ ဆွေမျိုးတွေလို နေလာကြတာ။

ရိုဟင်ဂျာတဦးဖြစ်တဲ့ မောင်ဖြူနဲ့  ရခိုင်အမျိုးသားတဦးဖြစ်တဲ့ ဦးကျော်အောင်ဟာ အနှစ် ၅၀ ကျော် အရင်းနှီးဆုံး မိတ်ဆွေတွေဖြစ်ခဲ့ကြတာပါ။

“သူတို့မိသားစုနဲ့ ကျနော်တို့ မိသားစုနဲ့ အရမ်း ရင်းနှီးတဲ့ မိသားစုပဲ။ ညီရင်းအစ်ကိုလို ကောင်းကောင်း ရင်းနှီးပါတယ်။ သူ့အိမ်မှာ သွားထမင်းစားလိုက်၊ သူ ကျနော်တို့ဆီမှာလာတယ်။ သူ ကျနော်တို့ဆီ ဝင်စားလိုက်ပါပဲ။”

ဒါပေမယ့် ပြီးခဲ့တဲ့ ဇွန်လထဲကစလို့  မူဆလင်တွေက ရခိုင်အမျိုးသမီးတယောက်ကို အဓမ္မပြုကျင့်ပြီး သတ်ပစ်ခဲ့တာကနေ လက်စားခြေတိုက်ခိုက်မှုတွေဖြစ်ပြီး ရခိုင်ပြည်နယ် တလျောက်လုံး တဘက်နဲ့ တဘက် တင်းမာမှုတွေဖြစ်ခဲ့တာပါ။

“ဟိုမှာဖြစ်နေတော့ သူ့ကို ကျနော်တို့မျက်စိအောက် အခုတ်မခံချင်ဘူး။ သူတို့သားသမီး၊ သူတို့သားမယား ခုတ်ရင် ကျနော်တို့ မျက်စိရှေ့ မြင်နေရမယ်။ ဘာလုပ်မလဲ။ မနေနဲ့တော့ မင်းတို့ ဒီမှာသေကုန်မယ်။ မနေနဲ့တော့လို့ပြောလိုက်တယ်။ ဒါစေတနာသပ်သပ်နဲ့ပြောတာ။

အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားနေတဲ့ လမ်းတွေကိုရှောင်ပြီး ဦးကျော်အောင်ဟာ မောင်ဖြူတို့ မိသားစုကို ကမ်းစပ်ကလှေရှိရာကို လိုက်ပို့ ပေးခဲ့ပါတယ်။ အဲဒီနေရာကနေ ရွာမီးလောင်နေတာကိုလည်း သူတို့ မြင်တွေ့ ခဲ့တာပါ။

ခုတော့ မောင်ဖြူတို့ မိသားစုဟာ စစ်တွေမြို့ နားက ကယ်ဆယ်ရေးစခန်းတခုမှာ တခြားရိုဟင်ဂျာတွေနဲ့ အတူ နေထိုင်နေကြပါတယ်။

ဦးကျော်အောင်က သတိပေးတဲ့အတွက် အခုလို ရှောင်တိမ်းလွတ်မြောက်လာရပေမယ့် အရင်လိုပြန်နေနိုင်ဖို့ တော့ မဖြစ်နိုင်တော့ဘူးလို့  မောင်ဖြူရဲ့ သား ကျော်မျိုးက ပြောပါတယ်။

“ဘယ်တခါမှ ရခိုင်သားတွေနဲ့ ရန်ဖြစ်ခဲ့တာ မရှိပါဘူး။ ရင်းရင်းနှီးနှီးနေပါတယ်။ တတ်နိုင်သလောက် အနစ်နာခံပြီး ကျနော်တို့က ပေါင်းသင်းခဲ့ပါတယ်။ အခုတော့ ကျနော်တို့ သူတို့နဲ့ ပေါင်းဖက်နိုင်တော့မယ်မထင်ပါဘူးဗျာ။”

ဒီအကြမ်းဖက်မှုတွေ ဖြစ်ရတဲ့ အဒိကအကြောင်းရင်းကတော့ တူညီတဲ့ အခွင့်အရေး မရှိတာတွေရယ် ရိုဟင်ဂျာဆိုတာကို လူမျိုးစုတခုအဖြစ် အသိအမှတ်မပြုတာကနေ စတင်တာဖြစ်တယ်လို့ ကျော်မျိုးက ပြောပါတယ်။ ဒါကို သူ့ ဖခင် မောင်ဖြူကလည်း ထောက်ခံပါတယ်။

“နိုင်ငံသားပဲ ကျနော်တို့ လိုချင်တယ်။ ကျနော်တို့ အဖိုးလည်း ဒီမှာမွေးတယ်။ ကျနော်တို့အဖွားလည်း ဒီမှာမွေးတယ်။ ကျနော်တို့လည်း ဒီမှာမွေးတယ်။ ၆၂နှစ်ရှိပြီ။ ကျနော်တို့ နိုင်ငံသားပဲ လိုချင်တယ်။

လူမျိုးစု ၂စုကြားက ပဋိပက္ခတွေကြောင့် ခင်မင်ရင်းနှီးကြတဲ့ မိသားစု ၂ စုဟာ ကွဲကွာနေပေမယ့် တယ်လီဖုန်းကနေ ပုံမှန်အဆက်အသွယ်တော့ ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း နှစ်ပေါင်းများစွာ ခင်မင်ရင်းနှီးခဲ့ကြတဲ့သူ နှစ်ဦးကြားမှာ သဘောထား မတိုက်ဆိုင်မှုတွေတော့ရှိပါတယ်။ အဲဒါကတော့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ကျူးလွန်ခဲ့သူတွေဟာ တခြားရွာက ဘင်္ဂလီတွေပါလို့  ဦးကျော်အောင်က ပြောပြီးဒါဟာရခိုင်ဗုဒ္ဓဘာသာတွေရဲ့ လက်ချက်ဖြစ်တယ်လို့  မောင်ဖြူက
ပြောတာ ဖြစ်ပါတယ်။  
M.S. Anwar 
RB News
ဒီဇင်ဘာ (၇) ၂၀၁၂

မောင်းတော ။ ။ ဒီဇင်ဘာလ (၅) ရက်နေ့တွင် မောင်းတောမြို့ဘဂူးနားရွာရှိဈေးမှဆိုင်ခန်း ၄၀ ခန့်ကို နယ် စပ်ဒေ သကွပ်ကဲ ရေး (နစက) တပ်ဖွဲ့ဝင်များကမီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့မီးရှို့ဖျက်ဆီးရာတွင် ဆိုင် ခန်း အ များ စုမှာ မီးလောင်ဖျက်ဆီး၍ ပြာအဖြစ်သို့ရောက်ရှိခဲ့ပြီး၊ အချို့မှာတစ်ဝက်ခန့်မီးလောင်ခဲ့သည်။ ဒီဇင် ဘာလ (၆) ရက်နေ့တွင် နစကတပ်ဖွဲ့ဝင်များ တစ်ဖန်ရောက်ရှိလာပြီး ရွာအတွင်းရှိ ရိုဟင်ဂျာ အမျိုးသမီး ၃၀ ခန့်ကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ထိုသို့အမျိုးသမီးများ ကိုဖမ်းဆီးခေါ်ဆောင် သွား ရခြင်း မှာ အ မျိုး သား များတိမ်းရှောင်နေခဲ့သောကြောင့်ဖြစ်သည်။ အဆိုပါအမျိုး သမီးများကို ညနေပိုင်း တွင်ပြန် လည် လွှတ်ပေးခဲ့သည်။သို့သော်လည်းမီးလောင်မှုနှင့်ပတ်သက်၍အစိုးရအထက်ပိုင်းမှစုံစမ်းစစ်ဆေး ရေးရောက် ရှိ လာလျှင်ထိုဈေးဆိုင်များကို ရိုဟင်ဂျာအမျိုးသားများက မီးရှို့ဖျက် ဆီးခဲ့ကြောင်း လိမ် လည်ပြော ဆို ရန်ခြိမ်း ခြောက်၍ပြန်လည်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်းသိရသည်။

