နောက်ဆုံးသတင်း/ဆောင်းပါးများ

ဖနွမ်ပင် (မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့်ပတ်သက်၍ နည်းလမ်း လေးခုဖြင့်
ဖြေရှင်းသွားမည်ဟု သမ္မတ ဦးသိန်းစိန် က ဆိုသည်။

မွေးဖွားမှုနှုန်း ထိန်းချုပ်ခြင်း၊ ပညာရေး မြှင့်တင်ပေးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်း တို့ဖြင့်ဖြေရှင်းသွားမည်ဟု နိုဝင်ဘာ ၂၁ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်မြို့ တွင် မြန်မာ သတင်း မီဒီယာများနှင့်တွေ့ဆုံ စဉ်    ဦးသိန်းစိန် က ပြောကြားလိုက်ခြင်း ဖြစ်သည်။

“ကျနော်တို့ ဒီလူ့အဖွဲ့အစည်းနှစ်ခု ရာသက်ပန်အားဖြင့် အတူတကွ ယှဉ်တွဲနေထိုင်ဖို့ ဘာတွေ လုပ်ရမလဲ။ အခြေခံ အားဖြင့် လုပ်ရမယ့်ဟာတွေကတော့ ပထမဦးဆုံး စိတ်နေ စိတ်ထားတွေကို ပြောင်းသွားဖို့ လိုပါ တယ်။ လူသားချင်း စာနာတယ်၊ လူသားချင်း ထောက်ထားတယ်ဆိုတဲ့ ဒီစိတ်ဓာတ်မျိုးတွေ ကို ပြောင်း သွားအောင် လုပ်ရပါ မယ်” ဟု သမ္မတ က ဆိုသည်။

ဒုတိယ အချက်အနေဖြင့် အဆိုပါ ဒေသနေသူများသည် ပညာရေး အဆင့်အတန်း နိမ့်ကျလျက်ရှိပြီး ပညာရေး ကို မြှင့်တင်ပေးရန်လည်း လိုအပ်သည်ဟု “ပညာရေးနဲ့ ပတ်သက်ပြီးတော့ အဆင့်အ တန်းတွေ မြှင့်ပေးမှ လူတွေရဲ့ အသိစိတ်ဓာတ်တွေ တိုးတက်လာမှာ ဖြစ်တယ်။ အသိစိတ် ဓာတ်တွေ တိုး တက် လာမှ ပတ်ဝန်းကျင်နဲ့ လိုက်လျော ညီထွေ ဖြစ်အောင် နေနိုင်ကြမှာဖြစ်တယ်” ဟု ၎င်းက ဆက် လက် ပြောဆိုသည်။

ထို့အပြင် အလုပ်အကိုင် အခွင့်အလမ်းများ နည်းပါးလျက်ရှိနေ၍ အလုပ်အကိုင် ရရှိရန်လည်း ဖန် တီးပေးမှုများ လိုအပ်သည်ဟု သမ္မတက ဆိုသည်။

“အခွင့်အလမ်းတွေလည်း နည်းပါတယ်၊ ဆင်းရဲနေတယ်၊ မွဲတေနေတယ်ဆိုရင် ကိုယ့်ဘာသာ နဲ့ ကိုယ် နေရင်းထိုင်ရင်း နဲ့ကို ဒေါသဆိုတာ ဖြစ်နေတာပါပဲ။ အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိ လာအောင် အခြေခံ အားဖြင့် ဒါတွေ လုပ်ပေးဖို့ လိုတယ်” ဟု ဦးသိန်းစိန် က ပြောသည်။

နောက်ဆုံးအချက်အနေဖြင့်ပဋိပက္ခ ဒေသအတွင်း နေထိုင်သူများ၏ မွေးဖွားမှုနှုန်းမှာ မြင့်တက်လျက်ရှိနေ၍ အဆိုပါ အခြေအနေကိုလည်း ထိန်းချုပ်နိုင်ရန် ကမ္ဘာ့ စံချိန်စံညွှန်းများနှင့်အညီ လုပ်ဆောင်သွားမည်ဟု သမ္မတက ပြောကြားသွားသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် အိုးအိမ်မဲ့ တသိန်းတသောင်း ရှိနေပြီး ဒုက္ခသည် အရေအတွက်မှာ တသိန်းကျော် ရှိနေသည်ဟု ဦးသိန်းစိန် က ဆိုသည်။ ထို့အပြင် ကျွေးမွေးစရိတ်အတွက် တလလျှင် ဒေါ်လာ ၁ သန်းကုန်ကျပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ဒေါ်လာ ၆၅ သန်းခန့် လိုအပ်နေသည် ဟုလည်း သမ္မတက မြန်မာ မီဒီယာများအား ဖနွမ်းပင်မြို့တွင် ပြောကြားသွားသည်။

