နောက်ဆုံးသတင်း/ဆောင်းပါးများ

သမ္မတကြီး ဦးသိန်းစိန်သို့ ပြည်ပရောက် NDPHR မှ အိတ်ဖွင့်ပေးစာ


သမ္မတကြီး ဦးသိန်းစိန်သို့ ပြည်ပရောက် NDPHR မှ အိတ်ဖွင့်ပေးစာ

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် အနေဖြင့် ဆန်းစစ် လေ့လာ ဆင်ခြင် သုံးသပ် နိုင်ရန် အလို့ငှာ ဤအိတ်ဖွင့် ပေးစာကို ရေးသားလိုက် ရပါသည်။ 

၁။ ပြည်ထောင်စု မြန်မာ နိုင်ငံသမ္မတတစ်ဦး အနေဖြင့် မြန်မာ နိုင်ငံ အတွင်း မှီတင်း နေထိုင် ကြ သည့် မြန် မာ နိုင် ငံသူ နိုင်ငံသား အားလုံး အပေါ်တွင် လူမျိုး ဘာသာ အသား အရောင် ကျား/မ မရွေး ကျောသား ရင်သား မခွဲခြားဘဲ မိမိရဲ့ သားသမီးများ သဖွယ် ကာကွယ် စောင့်ရှောက် ပါမည်ဟု ကျမ်းသစ္စာ ကျိန်ဆို ထားသည့် အတိုင်း ပြုမူ ဆက်ဆံ ခဲ့ပါသလားဟု ဆန်းစစ် ကြည့် မိပါသည်။ 

သမ္မတကြီး အနေဖြင့် ၁၁.၇.၂၀၁၂ ခုနှစ်တွင် UNHCR ကုလ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး Mr. Antonio Guterres အား တွေ့ဆုံ ရာတွင် “ဘင်္ဂါလီ (ရိုဟင်ဂျာ) တွေဟာ နိုင်ငံသားများ မဟုတ်…. ဒုက္ခသည် စခန်း များမှာ ထားရမယ်…. တတိယ နိုင်ငံ ပို့ရမယ်။” ဟု ပြောကြား ခဲ့သည်ကို တွေ့ရ ပါသည်။ ထို့နောက်တဖန်“ရိုဟင်ဂျာတွေရဲ့ ပညာရေး၊ ကျန်းမာရေး စသည့် ကဏ္ဍတွေ တိုးတက် လာအောင် ဆောင် ရွက် ပေးရမည်ဟု” ပြောဆို ထားသည်ကို တွေ့ရ ပြန်သည်။ သို့ဖြစ်ပေရာ သမ္မတ တစ် ဦး အနေဖြင့် ကျမ်း သစ္စာ ကျိန်ဆိုခဲ့သည် အတိုင်း နိုင်ငံသူ နိုင်ငံသား အားလုံး အပေါ်မှာ မျှမျှတတ သဘော ထား ထား ရှိ နိုင်ခြင်း ရှိရဲ့လား? ထို့အပြင် အမြီး အမောက် မတည့် ရှေ့နောက် မညီသော စကား များ ပြောဆို ခြင်း မှာ သိက္ခာ ရှိသော နိုင်ငံတော် သမ္မတကြီး တစ်ဦး အဖို့ လားလားကြီး ဆန့်ကျင် နေပါသည်ဟု ခံစားမိ ပါသည်။