“မနေ့ကမနက်က နစကနယ်မြေ (၇) စခန်းအမှတ် (၁၅) ကတပ်ဖွဲ့ဝင်ရောက်လာပြီးတော့ ရွာထဲမှာရှိ တဲ့ ရိုဟင် ဂျာအမျိုးသမီး ၃၀ကိုဖမ်း သွားပြီးတော့ ကျောင်း ထဲမှာတနေကုန်ချုပ်ထား တယ်။ညနေပိုင်း မှာပြန် လွှတ်ပေး လိုက်တယ်။ ဒါပေမယ့် သူတို့ကိုခြိမ်းခြောက်ပြီးပြန်လွှတ်လိုက်တာပါ။ ဘယ်လိုခြိမ်းခြောက် လိုက် လဲဆိုတော့ တကယ်လို့ အထက်ကနေရွာ မှာနစက ဈေးဆိုင်ခန်းတွေမီးရှို့ တဲ့ကိစ္စနဲ့ပတ်သက်ပြီးလာ စုံစမ်းရင်ရွာထဲကရိုဟင် ဂျာအမျိုးသားတွေ ကမီးရှို့တယ်လို့ပြောရမယ် ဆိုပြီးပြောလိုက်တာပါ။ တကယ် လို့အဲဒီလိုမပြောရင် နောက်ပိုင်း ဖမ်းပြီးညှင်းပန်းနှိပ်စက်မယ်လို့ပြောလိုက်ပါတယ်။ 

ဒါတွေအပြင်ရွာထဲက ဟာဇရာ (အသက် ၄၉ နှစ် - ဂျမာလ်ရဲ့ဇနီး) အိမ်ကနေ ၂၂ သိန်းဖိုးတန်ဖိုး ရှိတဲ့ ပစ္စည်းတွေ ကိုလည်းလုယက်ယူ သွားသေးတယ်။ဒီနေ့တော့ နစကဌာနချုပ်ကအကြီးဆုံးရောက် လာပြီးတော့ ရွာ သားတွေနဲ့ အစည်းအဝေးလုပ်ဖို့ ခေါ်တယ်။ရွာသားတွေကကြောက်လို့မသွားရဲကြဘူး။ အဲဒီတော့ နစက မှူး က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ ဆရာဦးဂျဟာန်ဂီးရ်က တဆင့် ဘာ မှကြောက် စရာမ လို တဲ့ အကြောင်းနဲ့ အစည်းအဝေးကိုတနင်္ဂနွေနေ့မှာပြန်ပြီး လုပ်မယ်လို့ ပြောသွား တယ်။ အခုအချိန် ထိရွာ သားတွေကအဲဒီအစည်းအဝေးကို သွားမယ်မသွားဘူးဆိုတာမဆုံးဖြတ်ရသေးဘူး” ဟုရွာမှ လူကြီးတစ်ဦးက RB News သို့ပြောသည်။

Qutub Shah
RB News
ဒီဇင်ဘာ (၇) ၂၀၁၂

မောင်းတော ။ ။ ဒီဇင်ဘာလ (၃) ရက်တွင် မောင်းတောမြို့၊ နွားရုံတောင်ကျေးရွာအုပ်စု၊ ရန်မြတောင် ရွာတွင်နေထိုင်သော နူရ်ဇဖရ်နှင့်ဇိုင်နာဗ်ဘီဘီတို့၏ အသက် ၁၀ နှစ်အရွယ်ရှိသမီးဖြစ်သူ စလီမာသည် မိသားစုပိုင်နွားများ ကိုစားကျက်တွင် အစာကျွေးရန်သွားခဲ့သည်။ ထိုစားကျက်သည် ဇင်ပိုင်ညာကျေးရွာ အုပ်စု၊ သဲချောင်းရွာရှိ နယ်စပ်ဒေသကွပ်ကဲရေးရုံး (နစက) နှင့်အနီးတွင်တည်ရှိသည်။ ညနေပိုင်းတွင် စလီမာပြန်ရောက်မလာသဖြင့်မိဘများနှင့်ရွာသားများမှအပူတပြင်းရှာ ဖွေခဲ့ကြသည်။ မျက်မြင်သက်သေ တစ်ဦးက စလီမာကိုနစကများက သဲချောင်းရွာရှိစခန်းသို့ ညနေ ၅ နာရီခွဲတွင်ခေါ် သွား ကြောင်း မိဘ များနှင့်ရွာသားများကိုပြောသော်လည်း မိဘများကနစကစခန်း သို့သွားရောက်၍ မေးမြန်းရန်ကြောက်ရွှံ့ခဲ့ သည်။ ထိုသို့ကြောက်ရွှံ့ရခြင်းမှာလည်း အကြောင်းကိစ္စတစ်စုံ တစ်ရာဖြင့် သွားသောရွာသားများကို နစကမှမတရားသဖြင့် ညှင်းပန်းနှိပ်စက်လေ့ရှိသောကြောင့်ဖြစ်သည်။ နောက်တနေ့မနက်ပိုင်းတွင် ရွာအနီး ရှိလယ်ကွင်းတွင် စလီမာ၏သေဆုံးနေ သောရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ သည်။ ဆေးစစ် ချက် များ အရ စလီမာသည်မသေဆုံးမှီ လူမဆန်စွာမုဒိန်းကျင့်ခံရကြောင်း သတင်းရရှိပါသည်။

မင်းပြား ။ ။ မင်းပြားမြို့ ဖော်တီးရွာ (လေးဒေါင့်နေရာ) တွင်ရိုဟင်ဂျာမွတ်စလင်မိသားစု ၅၀ ခန့်ရှေးနှစ် ပေါင်းများစွာက တည်းကအေးချမ်းစွာ ငါးဖမ်းလုပ်ငန်းကိုအသက်မွေး ၀မ်းကျောင်းပြု၍ေ နထိုင် လာ ခဲ့ကြ သည်။ ဒီဇင်ဘာလ (၅) ရက်နေ့တွင် ခြေလျင်တပ်ရင်း ၃၇၁ မှ ဗိုလ်ကြီးဟန်ဇော်မှ ရွာတွင်းရှိအိမ် များ မှ ငါးဖမ်းသည့်ကွန်၊ အခြားသောပစ္စည်းများအားလုံးကို တစ်အိမ်ဝင်တစ်အိမ် ထွက်၍သိမ်း ဆည်းခဲ့ သည်။ ထို့အပြင်ငါးဖမ်းစက်လှေများကိုသိမ်းဆည်းခဲ့သည်။ ထို့နောက်ရွာ အတွင်း နေထိုင်သော သူများ အားလုံးကို တပ်ရင်းသို့ခေါ်ဆောင်သွား၍ အမျိုးမျိုးညှင်းပန်းနှိပ်စက်ခဲ့သည်။ ညနေပိုင်းတွင် ၅ ယောက် ကိုဆက်လက် ဖမ်းဆီးထားပြီး ကျန်သည့်သူများကိုလွှတ်ပေးခဲ့သည်။ ဖမ်းဆီးထားခဲ့သည် ၅ ယောက် ကိုထပ်မံညှင်း ပန်းနှိပ်စက်၍ညဥ့်နက်ပိုင်းတွင်ပြန်လည်လွှတ်ပေးခဲ့ကြောင်းသတင်းရရှိပါသည်။

