မြန်မာ နိုင်ငံကို ရောက်ရှိ နေတဲ့ ဥရောပ ကော်မရှင် ဥက္ကဌ Jose Manuel Barroso က ရခိုင် ဒေသက ပဋိပက္ခတွေကြောင့် မြန်မာ အစိုးရရဲ့ ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲမှု တွေကို ထိခိုက်မှာ စိုးရိမ်ကြောင်း ပြောကြား သွားပါတယ်။
မစ္စတာ Barroso ဟာ ရန်ကုန်မှာ ဖွင့်လှစ်ထားတဲ့ Peace Centre ငြိမ်းချမ်းရေး စင်တာကို စနေနေ့ ညနေပိုင်းမှာ ရောက်ရှိလာပြီး အခုလို ပြောကြား သွားတာ ဖြစ်ပါတယ်။
ဘာသာရေး ခေါင်းဆောင်တွေ ကနေ သက်ဆိုင်ရာ လူမှု အဖွဲ့တွေကို ငြိမ်းချမ်းအောင် ဝိုင်းပြီး တိုက်တွန်း ကြဖို့ ကိုလည်း မစ္စတာ Barroso က ပန်ကြား သွားပါတယ်။
စနေနေ့ မနက်ပိုင်း နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံ ရာမှာလည်း မစ္စတာ Barroso က ရိုဟင်ဂျာ မွတ်ဆလင် ကိစ္စနဲ့ ပတ်သက်ပြီး အလေးထား ဆွေးနွေးခဲ့ ပါတယ်။
သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံ ဆွေးနွေးရာ မှာတော့ မစ္စတာ Barroso က မြန်မာနိုင်ငံ ဖွံ့ဖြိုးမှု အတွက် ဒေါ်လာ သန်း ၁၀၀ ကျော် အကူ အညီ ပေးမယ်လို့ ကတိပြုခဲ့ ပါတယ်။
အစိုးရသစ် တရပ် အနေနဲ့ ပြီးခဲ့တဲ့ နှစ်က စလို့ ပြုပြင် ပြောင်းလဲမှုတွေ စတင် ခဲ့တဲ့ မြန်မာ အစိုးရကို အနောက် နိုင်ငံတွေ ခေါင်းဆောင်တွေက တဖွဲဖွဲ လာရောက် တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်နေခဲ့ ရာမှာ အခုတော့ ဥရောပ ကော်မရှင် ဥက္ကဌပါ လာရောက်ခဲ့တာ ဖြစ်ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
ဓါတ်ပုံသတင်း
- ရိုမိခင်၏ ရင်တွင်းငိုသံ
- နော်ဝေမှ Telenor နှင့် ကာတာမှ Ooredoo တို့ မြန်မာ့ ဆက်သွယ်ရေး တင်ဒါ အနိုင်ရရှိ
- သမ္မတကြီး ဦးသိန်းစိန်သို့ ပြည်ပရောက် NDPHR မှ အိတ်ဖွင့်ပေးစာ
- မောင်တော ရေတွင်းပြင်တွင် ရိုဟင်ဂျာနေအိမ် အချို့ထဲသို့ ဓါးပြများ ၀င်ရောက်၍ ရိုက်နှက်ပြီး ရွှေ၊ ငွေများ လုယက်
- RB News စာဖတ် ပရိသတ်များ သိစေရန် အသိပေးခြင်း
- သရေကုန်ပင်မှ နယ်ခြားစောင့်ရဲ များက ဒေသခံများထံမှ ငွေညှစ်
- နယ်မြေရှင်းလင်းရေး ခေါင်းစဉ် အောက်တွင် ရိုဟင်ဂျာပြည်သူများ ဓါးစာခံ ဆက်လက်ဖြစ်နေရ
- အင်ဒိုနီးရှား ထိန်းသိမ်းရေး စခန်းတွင် ခိုက်ရန် ဖြစ်ပွားပြီး ၈ ဦး သေဆုံး
- တောင်ပြိုလက်ဝဲ အုပ်ချုပ်ရေးမှူးနှင့် လ.၀.က အရာရှိတို့က ရိုဟင်ဂျာ မရေးရန် ခြိမ်းခြောက်
- ငါးဖမ်းသမား တစ်ဦး အသတ်ခံရ၊ အာဏာပိုင်များက အလောင်း သယ်ယူခွင့် မပေး
ဂျီနိုဆိုက်ဆိုတာဘာလဲ?
ဒေါက်တာဇာနည် ရှင်းပြသည့် ရိုဟင်ဂျာ

