နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုန်ပြန်ရေးကော်မတီရဲ့ လိမ်ညာမှု ကွက်ကွက်ကွင်းကွင်း ပေါ်လာပြီ
၂၀၁၇ ခုနှစ် ဇွန်လ (၂၆) ရက်နေ့မှာ မောင်တောမြို့နယ် တောင်ပိုင်း၊ ဘဂုံးနား (တပ်ဦးချောင်း) ကျေးရွာမှ အစ္စလာမ်ဘာသာရေးဆရာ ဟာဖီးဇ် မိုဟာမတ်ဆာဒဲခ်ကို နယ်ခြားစောင့်ရဲများက မဟုတ်မမှန်တဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခဲ့ပြီးတော့ လူမဆန်အောင် ညှဉ်ပန်းနှိပ်စက်ပြီး သတ်ဖြတ်လိုက်တာကို နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက နှလုံးရောဂါနဲ့ သာမန် သေဆုံးသွားတဲ့ ဖြစ်ရပ်ဆိုပြီး သတင်းကို လိမ်လည်ထုတ်ပြန်လာခဲ့တာ တွေ့ရှိရတယ်။
(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီရဲ့ သတင်းထုတ်ပြန်မှု --
၂။ လေ့လာတွေ့ရှိချက်အရ ဟာဖီးဇ် မိုဟာမတ်ဆာဒဲခ်ဟာ နှလုံးရောဂါရှိသူတစ်ဦးမဟုတ်ဘဲ၊ ၎င်းရဲ့ ကျန်းမာရေးအခြေအနေမှာ ဒေါင်းဒေါင်းမြည် ဖြစ်ပါတယ်။ (ရှု -ဟာဖီးဇ် မိုဟာမတ်ဆာဒဲခ်ရဲ့ အဖမ်းမခံရခင်က ဓာတ်ပုံ)
(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီရဲ့ သတင်းထုတ်ပြန်မှု --
ဟာဖီးဇ် မိုဟာမတ်ဆာဒဲခ် အသတ်ခံရမှု ဖြစ်ရပ်အမှန်ကိုဖော်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံးကို တုန့်ပြန် ရှုတ်ချသည့်စာ -- goo.gl/Wjkk2J)
နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ ဖြေရမယ့် မေးခွန်းများ
၁။ "ဟာဖီးဇ် မိုဟာမတ်ဆာဒဲခ်သည် ရင်ဘတ်အောင့်သည်ဟုပြောပြီး ထိုင်နေရာမှ လဲကျသွားသဖြင့် မောင်တောဆေးရုံသို့ ပို့ဆောင်ကုသမှုခံယူစဉ် ည ၁၁ နာရီ ၁၅မိနစ်တွင်သေဆုံးခဲ့သည်၊ သေဆုံးသူမှာ လွန်ခဲ့သော ၁၀ နှစ်ခန့်က နှလုံးရောဂါရှိသူဖြစ်ပြီး ဆရာဝန်၏ရင်ခွဲစစ်ဆေးချက်အရ ရုတ်တရက် နှလုံးခုန်ရပ်ကာ သေဆုံးရခြင်းဖြစ်သည်" ဆိုပြီး နိုင်ငံတော်အတိုင်ခံရုံးရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။ ဒီတော့ မေးခွန်းက နှလုံးရောဂါနဲ့သေဆုံးတယ်ဆိုရင် ဟာဖီးဇ် မိုဟာမတ်ဆာဒဲခ်ရဲ့ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာဒဏ်ချက်များ ဘာကြောင့် ရှိနေရတာလဲ။ (သက်သေ- ဟာဖီးဇ် မိုဟာမတ်ဆာဒဲခ်၏ ရုပ်အလောင်း ဓာတ်ပုံ)

ဒီလိုမျိုး ကျန်းမာရေးကောင်းမွန်သူ တစ်ဦးကို ဘာကြောင့် နှလုံးရောဂါရှင်ဟု သတ်မှတ်ရတာလဲ။ မိသားစုဝင်များကို ဖိအားပေးပြီး နှလုံးရောဂါရှင်ဟု အတင်းအဓမ္မ ဝန်ခံခိုင်းတာရော ဘာကြောင့်လဲ။ ဆရာဝန်စစ်ဆေးချက်နဲ့ မလုံလောက်တာလား။ သက်သက် လိမ်ညာနိုင်အောင်လား။ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုန်ပြန်ရေးကော်မတီက ဖြေကြားပေးဖို့လိုနေပါပြီ