ဗိုလ်ကြီးဟန်ဇော်မှ ရွာသားများကိုစိုက်ပျိုးရေးနှင့်ငါးဖမ်းလုပ်ငန်းများကိုမလုပ်ကိုင်ရန်ပြောဆိုပြီး၊ အိမ်တွင်းမှ အိမ်ပြင်မထွက် ရန်တားမြစ်ခဲ့သည်။ ၎င်း၏အမိန့်ကိုမနာခံပါက သေနတ်ဖြင့်ပစ်သတ်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်းသိရသည်။
ကျော်စွာဝင်း
RB News
ဒီဇင်ဘာ (၇) ၂၀၁၂
ကာတာနိုင်ငံအခြေစိုက် အယ်လ် ဂျဇီး ရား သတင်းဌာနမှ ဒီဇင်ဘာလ (၈) ရက်နေ့မှစ၍ (၁၃) ရက်နေ့ထိ အင်္ဂ လိပ်၊ အရဗီဘာသာဖြင့် ထုတ် လွှင့်ပြ သမည့် "ဖုံးကွယ်ထားသည့် လူ မျိုး တုန်း သတ်ဖြတ်မှု" မှတ်တမ်း ဗီဒီ ယိုနှင့် ပတ်သက်၍ မြန်မာ အစိုးရနိုင်ငံခြားရေး ၀န်ကြီးဌာန မှပြင်းထန်စွာကန့်ကွက်ကြောင်း သတင်း ထုတ်ပြန် ၍ အင်္ဂလိပ် ၊မြန်မာသတင်းစာများ တွင်ဖော်ပြခဲ့ပါ သည်။ ထိုသို့သတင်းထုတ်ပြန်မှုနှင့် ပတ် သက် ၍ အယ် လ် ဂျ ဇီးရားသတင်းဌာန၏ သတင်းနှင့်ပြန်ကြားရေးဌာနမှပြန်လည်တုန့်ပြန်လိုက်သည်။

အဆိုပါမှတ်တမ်းရုပ်ရှင်ရိုက်ကူးသည့် ဗြိတိန်နိုင်ငံမှ Mr. Phil Rees သည် ထိုမှတ်တမ်းရုပ်ရှင်နှင့်ပတ်သက် ၍မေးမြန်းလာမည့်မေးခွန်းများကို မှတ်တမ်းရုပ်ရှင်ပြသပြီးသည့်နောက်တွင် အွန်လိုင်းပေါ်မှပြန်လည်ဖြေ ကြားမည်ဖြစ်သည်။ အချိန်အတိအကျကို အယ်လ်ဂျဇီးရား၏ Website ပေါ်တွင်ကြေညာပေးသွားမည်ဟု သိရသည်။

မှတ်တမ်းရိုက်ကူးသူ Mr. Phil Rees မှ အဆိုပါမှတ်တမ်းရုပ်ရှင်တွင် ခိုင်မာသောသက်သေအထောက် အထား များပါဝင်ပြီး ဒုက္ခသည်စခန်းများနှင့်အခြားသောနေရာများသည် ပြင်ပကမ္ဘာနှင့်မည်သို့ဝေးကွားနေ သည်ကို ကွက်ကွက်ကွင်းကွင်းမြင်ရမည်ဟုဆိုသည်။

ကျွန်တော်တို့အနေနဲ့ဒီမှတ်တမ်းရုပ်ရှင်မှာ တစ်ဆင့်စကား၊ ကောလဟသတွေယူထားတာမဟုတ်ဘဲ၊ တ ကယ့် ခံစားခဲ့ရတဲ့သူတွေဆီကနေမှတ်တမ်းယူထားတာပါ။ ကြည့်တဲ့သူတွေအတွက် ပြည့်စုံတဲ့သတင်းအ ချက်အလက်တွေရမယ်လို့မျှော်လင့်ပါတယ် - ဟု၎င်းကပြောသည်။

လတ်တလော ကုလသမဂ္ဂအကြီးအကဲ Ms. Valerie Amos ၏ခရီးစဉ်တွင်လည်း ရိုဟင်ဂျာဒုက္ခသည်စခန်း များ၏အခြေအနေမှာလွန်စွာသေရေးရှင်ရေးတမျှအရေးကြီးနေသည့်စိုးရိမ်ဖွယ်ရာအခြေအနေရှိကြောင်း ပြော ဆိုသွားပါသည်။

အယ်လ်ဂျဇီးရား၏ နဂိုမူလအစီအစဉ်အတိုင်း ဒီဇင်ဘာ (၈) ရက်နေ့မှစ၍ ဒီဇင်ဘာ (၁၃) ရက်နေ့ထိ အင်္ဂလိပ်၊ အရဗီနှစ်ဘာသာဖြင့်ထုတ်လွှင့်ပြသသွားမည်ဟုသတင်းရရှိပါသည်။

ကျော်စွာဝင်း
RB News
ဒီဇင်ဘာ (၇) ၂၀၁၂

ရန်ကုန်။ ။ မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ကုလသမဂ္ဂလူသားချင်းစာ နာထောက်ပံ့ရေးနဲ့ အရေးပေါ် ကူညီရေး ဌာနရဲ့အကြီးအကဲဖြစ်တဲ့ Ms. Valerie Amos ဟာဗုဒ္ဓဟူးနေ့က ရခိုင်ပြည်နယ်မှာ ရှိတဲ့ ဒုက္ခ သည်စခန်း တွေကိုသွားရောက်ကြည့်ရှူခဲ့ပါတယ်။ မနေ့က ကချင်ပြည်နယ်ကိုသွားပြီး စစ်ဘေး သင့် ဒဏ်ခံရတဲ့ဒုက္ခသည် စခန်းတွကိုကြည့်ရှူခဲ့ပါတယ်။ ဒီနေ့ကတော့မြန်မာနိုင်ငံခရီးစဉ် ရဲ့နောက် ဆုံးနေ့ဖြစ်ပြီး၊ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံမယ်လို့သိရတယ်။

ဦးသိန်းစိန်နဲ့တွေ့ဆုံတဲ့အခါမှာ ရိုဟင်ဂျာမွတ်စလင်များနိုင်ငံသားရရှိရေးနဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့ မွတ်စ လင် ဒုက္ခသည်စခန်းတွေရဲ့အခြေအနေတွေတိုးတက်ဖို့အဓိကထားဆွေးနွေးသွားမယ်လို့ ကုလသမဂ္ဂ လူ သား ချင်း စာနာထောက်ပံ့ရေးဌာနရဲ့ပြောခွင့်ရပုဂ္ဂိုလ်က ဒီနေ့ပြောကြားလိုက်ပါတယ်။