(မဇ္ဈိမ)
ရိုဟင်ဂျာများအတွက် နိုင်ငံတကာစည်းမျဉ်းများနှင့်အညီ သင့်တော်မှန်ကန်၍ ပေးသင့်ပေးထိုက်သော အခွင့်အရေးများ ပေးနိုင်အောင် ဆောင်ရွက်သွားမည်ဟု နိုင်ငံတော်သမ္မတက ကုလသမဂ္ဂသို့ ပေးစာတွင် ထည့်သွင်းဖော်ပြထား

မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကုလသမဂ္ဂသို့ ပေးပို့သော ပေးစာတွင် နိုင်ငံမဲ့ဖြစ်နေသော ရိုဟင် ဂျာများအတွက် နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ သင့်တော်မှန်ကန် ၍ ပေးသင့်ပေး ထိုက်သော အခွင့်အရေးများ ပေးနိုင်အောင် စီမံသွားမည်ဟု ထည့်သွင်းဖော်ပြထားကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

နိုဝင်ဘာ ၁၆ ရက်နေ့တွင် ကုလသမဂ္ဂသို့ မြန်မာသမ္မတ ဦးသိန်းစိန်က ပေးပို့သော ပေးစာ တွင် ဖော်ပြထား သည့် သဘောထားကို ကြိုဆိုကြောင်းဖြင့်လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ၏ ပြောရေး ဆိုခွင့်ရှိသူက ထုတ်ပြန်ပေးသော ကြေညာချက်တွင် ဖော်ပြထားသည်။

“မြန်မာသမ္မတ ဦးသိန်းစိန်၏ ပေးစာတွင်ပါသော ရေးသားဖော်ပြချက်များသည် မှန်ကန်သောလမ်း စဉ်ဖြစ်ကြောင်း ” ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ကုလသမဂ္ဂသို့ ပေးစာတွင် မြန်မာသမ္မတအနေဖြင့် ရိုဟင်ဂျာများအား နိုင်ငံသားခံယူခွင့် ပြု မပြုနှင့် စပ်လျဉ်း၍ တိကျသော ခံဝန်ကတိများ ပေးမထားသလို၊ တင်းမာမှုများ လျော့ကျအောင် ဆောင်ရွက် မည့် နောက်ဆုံးအချိန်ကိုလည်း ထည့်သွင်းဖော်ပြထားခြင်း မရှိသည့်တိုင် နိုင်ငံတကာ စည်းမျဉ်းစည်းကမ်း များနှင့်အညီ ပေးအပ်သင့်သော အခွင့်အရေးများ ပေးနိုင်အောင် စီမံသွားမည်ဟူသော သဘောထားမှန် ကို နိုင်ငံတကာအသိုင်းအ၀ိုင်းက ကြိုဆိုကြောင်း ကုလသမဂ္ဂ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်အရေး ပဋိပက္ခများ ပြေလည်ရေးနှင့် ပတ်သက်သော ထုတ်ပြန်ချက်၊ လမ်းညွှန်ချက်များ ကို လည်း ဆက်လက်ထုတ်ပြန်သွားနိုင်ရန် စီစဉ်လျက်ရှိကြောင်း၊ အိုးအိမ်ပျက်စီးဆုံးရှုံးခဲ့သူများ အား ပြန် လည်နေရာ ချထားရေး လုပ်ငန်းများကိုလည်း အရှိန်မြှင့်လုပ်ဆောင်လျက် ရှိကြောင်း မြန်မာ သမ္မတ က ပေးစာ တွင် ထည့်သွင်းဖော်ပြထားသည်ဟု ကုလသမဂ္ဂ ထုတ်ပြန်ချက် တွင် ရေးသားထားသည်။

နိုင်ငံတကာက လက်ခံထားသော စံနှုန်းများနှင့်အညီ ရိုဟင်ဂျာများအတွက် အလုပ်လုပ်ကိုင်ခွင့်၊ လွပ်လပ် စွာ သွားလာခွင့်ဆိုင်ရာ ခွင့်ပြုချက်များ ထုတ်ပေးနိုင်ရေးအတွက်လည်း မိမိတို့ လေ့လာဆန်း စစ်လျက်ရှိ သည် ဟု မြန်မာသမ္မတက ထည့်သွင်းရေးသားထားကြောင်း ကုလသမဂ္ဂ ထုတ်ပြန်ချက် တွင် ဖော်ပြထား သည်။

Source: AP
Rohingya Exodus