ရိုဟင်ဂျာများ နိုင်ငံသား ဟုတ်မဟုတ် ဆိုသည်ကို နိုင်ငံ ခေါင်းဆောင်များ ဖြစ်ခဲ့သော သမ္မတ စ၀်ရွှေသိုက်၊ ဦးနု၊ ကျား ဘဆွေ၊ ဦးအောင်ကြီး စသော ခေါင်းဆောင် တို့၏ အသိအမှတ် ပြုချက်များ၊ ရိုဟင်ဂျာ အကြောင်း ရေး သား ထားခဲ့သော ကာကွယ်ရေး ၀န်ကြီး ဌာန ထုတ်ဝေ ခဲ့သော တပ်မတော် ခေတ်ရေး စာစောင်များ၊ မြန် မာ့ အသံမှ ထုတ်လွှင့် ခဲ့သော ရိုဟင်ဂျာ တိုင်းရင်သား ဘာသာ အစီအစဉ် များကို လေ့ လာခြင်း မရှိဘဲ ဘာသာရေး ခြားနားမှု အပေါ်တွင် မျက်စိ စုံမှိတ်ကာ ရိုဟင်ဂျာ တို့၏ နိုင်ငံ သား ဖြစ် မှုကို ငြင်းဆန် နေခြင်းမှာ သမ္မတကြီး အနေဖြင့် မြန်မာ နိုင်ငံသား ရိုဟင်ဂျာ တစ်မျိုး သားလုံး၏ ကံကြ မ္မာနှင့် ပတ်သက်၍ အရေး မထားဘဲ လျစ်လျူရှု ထားရာ ရောက်လွန်းသည်။ 

သမ္မတကြီး အနေဖြင့် အထက် ဖော်ပြပါ နိုင်ငံရေး ခေါင်းဆောင် များ၏ ဆောင်ရွက် ချက်သည် မှားယွင်းပြီး မိမိ၏ ဆောင်ရွက် ချက်သည် သာလျှင် မှန်သည်ဟု ခံယူ မိလျှင် “ငါ့မြင်း ငါစိုင်း စစ်ကိုင်း ရောက်ရောက်” ပုံနှယ် ဖြစ်သွား မည်ကို သတိပြု သင့်သည်။ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ မပေါ်ပေါက် လာမှီ ရိုဟင်ဂျာ လူမျိုး တို့၏ နိုင်ငံသား ဖြစ်မှု အပေါ် မည်သို့မျှ မေးခွန် ထုတ်စရာ မရှိခဲ့ပေ။ ရခိုင် ဒေသတွင် စိုးစံ ခဲ့သော ရှေးဟိန္ဒူ ဘုရင် စန္ဒြာမင်း လက်ထက်မှ စ၍ ရှေးရခိုင် ဘုရင်ခေတ်၊ မြန်မာ မင်းများခေတ်၊ လွတ် လပ်ရေး ရပြီး ပါလီမန် ဒီမိုကရေစီ ခေတ် တလျှောက် လုံးတွင် ရိုဟင်ဂျာခေါ် ဘင်္ဂါလီခေါ် ရခိုင် မွတ် စလင်ခေါ် ဒီကုလား လူမျိုး များသည် ၎င်းဒေသ၏ မူယင်း နေထိုင်သူ (Aborigine) များအဖြစ် ရပ် တည် ရှင်သန် လာခဲ့သည် ဖြစ်ရာ ၎င်းတို့၏ နိုင်ငံသား ဖြစ်မှုကို ပျက်ပြယ် စေခြင်း အလို့ငှာ ဤ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကို လူတစ်စုက သူတို့ အလိုကျ ရေးဆွဲ ပြဌာန်းခြင်း ဖြစ်သည်။ သို့ဖြစ်၍ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေက ရိုဟင်ဂျာ လူမျိုး တို့၏ နိုင်ငံသား ဖြစ်မှုကို ချုပ်ငြိမ်း စေသော သာဓက အဖြစ် သက်သေ ထူနေ ပေသည်။ အနာဂတ်တွင် လွတ်တော်၏ အပြင်ဖက်မှ လူတစ်စု လူတစ်ဖွဲ့က နိုင်ငံသား ဥပဒေ အသစ် ရေးဆွဲ၍ ရှိပြီးသား နိုင်ငံသား လူမျိုး တစ်မျိုးကို နိုင်ငံသား အဖြစ်မှ ရုပ်သိမ်း မည်ဟု ဆိုလာလျှင် လက်ခံ နိုင်စရာ ဖြစ်မည်လော? ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ ရေးဆွဲစဉ် ကာလက မြန် မာ နိုင်ငံတွင် တိုင်းရင်းသား လူမျိုး ၁၄၇ မျိုးဟု ဖော်ပြ ခဲ့တာ တွေ့ရပြီး နောက်ပိုင်း ယခုအခါ ၁၃၅ မျိုး အဖြစ် ဖော်ပြ နေသည်မှာ ဥပဒေ ရှုထောင့် ကသော် လည်းကောင်း၊ နိုင်ငံရေး ရှုထောင့် ကသော် လည်းကောင်း လက်ခံ နိုင်စရာ မဟုတ်ဘဲ မြန်မာ တိုင်းရင်းသား လူမျိုး တို့၏ ကံကြမ္မာကို သူတို့ အလိုကျ လွမ်းမိုး ချယ်လှယ် နေခြင်းပင် ဖြစ်သည်။ 