Ms. Amos ရဲ့ရုံးဖြစ်တဲ့ UNOCHA ကတော့ ဒုက္ခသည်စခန်းတွေမလုံခြုံတဲ့အကြောင်း၊ လူတွေ ကို ပြွတ်သိပ် ပြီးထားတာတွေနဲ့မိလ္လာစနစ်တွေမရှိတဲ့အကြောင်းတွေကို မီးမောင်း ထိုးပြထား ပါတယ်။ သူတို့ အနေနဲ့ ဒီကိစ္စ တွေကို သမ္မတဦးသိန်းစိန် နဲ့ညှိနှိုင်း ပြီးဖြေရှင်း ရမယ် လို့ပြောနေကြ ပါတယ်။ ယာယီ တဲတွေ၊ အိမ်အသုံးဆောင် ပစ္စည်းတွေနဲ့ကျန်းမာရေး နဲ့ဆိုင်တာတွေ အပူ တပြင်း လို အပ်နေ တယ် လို့ဆိုပါတယ်။

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ အာရှဒေသဒါရိုက်တာဖြစ်တဲ့ Mr. Phil Robertson က ကုလသမဂ္ဂရဲ့ လူသားချင်းစာနာထောက်ပံ့ရေးဌာနအကြီးအကဲရဲ့ခရီးစဉ်နဲ့မှတ်ချက်တွေက လက်ရှိရခိုင်ပြည်နယ်ထဲမှာရှိ တဲ့ပြဿနာတွေကိုထင်ရှားအောင်မီးမောင်းထိုးပြလိုက်တယ်လို့ပြောပါတယ်။ အခုလိုသေရေးရှင်ရေးတမျှ အရေးကြီးနေတဲ့ ဒုက္ခသည်တွေရဲ့အခြေအနေကိုအသိအမှတ်ပြုပြီး အရှိအတိုင်းပြောဆိုတဲ့အတွက် ကြိုဆို တဲ့အကြောင်း Mr. Robertson ကမှတ်ချက်ပေးပြီး၊ခွဲခြားပြီးထားနေတဲ့ပေါ်လစီပိုင်းနဲ့ပတ်သက်ပြီး မြန်မာ အစိုးရကိုတွန်းအားပေးပြီးအသိုင်းအ၀ိုင်းနှစ်ခုအတူပြန်လည်နေထိုင်ရေးကိုရေရှည်ဖြေရှင်းမှုတစ်ရပ်အနေနဲ့လုပ်သွားရမယ်လို့ ၎င်းကပြောပါတယ်။

အောင်အောင်
RB News
ဒီဇင်ဘာ (၆) ၂၀၁၂

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၌ ဇွန်လတွင်အကြမ်းဖက်မှုဖြစ်ပွားပြီးနောက် မောင်းတောမြို့နှင့်ဘူး သီးတောင်မြို့များမှ အပြစ်မဲ့ရိုဟင်ဂျာမွတ်စလင် ရာပေါင်းများစွာဖမ်းဆီးခဲ့သည်။ ထိုသို့ဖမ်းဆီးပြီးနောက် ဘူးသီးတောင်မြို့အကျဉ်းထောင်တွင် ၀တ်လစ်စလစ်ထား၍နှိပ်စက်ခြင်း၊ အခြားသောနည်း လမ်း ပေါင်း စုံဖြင့်နှိပ် စက်ခြင်းများပြုလုပ်ခဲ့သည်။ ထောင်ထွင်းရိုက်နှက်၍ လက်လွန်သွားသူများကို အစုလိုက် အပြုံ လိုက်ထောင် အနီးတွင်ကျင်းကြီးတူး၍မြှပ်နှံခြင်းများလည်းပြုလုပ်ခဲ့သည်။ လွန်ခဲ့သောလများ တွင် လည်းရှေ့နေ ငှားခွင့်ပင်မပေးဘဲ တရားရုံး၌အမိန့်ချ၍ အလုပ်ကြမ်းနှင့်ထောင်ဒဏ်အပြစ်ပေးခဲ့ပါသည်။

ယခုလည်းဖမ်းဆီးထားသူများထဲမှအပြစ်မဲ့ရိုဟင်ဂျာမွတ်စလင် (၁၀) ဦးကို ဇွန်လအကြမ်းဖက်မှုတွင်ပါဝင် ပတ်သက်ခဲ့သည်ဟုဆိုကာ အလုပ်နှင့် ထောင်ဒဏ် (၁၀) နှစ်စီကိုရှေ့နေငှားရမ်းခွင့်မပြုဘဲတရားရုံးမှ စီရင်ချမှတ် လိုက်ကြောင်းသတင်းရရှိပါသည်။

အလုပ်နှင့်ထာင်ဒဏ် (၁၀) နှစ်ချမှတ်ခံရသူများမှာ

(၁) ဆယတ်အဟမတ် (ဘ) အမီးန်ရှရီးဖ် (အသက် ၆၀ နှစ်)
(၂) စလင်းမ် (ဘ) အဗ်ဒူစလာမ် (အသက် ၃၀ နှစ်) 
(၃) စလင်းမ် (ဘ) ဖကီးရ်အဟမတ် (အသက် ၃၃ နှစ်)
(၄) မူဂ်ဇူလ်အဟမတ် (ဘ) ရှိက်အဟမတ် (အသက် ၄၅ နှစ်)
(၅) ယာကွပ်အလီ (ဘ) အယုပ်အလီ (အသက် ၅၀ နှစ်)
(၆) မိုဟာမတ်သယုပ် (ဘ) ယာကွပ်အလီ (အသက် ၂၂ နှစ်)
(၇) အဇီဇ်အဟမတ် (ဘ) ယာကွပ်အလီ (အသက် ၂၀ နှစ်)
(၈) အဗ်ဒူရဟင် (ဘ) အဗ်ဒူမာလိပ် (အသက် ၂၀ နှစ်)
(၉) မိုဟာမတ်ရဖိခ် (ဘ) စီရားဂျုလ်ဟောခ် (အသက် ၃၅ နှစ်)
(၁၀) ဟူစိန်းဂျိုဟာရ် (ဘ) အာသာအုလ္လာ (အသက် ၃၈ နှစ်) - တို့ဖြစ်သည်။

အထက်ပါထောင်ဒဏ်အပြစ်ခံသူများမှာအကြမ်းဖက်မှုကြီးတွင်ပါဝင်ပတ်သက်ခဲ့မှုမရှိသူများဖြစ်သည်။သို့သော် လည်း တရားဥပဒေသည် တရားသူကြီး၏နှုတ်ခမ်းဖျားတွင်သာရှိပြီး၊ရှေ့နေငှားရမ်းခွင့်၊ အယူခံ ၀င်ခွင့်များမရှိဘဲ၊ နှုတ်ခမ်းဖျားမှတရားဥပဒေစိုးမိုးမှုအောက်တွင် ရခိုင်ပြည်နယ်၌ရိုဟင်ဂျာမွတ်စလင် များပြားပြားဝပ်၍နေနေရပါသည်။

