March 31, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

မောင်တော ရေတွင်းပြင်တွင် ရိုဟင်ဂျာနေအိမ် အချို့ထဲသို့ ဓါးပြများ ၀င်ရောက်၍ ရိုက်နှက်ပြီး ရွှေ၊ ငွေများ လုယက်

MYARF
RB News
28.8.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရေတွင်းပြင်ကျေးရွာအုပ်စု တောင်ကုန်းအနီးရှိ လူနေအိမ် အချို့ထဲသို့ ဓါးပြအဖွဲ့တစ်ဖွဲ့ ၀င်ရောက်၍ အိမ်သူအိမ်သားများကို ကြိုးဖြင့် ချည်နှောင်၍ ရိုက်နှက်ပြီး ရွှေ၊ ငွေများ လုယက်ယူသွားခဲ့သည်။ 

သြဂုတ်လ (၂၅) ရက်နေ့ ည (၈) နာရီဝန်းကျင် အချိန်တွင် ရေတွင်းပြင် မြောက်ရွာ တောင်ကုန်းပေါ်ရှိ ဦးဖေရာန်အလီ (ဘ) ဦးဘာန်ရှားမျာ (အသက် ၄၀ နှစ်) ၏ နေအိမ်ထဲသို့ ဓါးကိုယ်စီကိုင်ဆောင်ထားသည့် လူစိမ်း (၅) ဦး ၀င်ရောက်လာပြီး မိသားစုဝင်များ အားလုံးကို ကြိုးတုတ်၍ တုတ်များဖြင့် ရိုက်နှက်ပြီးနောက် နေအိမ်အတွင်းရှိ နွားရောင်း၍ ရရှိထားသော ငွေကျပ် (၆)သိန်းကို လုယက်သွားခဲ့သည်။ အလားတူ ဦးယူနုစ် (ဘ) ဦးဆုလ်တာန် (အသက် ၃၀ နှစ်) နှင့် ဦးယူနုစ် (ဘ) ဦးရှမ်ရှုဒ္ဒိန်း (အသက် ၂၈ နှစ်) တို့၏ နေအိမ်များသို့ ၀င်ရောက်၍ ရွှေ (၃) ကျပ်သားနှင့် ငွေကျပ် သိန်း (၂၀) ကျော်တို့ကို လုယက် ယူဆောင်သွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ဓါးပြအဖွဲ့ ထွက်ခွာသွားပြီး ရွာသားများက ည ၉း၃၀ နာရီအချိန်တွင် ရေတွင်းပြင် ကျေးရွာအုပ်ချုပ်ရေးမှူးထံ သွားရောက်၍ အကြောင်းစုံ ပြောပြခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးမှူးက သက်ဆိုင်ရာသို့ အစီရင်ခံ တင်ပြခဲ့သည်။ 

သြဂုတ်လ (၂၇) ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ဇီးပင်ချောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေစခန်းမှူး ရဲမှူးကိုကိုမောင် အပါအ၀င် နယ်ခြားစောင့်ရဲ (၁၂) ဦးတို့သည် ရေတွင်းပြင် မြောက်ရွာသို့ ရောက်ရှိလာပြီး ၂၅ ရက်နေ့က လုယက်ခံရသည့် မိသားစု (၃) စု၏ နေအိမ်များသို့ သွားရောက်၍ စစ်ဆေးမေးမြန်းပြီး မွန်းတည့် ၁၂ နာရီ အချိန်တွင် ပြန်လည်ထွက်ခွာသွားခဲ့သည်။ တစ်ချိန်တည်းတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေ (၆) မှ ရဲမှူးရန်နောင်စိုး ဦးဆောင်သည့် နယ်ခြားစောင့်ရဲ (၄၅) ဦးတို့နှင့် ရွာသားများ ပူးပေါင်း၍ ရွာ၏ အရှေ့ဘက်ရှိ တောင်ကုန်းများကို ၀ိုင်းဝန်း ရှင်းလင်းခဲ့သည်။ 

ယင်းနေ့ ညနေ ၄ နာရီအချိန်တွင် ဇီးပင်ချောင်း နယ်မြေမှူး ရဲမှူးကိုကိုမောင် ဦးဆောင်သည့် နယ်ခြားစောင့်ရဲ (၂၀) ဦးတို့နှင့် ရွာသား (၂၀) ဦးတို့ ပူးေါပင်း၍ တောင်ကုန်း သုံးခုကို သွားရောက် ရှင်းလင်းခဲ့သော်လည်း တစ်စုံတစ်ရာ ထူးခြားမှု မတွေ့ရှိရဘဲ ည ၆ နာရီဝန်းကျင်တွင် ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း နွားကျောင်းသားတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

လုယက်ခံရသည့် မိသားစုများမှ မိသားစုဝင် အချို့ကို သြဂုတ်လ (၂၆) ရက်နေ့တွင် ကြိမ်ချောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း၌ စစ်ဆေးမေးမြန်းခဲ့ပြီး သြဂုတ်လ (၂၇) ရက်နေ့တွင် မောင်တောမြို့ပေါ်ရှိ တရားရုံးသို့ ခေါ်ဆောင်သွားပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည်ဟု ရွာသားတစ်ဦးက RB News သို့ပြောပါသည်။ 

“နယ်ခြားစောင့်ရဲတွေက သတင်းရပြီး နောက်နေ့ ၂၆ ရက်နေ့မှာ လာပြီး စစ်ဆေးသင့်တယ်။ ချက်ချင်း လာမစစ်ဘဲ ၂၇ ရက်နေ့မှ လာစစ်တော့ ဒမြတွေကို ထွက်ပြေး တိမ်းရှောင်သွားဖို့ အခွင့်အရေး ပေးသလို ဖြစ်သွားတယ်။ အခင်းဖြစ်တဲ့နေရာနဲ့ ဇီးပင်ချောင်း စခန်းနဲ့ သိပ်မဝေးဘူး။ အခု အဲဒီ ဒမြတွေ ပြန်လာပြီး ဓါးပြတိုက်မှာကိုလည်း စိုးရိမ်နေရသလို၊ အာဆာ ၀င်လာတယ်လို့ တမင်ဖန်တီးပြီး မနှစ်ကလို နယ်မြေရှင်းလင်းရေး ခေါင်းစဉ်တပ်ပြီး အကြမ်းဖက်မှာကိုလည်း စိုးရိမ်နေရတယ်” ဟု အဆိုပါ ရွာသားက ပြောပါသည်။ 



Comment ရေးရန်

Pages 22123456 »
Rohingya Exodus