၃။ နှလုံးရောဂါနဲ့ သာမန်သေဆုံး သွားခဲ့ရင် အလောင်းကို မိသားစုဝင်များထံ ဘာကြောင့် လွှဲပြောင်းပေးခြင်းမပြုဘဲ လုံခြုံရေးအတင်းအကျပ်ချထားပြီး သဂြိုလ်ခဲ့ရတာလဲ။
၎။ တကယ်တော့ ဟာဖီးဇ် မိုဟာမတ်ဆာဒဲခ်ကို လိင်အင်္ဂါရဲ့ ဝှေးစေ့နှစ်လုံးကို ဖြတ်ပစ်ခြင်း၊ ခြေချောင်းတစ်လျှောက် ဒလိမ့်တုံးများနဲ့ ဖိလိမ့်ပြီး ရက်စက်ခြင်း၊ ပေါင်နှစ်ဖက်ကို လှီးဖြတ်လိုက်ခြင်း စတဲ့ ညှဉ်းပန်းမှုတွေနဲ့ လူမဆန်အောင် ရက်စက်ကြမ်းကြုတ်စွာပဲ သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
၅။ အပြစ်မဲ့ ပြည်သူတစ်ဦးကို မခိုင်မာတဲ့ စွပ်စွပ်ချက်များနဲ့ ညှဉ်းပန်းနှိပ်စက်ပြီး သတ်ဖြတ်ခဲ့တဲ့ လူသတ်တရားခံ နယ်ခြားစောင့်ရဲများကို အကာအကွယ်ပေးတဲ့အနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက လိမ်လည်လှည့်ဖျားနေတာဟာ တကယ်ပဲ ရှက်စရာဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဆိုတာက ပြည်သူကို သက်သက်လိမ်ညာလှည့်ဖျားနေဖို့များလား။
၆။ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး VOA နဲ့ အင်တာဗျူးတဲ့အခါ နိုင်ငံတော်အတိုင်ပင်ခံရုံး၊ သတင်းထုတ်ပြန်ရေးကော်မတီရဲ့ လိမ်ညာမှုလို လိမ်သွားခဲ့ပါသေးတယ်။ ဒါတွေက အားလုံး တိုင်ပင်ပြီး အတိုင်အလှည့်ညီညီ လိမ်ညာပွဲ ဆော့ကစားနေတာဆိုတာ သိသာပါတယ်။ နိုင်ငံကို လိမ်ညာမှုနဲ့ အုပ်ချုပ်ပြီး ဖျက်ဆီးနေတာလား။
ခြုံငုံပြီး ပြောရရင် အခုဖြစ်ရပ်ဟာ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီရဲ့ လိမ်လည်လှည့်ဖျားနေမှုများကို ပိုပြီး ထင်ရှားပေါ်လွင်စေတာပါပဲ။

ဒါကြောင့် ဟာဖီးဇ် မိုဟာမတ်ဆာဒဲခ် မတရားသဖြင့် ရက်ရက်စက်စက် အသတ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး လူသတ်တရားခံ နယ်ခြားစောင့်ရဲတွေကို ဘယ်လို အရေးယူမလဲဆိုတာ အနီးကပ်စောင့်ကြည့်နေမယ်။
အပြစ်မဲ့လူတစ်ဦးကို နယ်ခြားစောင့်ရဲတပ်ဖွဲ့က ရက်ရက်စက်သတ်လိုက်တဲ့ ဖြစ်ရပ်အမှန်နဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီရဲ့ ဖြစ်ရပ်အမှန်ကိုဖုံးကွယ်ပြီး အရှက်မရှိလိမ်ညာနေတဲ့ အကြောင်းတွေကို ဓာတ်ပုံသက်သေနဲ့တကွ သက်ဆိုင်ရာ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများထံ ပို့ပေးခဲ့ပြီး ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး တာဝန်ရှိသူတွေကို အသိပေးပါတယ်။
(မောင်တောခရိုင် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့)