မောင်မောင်
RB News
ဒီဇင်ဘာ (၆) ၂၀၁၂

မင်းပြား ။ ။ မြန်မာနိုင်ငံသို့ အမေရိကန်သမ္မတဘားရက်ဟူစိန်းအိုဘားမား ခြောက်နာရီကြာအလည်အပတ် လာရောက်ပြီး ရိုဟင်ဂျာ လူမျိုးများသည်အခြားသော သူများကဲ့သို့တူညီသော ဂုဏ်သိက္ခာရှိကြောင်းကိုရန်ကုန် တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင်ပြောကြားခဲ့ သည့်မိန့်ခွန်းတွင်ထည့်သွင်းပြောကြားပြီးနောက်၊ရခိုင်အမျိုးသား များတိုးတက်ရေးပါတီဥက္ကဌ ဒေါက်တာအေးမောင်မှတတိယ လှိုင်းဖြစ်လာမည်ဟုမီဒီယာများမှတဆင့် ခြိမ်းခြောက်ပြောဆိုခဲ့သည်။

 ထိုအချိန်မှစ၍ရခိုင်ပြည်နယ်တွင်နေထိုင်ကြသောရိုဟင်ဂျာမွတ်စလင်များကိုနည်း လမ်းမျိုးစုံဖြင့်နှောက် ယှက် ၍ပြဿ နာဖန်တီးရန်ကြိုးစားလျက်ရှိသည်။ ယမန်နေ့ကကုလသမဂ္ဂ၏ လက်ထောက် အထွေထွေ အတွင်းရေးမှူး ချုပ် Ms. Valerie Amos သည် ရိုဟင်ဂျာများ၏ လက်ရှိဒုက္ခ သည် ဘ၀ကို သက်သေ ခံသွား ပါ သည်။
ဒီဇင်ဘာလ (၃) ရက်နေ့တွင် မင်းပြားမြို့သေကန်ကျေးရွာတွင် ရခိုင်လူမျိုးအချင်းချင်းခိုက်ရန်ဖြစ်ပွားပြီး ဓါးဖြင့် ခုတ်ကြရာ ဦးမောင်သိန်းနု (ဘ) ဦးကျော်စိန် ပြင်းထန်စွာဒဏ်ရာရရှိသွားသည်။ အခင်းဖြစ် ပွားပြီး နောက် အဓိကရုန်း ဖန်တီးလိုသူများမှ ရိုဟင်ဂျာမွတ်စလင် များမှသတ်ရန်ကြိုးစား သည်ဟုသတင်း လွှင့်ခဲ့ သည်။ ထို့နောက်အနီးရှိစမ်းဘလေကျေးရွာမှ ရိုဟင်ဂျာမွတ်စလင် (၆) ဦးအပြစ်မဲ့ဖမ်းဆီး သွားကြောင်း သတင်းရရှိပါသည်။

အောက်တိုဘာလတွင်မင်းပြားမြို့အပါအ၀င်အခြားသောမြို့များ၌ အကြမ်းဖက်မှုများဖြစ်ပွားပြီးနောက် မွတ် စလင် များမှာ မိမိတို့၏ ရွာအပြင်သို့သွားရန်ပင်လွန်စွာခက်ခဲနေ၍ အသက်မွေးဝမ်းကျောင်း လုပ်ငန်း များ ကိုပင်လုပ်ကိုင်၍မရဖြစ်နေပါသည်။ ယမန်နေ့က ကုလအကြီးအကဲ Ms. Amos ၏ပြန် လည်ပြောပြ ချက် များ တွင်လည်း မွတ်စလင်များကိုမိမိတို့၏နေရပ်မှ သွား၍မရအောင်စစ်တပ် မှတားဆီးထားကြောင်း ပါဝင်ပါ သည်။

ဦးမောင်သိန်းနုနှင့်ရခိုင်လူမျိုးများအချင်းချင်းအခင်းဖြစ်ပွားမှုနှင့်ပတ်သက်၍"ကျွန်တော်တို့မှာစားစရာ၊ သောက် စရာဝယ်ဖို့တောင် အခက်အခဲဖြစ်နေတယ်။ ဘယ်မှသွားလို့လာလို့မရဘူး။ ကျွန်တော် တို့မှာဘယ်သူ့ ကိုမှတိုက်ခိုက်လိုတဲ့ဆန္ဒလည်းမရှိဘူး။ တခုခုဆိုတာနဲ့ ကျွန်တော်တို့ကို လှည့်ပတ်ပြီးပြဿ နာလုပ်တယ်။ ကျွန်တော်တို့လူတွေကိုဖမ်းမယ် နှိပ်စက်မယ်။ ဒါတွေက ကျွန်တော်တို့အတွက်အထူးအဆန်းတော့မဟုတ် ပါဘူး။ ဖမ်းသွားမယ် ငွေညှစ်မယ်။ ဒါတွေကဒီမှာအမြဲတမ်းလိုလိုဖြစ်နေတဲ့ကိစ္စတွေပါ။ ကျွန်တော်တို့မလုပ် လည်းလုပ်တယ်လို့စွပ်စွဲတယ်။ အခု ၆ ယောက်ကိုလည်းမတရားသဖြင့်ဖမ်းသွားတာပါ။ ရွာကနေဘယ်မှ သွားလို့မရတာဗျာ။ သူများရွာသွားပြီးသတ်ဖို့ဆိုတာအဝေးကြီးပါ။" ဟုမင်းပြားဒေသခံတစ်ဦးက RB News သို့ပြောသည်။

ရိုဟင်ဂျာဒုက္ခသည်စခန်းကို ကုလသမဂ္ဂအကြီးအကဲ Ms. Valerie Amos မှကြည့်ရှူစဉ် (ဓါတ်ပုံ - UNOCHA) 

ကျော်စွာဝင်း
RB News
ဒီဇင်ဘာ (၅) ၂၀၁၂


ရန်ကုန်။ ။ မြန်မာနိုင်ငံကိုလေးရက်ကြာခရီးရောက်ရှိနေတဲ့ ကုလသမဂ္ဂလူသားချင်းစာနာထောက်ပံ့ရေးဌာန ကထိပ်တန်း အရာရှိဖြစ်တဲ့ Ms. Valerie Amos ဟာဒီနေ့ရခိုင်ပြည်နယ်မှာအိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ဒုက္ခသည် စခန်းတွေကိုသွားရောက် ကြည့်ရှူခဲ့ပါတယ်။ Ms. Amos ကမြန်မာနိုင်ငံကမွတ်စလင်ရိုဟင်ဂျာတွေနေရတဲ့ ဒုက္ခသည်စခန်းတွေကအခြေအနေအရမ်းဆိုးနေပြီး၊ အခြေအနေတိုးတက်အောင်လုပ်ရမယ်လို့ ရခိုင် ပြည်နယ်ခရီးစဉ်အပြီးမှာ ဘီဘီစီသတင်းဌာနကိုပြောကြားလိုက် တယ်။ 

ခြောက်လကျော်အချိန်တွင်းဖြစ်ပွားခဲ့တဲ့အကြမ်းဖက်မှုတွေမှာ လူပေါင်း ၁၃၅၀၀၀ ကျော်အိုးမဲ့အိမ်မဲ့ဖြစ် ခဲ့ပြီးတော့ အများစုကရိုဟင်ဂျာလူမျိုးတွေဖြစ်တယ်လို့ဆိုပါတယ်။ 

