![]() |
| Photo: Protester in Egypt |
မြန်မာနိုင်ငံအတွင်း ထံမံ ဖြစ်ပွားခဲ့သော မွတ်ဆလင်များအပေါ် အကြမ်းဖက် သတ်ဖြတ်မောင်းထုတ်မှုများ အပေါ် အကြီးအကျယ်ခံရ ကြောင်းနှင့် ထိုအကြမ်းဖက်မှုတို့အား ချက်ချင်း ရပ်တန့်ပေးရန် မြန်မာအာဏာပိုင်တို့အား အီဂျစ်မှ ပြတ်ပြတ်သားသား ဖေါ်ပြလိုက်သည်။
အီဂျစ် နိုင်ငံခြားရေး- ပြောရေးဆိုခွင့်ရှိသူ အမ်ရို ရာ့ခ်ျဒီက “ရိုဟင်ဂျာမွတ်ဆလင်များအား အကြမ်းဖက် သတ်ဖြတ်နေခြင်းတို့အအတွက် အကြီးအကျယ် စိတ်ထိခိုက်ရကြောင်း ထိုအရေးကိစ္စတို့အား ချက်ချင်း ရပ်တန့်စေရန် မြန်မာအာဏာပိုင်များက ဆောင်ရွက်ရမည် ဖြစ်ကြောင်း အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာန အနေနဲ့ ကိုင်ရိုရှိ မြန်မာသံရုံးမှ တစ်ဆင့် ချက်ချင်း သတင်းပို့လိုက်ပြီ၊” ဟု ပြောဆိုသွား သည်။ “ မွတ်ဆလင်တို့အား ကြမ်းဖက်မှုများ၊ ခွဲခြားဆက်ဆံခြင်းများ အတွက် နည်းမျိုးစုံဖြင့် ပါဝင်ပတ်သက်သော တရားခံများအား တရားရုံးသို့ တင်ပို့ရမည်ဟု တောင်းဆိုထားကြောင်းလည်း အဆိုပါ- ပြောရေး ဆိုခွင့်ရှိသူမှ ပြောကြားသွားပါသည်။
မြန်မာနိုင်ငံရှိ မွတ်ဆလင်များ၊ ရိုဟင်ဂျာများအပေါ် အကြမ်းဖက်ခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ တန်းတူညီမျှ အခွင့်အရေး မပေးခြင်းတို့အား အီဂျစ်ပြည်သူများနှင့် အရှေ့အလယ်ပိုင်း နိုင်ငံအားလုံး သိစေရန် ဆော်သြလှုပ်ရှားနေသူ ဆန္ဒပြတာဝန်ခံ မစ္စတာ အာလီမှ- “မြန်မာ ပြည်တွင် မွတ်ဆလင်များနှင့် အခြားလူများ အားလုံး တန်းတူညီမျှ အခွင့်အရေး ရရှိစေရန်၊ တရားသော ဥပဒေ၏ အကာအကွယ်ကို လူတိုင်းရရှိစေရန်၊ ကျွန်ုပ်တို့ အနေဖြင့် အပါတ်စဉ် လူထုဆန္ဒပြ ထုတ်ဖေါ်သွားမည်၊” ဟု ပြောဆိုသွားသည်။ မြန်မာပြည်ရှိ မွတ်ဆလင် ညီအစ်ကို မောင်နှမများနှင့် ကျွန်ုပ်တို့သည် တစ်လုံးတစ်ဝတည်းပင် ဖြစ်သည်- ထို့ကြောင့် မွတ်ဆလင်တို့အား မတရား အနိုင်ကျင့်မှု သည် ကျွန်ုပ်တို့အား အနိုင်ကျင့်ခြင်းပင် ဖြစ်သည်ဟု ခံစားနေရကြောင်းလည်း ဆက်လက်ပြောဆိုသွားပါသည်။
RB News Desk
ဓါတ်ပုံသတင်း
- ဆားသိပ်များနေပြီ ဦးကိုကိုကြီး | အောင်တင်
- စရဖနှင့် သတင်းတပ်ဖွဲ့ တို့က သိန်းတစ်ရာကျော် တန်ဖိုးရှိ သစ်နှင့်ဝါးများ မတရားသဖြင့် သိမ်းဆည်း
- မောင်တော မြို့နယ် ဒုချီးရာတန်း ကျေးရွာ တာဝန်ခံ ဆုလ်တာန် အာမတ် သတ်ဖြတ်ခံရ
- တောင်ပြိုလက်ဝဲရှိ MRCS နှင့် UNHCR ရုံးကို ရဲများက မီးရှို့
- ဖားဝပ်ချောင်း ရ.ယ.က ဥက္ကဌဟောင်း အမည်မသိ သေနတ်သမား နှစ်ဦးက ပစ်သတ်
- ကာနယ် (ဦး) ကြည်မောင် စကားနဲ့ ပြောရရင်-
- ဘူးသီးတောင် မြို့နယ် အုပ်ချုပ်ရေးမှူးက အိမ်ပြုပြင်သူများထံမှ ငွေတောင်းခံလျက်ရှိ
- အစိုးရနဲ့ လွှတ်တော် သဘောထားကွဲမှု သမ္မတဦးသိန်းစိန် အသိအမှတ်ပြု
- မောင်တောမြို့ပေါ်မှ မြို့မျက်နှာဖုံး (၃) ဦးကို ဖမ်းဆီးထား
- စစ်သားများကို နေ့စဉ် ကျွေးမွေး နေသူများကို အကြမ်းဖက်သမားများဟု စွပ်စွဲဖမ်းဆီးထား
ဂျီနိုဆိုက်ဆိုတာဘာလဲ?
ဒေါက်တာဇာနည် ရှင်းပြသည့် ရိုဟင်ဂျာ

