မြောက်ဦးမှ ရိုဟင်ဂျာ တစ်ဦး ဆိုင်ကယ် တိုက်ခံရပြီး သေဆုံးသွားသော်လည်း တိုက်သူကို ရဲက ပြန်လွှတ်ပေး
![]() |
သေဆုံးသွားသူ ဦးရှော်ဖိခ်၏ ရုပ်အလောင်းကို မြေမြှပ် သဂြိုဟ်ရန် သယ်ဆောင် သွားစဉ် |
မြောက်ဦး ။ ။ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ပေါင်းတော ကျေးရွာ (ဖုန်ဒုလ်ကုရ်) မှ ဦးရှော်ဖိခ် (ဘ) ဦးနေဆာရ်သည် မေလ (၂၃) ရက်နေ့က ဆိုင်ကယ်စီး၍ သွားနေစဉ် မောင်နီကျွန်းရွာမှ ရခိုင် အစွန်းရောက် တစ်ဦးက ဆိုင်ကယ်ဖြင့် နောက်မှ အရှိန်ဖြင့် လိုက်လာပြီး တမင်တိုက်ခဲ့သည်။ တိုက်ခံရသူ ဦးရှော်ဖိခ်သည် ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားခဲ့ပြီး မြောင်းဘွေ ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသသော်လည်း အရေးပေါ်ကုသမှု ခံယူရန် လိုအပ်နေသဖြင့် ယင်းနေ့ညတွင်ပင် ထိုမှ တဆင့် စစ်တွေ ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်။