ဘီဘီစီသတင်းဌာနရဲ့သတင်းထောက်ဖြစ်တဲ့ Johah Fisher ကတော့ ရိုဟင်ဂျာများရဲ့ဒုက္ခသည်စခန်း အခြေအနေတွေက ရခိုင်ဒုက္ခသည်စခန်းများယှဉ်လိုက်ရင် အခြေအနေတော်တော်လေးဆိုးရွားနေတယ် လို့ပြောပါတယ်။ မြေပုံကျွန်းဆွယ်မှာ ရခိုင်ဒုက္ခသည်များအတွက် သစ်လွင်တောက်ပနေတဲ့ မိုးကာတဲတွေမှာကောင်းမွန်တဲ့မိလ္လာစနစ်အပြင် အစားအသောက်နဲ့ ဆေးဝါးတွေကိုပုံမှန်ဖြန့်ဖြူးပေးလျက် ရှိပေမယ့် အဲဒီနေရာနဲ့သိပ်မဝေးလှတဲ့အကွာအဝေး၊ မီးလောင်ပြင်ကိုကျော်တဲ့အခါမှာ တော့ ၄၀၀၀ ကျော်ရှိတဲ့ရိုဟင်ဂျာမွတ်စလင်တွေကို မိလ္လာရေတွေ၊ ရွှံ့တွေ၊ အနံ့ဆိုးတွေနဲ့နေရာမှာစုပြုံထားတယ်လို့ Mr. Fisher ကဆိုပါတယ်။ အဲဒီနေရာမှာစစ်တပ်တွေဝန်းရံထားပြီးတော့ ရိုဟင်ဂျာတွေကိုဘယ်မှသွားဖို့မပေးဘူး လို့ Mr. Fisher ကပြောပါတယ်။ 

Ms. Amos ကတော့ - အခြေအနေကသေရေးရှင်ရေးတမျှအရေးကြီးနေတယ်။ တစ်ခုခုလုပ်ဖို့လုပ်ကို လုပ်ရမယ်လို့ ဘီဘီစီကိုပြောပါတယ်။ ကံမကောင်းစွာနဲ့ ကုလသမဂ္ဂအနေနဲ့အဲဒီနေရာကိုဝင်ပြီး အဲဒီလူတွေ အတွက်လုပ်ချင်ပေမယ့် လည်းလုပ်လို့မရဖြစ်နေတယ်။ အဲဒါကြောင့်အခြေအနေကကြောက်စရာ ကောင်းလောက်အောင်ဆိုးရွားနေတယ်လို့ Ms. Amos ကပြောပါတယ်။ ကုလသမဂ္ဂရဲ့ကြိုးပမ်းဆောင် ရွက်ချက်တွေကို အုပ်ချုပ်ရေးပိုင်းကဟန့်တားနေတယ်။ ပြီးတော့ ပြည်ဝင်ခွင့်ဗီဇာပြဿနာ လည်းရှိတယ်။ ငွေရေးကြေးရေးအခက်အခဲလည်းရှိနေတယ်လို့ Ms. Amos ကထပ်ပြောပါတယ်။ 

ကုလသမဂ္ဂက ဒေါ်လာ ၆၅ သန်းလိုအပ်နေပေမယ့်လည်း အခုအချိန်ထိ သုံးပုံတစ်ပုံလောက်ဘဲရသေး တယ်လို့သိရပါ တယ်။ 

Ms. Amos က နိုင်ငံတကာအသိုင်းအ၀ိုင်းဒီထက်ပိုပြီးစေတနာထားဖို့နဲ့ မြန်မာအစိုးရကိုပြန်လည်စေ့စပ် ညှိနှိုင်းရေးတွေမှာပါဝင် ကူညီဖို့တောင်းဆိုလိုက်ပါတယ်။ သူမကလူမျိုးနှစ်မျိုးကြားဆက်ဆံရေးတင်းမာမှု ကတော့အခုအချိန်ထိ အမြင့်ဆုံးစိုးရိမ်ဖွယ် ရာရှိနေသေးတယ်လို့ဆိုပါတယ်။ 

မြန်မာအစိုးရအနေနဲ့ပြဿနာပြေလည်အောင်ဦးဆောင်ပြီးဖြေရှင်းဖို့တာဝန်ရှိတယ်။ အခုကစပြီးအသိုင်း အ၀ိုင်းနှစ်ခုကိုအတူတကွပြန်လည်ဖြစ်သွားရေးအတွက်လုပ်ရမယ်လို့ သူမကပြောပါတယ်။ 

ဘီဘီစီသတင်းထောက်ကတော့ ရိုဟင်ဂျာမွတ်စလင်ဒုက္ခသည်စခန်းတွေရဲ့ပတ်ဝန်းကျင်အားလုံးကို ရခိုင်ဗုဒ္ဓဘာသာတွေ ကထိန်းချုပ်ထားပြီး၊ အထောက်အပံ့ပေးအပ်ဖို့တောင်မလွယ်ဘူးလို့ဆိုပါတယ်။ အသိုင်းအ၀ိုင်းနှစ်ခုရဲ့ကွဲပြားသွားမှုက အခုအခါမှာတော့ရခိုင်ပြည်နယ်တစ်ခုလုံးမှာဖြစ်နေတယ်လို့ Mr. Fisher ကပြောပါတယ်။ 
မွတ်စလင်များကိုကူညီ၍ အပြစ်ပေးခံရသောရခိုင်အမျိုးသား (ဓါတ်ပုံ - Facebook)
အောင်အောင်
RB News
ဒီဇင်ဘာ (၅) ၂၀၁၂

စစ်တွေ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဇွန်လဆန်းမှစ၍ဖြစ်ပွားခဲ့သောအကြမ်းဖက်မှုကြီးနောက်ပိုင်းမှ စ၍ စစ်တွေမြို့တွင်နေထိုင်သော အစ္စလာမ်ဘာသာဝင်အများစုမှာ အိုးမဲ့အိမ်မဲ့ဖြစ်ပွားသွားပြီး၊ ဒုက္ခသည် စခန်းများနှင့် လမ်းဘေး၊ လယ်ကွင်းများတွင်အဆင်ပြေသလိုတဲထိုး၍နေကြရသည်။ အိုးအိမ်များ ကျန်နေ သောသူများလည်း စီးပွားရေးလုပ်ငန်းများလုပ်ကိုင်၍မရ၊ ဈေးသို့သွားဝယ်၍မရဘဲ၊ အခက်အ ခဲပေါင်း များစွာ နှင့်ရင်ဆိုင်နေရပါသည်။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့မှထောက်ပံ့လျက်ရှိသော်လည်း ဆန်နှင့်ပဲများသာရပြီး၊ ထိုဆန်နှင့်ပဲများ ကို လုံ လောက်စွာ ရရှိခြင်းမရှိပါ။ အခြားသောအထောက် အပံ့များပေးအပ် ရန် နိုင်ငံတကာမှ အစိုးရ မ ဟုတ်သော အဖွဲ့အစည်းများ (NGO) ကကမ်းလှမ်းသော် လည်း ပြည်နယ် အစိုးရကခွင့်ပြုချက် မပေးကြောင်း NGO များနှင့်နီးစပ်သော အသိုင်းအ၀ိုင်း များမှသတင်းရရှိပါသည်။

စစ်တွေမြို့အောင်မင်္ဂလာရပ်ကွက် တွင်နေထိုင်ကြသော ရိုဟင်ဂျာမွတ်စလင်များမှာလည်းစားဝတ်နေရေး အခက် အခဲပေါင်းစုံကြုံတွေ့လျက်ရှိသည်။ ရခိုင်အမျိုးသား ၅ ဦးမှ အောင်မင်္ဂလာရပ်ကွက်ရှိ မွတ်စလင်များ ၏အခက်အခဲကို နားလည်၍ ကုန်စိမ်း၊ ဟင်းသီးဟင်းရွက်များရောင်းချရန် ယနေ့အောင်မင်္ဂလာရပ်ကွက် သို့လာရောက်ကြသည်။ သို့သော်လည်း မကြာမှီနယ်မြေခံရဲများရောက်လာ၍ ကျိန်းမောင်းပြီးရောင်းချခွင့် မရှိဟုပြော၍ ထိုရခိုင်အမျိုးသား ၅ ဦးအားနှင်ထုတ်ခဲ့သည်။

ရိုဟင်ဂျာနှင့်ကမန်မွတ်စလင်များ အပေါ် ရခိုင်အစွန်းရောက်များကအကြမ်းဖက်တိုက်ခိုက်ခဲ့သော်လည်း လွန်ခဲ့သောနှစ်ပေါင်း များစွာကတည်း မိသားစုသဖွယ်အတူယှဉ်တွဲလာသည့်မိသားစုများစွာရှိပါသည်။ အကြမ်း ဖက်မှုဖြစ် ပွားစဉ် ကာလအတွင်း မွတ်စလင်မိသားစုများကို ဈေးရောင်းချသူများ၊ ကူ ညီစောင့်ရှောက် သောရခိုင်အမျိုးသားများကို ရခိုင်အစွန်းရောက်များကဖမ်းဆီး၍ အပြစ်ပေါင်း စုံပေးခဲ့ သည်။ ထိုသို့အပြစ်ပေးရာတွင် မိန်းမများဝတ်ဆင်သောထမီကိုခေါင်းပေါ်တင်၍ပင်အပြစ်ပေးခဲ့သည့် ဓါတ်ပုံများ လူမှုကွန်ယက်ပေါ်တွင်ပျံ့နှံ့လျက်ရှိသည်။
RB News
December 04, 2012

ဘူးသီးတောင်မြို့။ ။ ဒီဇင်ဘာလ (၁) ရက်နေ့တွင် ရခိုင်အစွန်းရောက်များက ဘူးသီးတောင် မြို့ဆိုင် ဆိပ်ပြင်ကျေးရွာအုပ်စု၊ ရဲဆိပ်ပြာရွာရှိ ဗုဒ္ဓရုပ်ပွားတော်၏လက်ကို ရိုဟင်ဂျာ လူမျိုးနှင့်နားလည်မှုလွှဲမှားပြီး ပြဿနာဖစ်ရန် ရည်ရွယ်၍ဖျက်ဆီးခဲ့ကြသည်။ ဒီဇင်ဘာ (၂) ရက်နေ့တွင် နစကတပ်ဖွဲ့ဝင်များမှ အပြစ်မဲ့ရိုဟင်ဂျာ (၇) ဦးကိုရုပ်ပွားတော်၏လက်ဖျက်ဆီးသည်ဟုစွပ်စွဲ၍ဖမ်းဆီးသွားခဲ့သည်။ထိုသို့ဖမ်းဆီး သွားပြီးနောက် ငွေပေးနိုင်လျှင်ပြန်လွှတ်ပေးမည်ဆိုသောကြောင့် (၄) ဦးမှာငွေပေး၍လွတ်မြောက် လာခဲ့သည်။

ဖမ်းဆီးခံရသူ ၇ ဦးမှာ -

(၁) မိုဟာမတ်ဂျမီလ် (ဘ) မိုဂုလ်အဟမတ် (ကျပ် ၅ သိန်းပေး၍လွတ်မြောက်လာသည်)
(၂) အီမာန်ဟူးစိန် (ဘ) မန်ဆူရ် (ကျပ် ၇ သောင်းခွဲပေး၍လွတ်မြောက်လာသည်)
(၃) ဇဖရ်အဟမတ် (ဘ) ဂနီမီယာ (ကျပ် ၇ သောင်းခွဲပေး၍လွတ်မြောက်လာသည်)
(၄) မိုဟာမတ်စာဒတ် (ဘ) ဂျမာလ်ဟူးစိန် (ကျပ် ၁ သိန်းခွဲပေး၍လွတ်မြောက်လာသည်)
(၅) ကဘီရ်အဟမတ် (ဘ) မူဘာရတ်အလီ (ငွေမပေးနိုင်၍ ရဲစခန်းသို့လွှဲပြောင်းပေးလိုက်သည်)
(၆) အမီးရ်ဟူးစိန် (ဘ) ရချီသ်အဟမတ် (ငွေမပေးနိုင်၍ ရဲစခန်းသို့လွှဲပြောင်းပေးလိုက်သည်)
(၇) လာလူး (ဘ) အမည်မသိ (ငွေမပေးနိုင်၍ ရဲစခန်းသို့လွှဲပြောင်းပေးလိုက်သည်)

မောင်းတောမြို့။ ။ ဒီဇင်ဘာလ (၃) ရက် နေ့လည် ၃ နာရီခန့်၌ မောင်းတောမြို့နာရီစင်အနီးတွင် မြို့နယ် တရားသူကြီး၏ကားကို သားဖြစ်သူမှအရက်အလွန်အကျွံ့သောက်၍ အရှိန်ပြင်းပြင်းဖြင့်မောင်းနှင်လာရာ စက်ဘီးစီးလာသောရိုဟင်ဂျာလူငယ်ကိုတိုက်ရန်ဆဲဆဲဖြစ်ပွားခဲ့သည်။ ထိုအချိန်တွင်တရားသူကြီးမှကားကို ရပ်ခိုင်း၍ ဆင်းလာပြီးရိုဟင်ဂျာလူငယ်အားရိုက်နှက်ရန်ကြိုးစားခဲ့သော်လည်း လူငယ်မှာစက်ဘီးကို ထိုနေ ရာ တွင်ထား၍ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ တရားသူကြီးမှ လူငယ်ကိုရိုက်ခွင့် မ ရသောကြောင့် စက်ဘီးကိုကားဖြင့်တြိတ်၍ အပိုင်းအစများဖြစ်အောင်လုပ်ခဲ့ကြောင်းသိရသည်။ ထို စက်ဘီး အပိုင်းအစများ ကိုရဲစခန်းသို့ပို့၍လူငယ်အတွက်အမှုဖွင့်ထားကြောင်းသတင်းရရှိပါသည်။

ယနေ့နေ့လည် ၃ နာရီတွင် မောင်းတောမြို့ဈေးတွင် ဆိုင်တစ်ဆိုင်ဖြင့်ရိုးသားစွာ အသက်မွေး ၀မ်းကျောင်း ပြုနေသော အဇီဇုလ်ဟောခ်(ဘ)အဘူစယက်ကိုနစကများ၏တပ်စခန်းတစ်ခုဖြစ်သော ဖြူကြီး စခန်းတွင် ဖမ်းဆီးသွားကြောင်း သတင်းရရှိပါသည်။ အဇီဇုလ်ဟောခ်သည် တရားဝင်နယ်စပ်နိုင်ငံကူး လက်မှတ် ကိုင် ဆောင်၍ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့သွားနေသည့်အချိန်တွင်အမည်မည်းစာရင်း တွင်ပါဝင်သည် ဟူ၍စွပ် စွဲပြီး ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။ အမှန်တကယ် အစိုးရမှထုတ်ပြန် ထားသည့် စာရင်းအရ အဇီဇုလ်ဟောခ် သည် အမည်မည်းစာရင်းတွင်ပါဝင်သူမဟုတ်ပါ။ သို့သော်လည်း ရဲစခန်းသို့ လွှဲပြောင်းပေး လိုက်ပြီ အခြားသော ရိုဟင်ဂျာများဖမ်းဆီးနှိပ်စက်ခံရသကဲ့သို့ အပြစ်မဲ့နှိပ်စက်ခံ ရမည်ဖြစ် သည်။

ယခုအခါမောင်းတောမြို့အာဏာပိုင်များသည် ရိုဟင်ဂျာများ၏လူဦးရေလျော့နည်းရေးအတွက် နည်းလမ်း မျိုးစုံဖြင့်ကြိုးပမ်းလျက်ရှိပါသည်။ လွန်ခဲ့သည့်ခြောက်လခန့်မှစ၍ ရိုဟင်ဂျာလူမျိုးများအားသတ်ဖြတ်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ ဖမ်းဆီးခြင်း၊ စီးပွားရေးလုပ်ငန်းများပိတ်ပင်တားဆီးခြင်း၊ အစားအသောက်၊ ဆေးဝါး များဝယ်ယူခွင့်ပိတ်ပင်ခြင်းနှင့်အမျိုးသမီးများအားမုဒိန်းကျင့်ခြင်းများဆက်တိုက်ဖြစ်ပေါ်လျက်ရှိသည်။

မောင်းတောမြို့အာဏာပိုင်များမှ ဖိနှိပ်ညှင်းပန်းနှိပ်စက်ခြင်းကိုရှောင်ရန်နည်းလမ်းတစ်လမ်းထုတ်ပြန်ကြေ ညာပေးခဲ့သည်။ ထိုနည်းလမ်းမှာနိုင်ငံအတွင်းမှထွက်ပြေးတိမ်းရှောင်သွားရန်ဖြစ်သည်။ ထို့ကြောင့် အာဏာပိုင် (အထူးသဖြင့် နစက) များမှ မောင်းတောမြို့အလယ်သံကျော်ရွာရှိ ပင်လယ်ကမ်းခြေမှတဆင့် လာဘ်ငွေယူ၍ ထွက်ခွာခွင့်ပေးနေကြောင်းသတင်းရရှိပါသည်။

မြောက်ဦးမြို့။ ။ နိုဝင်ဘာ (၃၀) ရက်နေ့ ညနေ ၆ နာရီခွဲတွင် မြောက်ဦးမြို့ရီဒါကျေးရွာမှ ရိုဟင်ဂျာသုံးဦး - ဟာဖီဇ်အဲမ်ဂျာသ်ဟူးစိန် (အသက် ၂၂ နှစ်)၊ ဆုန်ဒူလာမူခ်တာရ်ဟူးစိန် (အသက် ၅၅ နှစ်) နှင့် မိုဟာမတ် ဟာကီးမ် (အသက် ၆၀ နှစ်) တို့ကွမ်းယာဝယ်ရန်ကွမ်းယာဆိုင်သို့သွားခဲ့သည်။ ထိုကွမ်းယာဆိုင်သို့ ရခိုင်ရွာမှအုပ်ချုပ်ရေးမှူးဦးမောင်သန်းနှင့်အတူ စစ်တပ်မှအရာရှိလေးဦးလည်းရောက်ရှိလာခဲ့ပြီး ဟာဖီဇ် အဲမ်ဂျာသ်ဟူးစိန်အား မော်လ၀ီဟုတ်/မဟုတ်မေးရာ ဟာဖီဇ်မှဟုတ်သည့်အကြောင်းပြန်ဖြေခဲ့သည်။ ထိုသို့ ပြန်ဖြေပြီးနောက် အကြောင်းပြချက်တစ်စုံတစ်ရာမပြဘဲ သေလုမျောပါးအထိ ထိုစစ်အရာ ရှိများမှ ရိုက်နှက် ခဲ့ကြောင်းသတင်းရရှိပါသည်။ 
ဓါတ်ပုံ - Jerry Adiguna (Jakarta Post)
ကျော်စွာဝင်း
RB News
ဒီဇင်ဘာ (၄) ၂၀၁၂

ဂျကာတာ။ ။ အစ္စလာမစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် Prof. Ekmeleddin Ihsanoglu နဲ့အင်ဒိုနီးရှားနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ (ဒုသမ္မတဟောင်း) Mr. Jusuf Kalla တို့ဟာ မနေ့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ကြက်ခြေနီအသင်းရုံးချုပ်မှာ တွေ့ဆုံခဲ့တယ်လို့သတင်းရရှိပါတယ်။ 

ဒီလိုတွေ့ဆုံတာကတော့ ရခိုင်ပြည်နယ်အတွင်းအိုးမဲ့အိမ်မဲ့ဖြစ်ပွားသွားတဲ့သူတွေကို လူသားချင်းစာနာတဲ့ အထောက်အပံ့တွေကို OIC နဲ့အင်ဒိုနီးရှားကြက်ခြေနီအသင်းတို့ပူးပေါင်းပြီး ကူညီဖို့အတွက်ဖြစ်ပါတယ်။

အစည်းအဝေးမှာဒုက္ခသည်တွေအတွက်အစားအသောက်တွေပို့ပေးရေးနဲ့နေအိမ်တွေပြန်လည်ဆောက် ပေးရေးအတွက်အဓိကဆွေးနွေးကြတယ်လို့ Mr. Kalla ကပြောပါတယ်။ 

အထောက်အပံ့တွေအားလုံးအတွက်တန်ဖိုးကတော့ ကိန်းဂဏန်းအားဖြင့်တော်တော်လေးကြီးမားမှာဖြစ်ပြီး၊ ဒုက္ခသည်တွေအနေနဲ့ အစားအသောက်တွေ၊ သန့်ရှင်းတဲ့ရေနဲ့ နေစရာအိမ်တွေအပူတပြင်းလိုအပ်နေ တယ်လို့ Mr. Kalla ကပြောပါတယ်။ ဒါပေမယ့် ကိန်းဂဏန်းအတိအကျကိုတော့ Mr. Kalla ကပြောဖို့ ငြင်း ဆိုပါတယ်။ 

မြန်မာနိုင်ငံမှာ OIC ကရုံးဖွင့်ပြီး လူသားချင်းစာနာတဲ့အထောက်အပံ့တွေပေးဖို့ မြန်မာအစိုးရနဲ့ သဘောတူ ခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ ဘုန်းကြီးအချို့နဲ့ပြည်သူလူထုအချို့ဆန္ဒပြတာကိုအကြောင်းပြပြီး OIC ရုံး ဖွင့်ဖို့ကိုပိတ်ပင်ခဲ့ပါတယ်။ ဒီလိုဆန္ဒပြပွဲတွေဖြစ်လာအောင်လည်း အစိုးရတမင်ဖန်တီးခဲ့တာလို့ ရိုဟင်ဂျာ အရေးလေ့လာသူတွေကဆိုပါတယ်။ 

OIC အနေနဲ့မြန်မာနိုင်ငံမှာ လူမှုထောက်ပံ့ရေးနဲ့သက်ဆိုင်တဲ့ရုံးဖွင့်ပြီး ရခိုင်၊ရိုဟင်ဂျာလူမျိုးနှစ်မျိုးစလုံးကို ကျောသားရင်သားမခွဲခြားဘဲထောက်ပံ့ဖို့ရည်ရွယ်ခဲ့တာလို့သိရပါတယ်။ 
Rohingya Exodus