၂။ သမ္မတကြီး အနေဖြင့် မြန်မာ နိုင်ငံတွင် နိုင်ငံရေး အကျဉ်းသား မရှိ၊ လူမျိုးရေး ဘာသာရေး နှိပ်ကွက်မှု မရှိဟု ကာလ ရှည်ကြာ ပြောင်ပြောင် တင်းတင်း ပြောဆိုလျက် ရှိသည်ကို တွေ့ရသည်။ 

သို့ရာတွင် နိုင်ငံရေး အကျဉ်းသား များကို တစ်သုတ်ပြီး တစ်သုတ် လွှတ်နေ သည်ကို အမြဲပင် တွေ့ရသည်။ လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေ ဖြစ်ပေါ်ပြီး အစ္စလာမ် ဘာသာဝင် မွတ်စလင်များ ရာနဲ့ ထောင်နဲ့ ချီ ၍ သေကျေ မီးလောင် ပျက်စီး၊ သိန်းနဲ့ ချီ၍ နေအိမ်မှ စွန့်ခွာ ထွက်ပြေး ရပြီး မိမိနိုင်ငံ အတွင်းမှာပင် ဒုက္ခ သည်ဘ၀ ရောက်နေ ကြရသည်ကို တစ်ကမ္ဘာလုံး မျက်ဝါး ထင်ထင် နဖူးတွေ့ ဒူးတွေ့ မြင်နေ ရဆဲ ပင် ဖြစ် သည်။ သို့ဖြစ် ပေရာ သမ္မတကြီး အနေဖြင့် အမှန် တရားကို သိလျက်နှင့်ပင် တမင်တကာ မျက်ကွယ် ပြုပြီး ကမ္ဘာကို လိမ်ချင် သလော? လိမ်ဖို့ ကြိုးစားမည် ဆိုပါက မိမိသာလျှင် “လူလိမ် သမ္မတ” ဘ၀ ရောက်သွား ရမည်ကို သတိ ပြုသင့် ပေသည်။ 

ပြဿနာကိုဖြေရှင်းမည်ဆိုလျှင် ဦးစွာ မိမိတွင်ပြဿနာ ရှိနေကြောင်း အသိအမှတ် ပြုရမည်။ ပြီးမှ သာ ပြဿ နာ ၏ ဇစ်မြစ်ကို ရှာဖွေ ဖော်ထုတ်ပြီး ကိုင်တွယ် ဖြေရှင်း သွားရမည် ဖြစ်သည်။ သို့မှ သာ နောက် ဆက် တွဲ ပြဿနာများ ဆက်လက် ဖြစ်ပေါ် လာလိမ့်မည် မဟုတ်ပေ။ သို့ရာတွင် သမ္မတကြီး အနေ ဖြင့် ပြဿ နာ ရှိနေသည် ကိုလည်း အသိ အမှတ် မပြုချင်၊ ဇစ်မြစ် ကိုလည်း မဖော် ထုတ် ရဲ၊ ဝေ့ လည် ကြောင် ပတ် လီ ဆယ် လှည့်ဖြားမှု များစွာနှင့် ပြဿနာကို ဖြေရှင်းခြင်း မပြုဘဲ ရှောင်ဖို့ ကြိုး စား နေခြင်း မှာ ပြဿ နာကို ပိုမို ကြီးထွား လာစေသည်။ သို့ဖြစ်၍ ပြဿနာများ တစ်ခုပြီး တစ်ခု ဆက် တိုက် ဖြစ်ပေါ် နေခြင်း သာ ဖြစ် သည်။ သို့အတွက် သမ္မတ ကြီးတွင် လုံးလုံး လျားလျား တာဝန် ရှိသည် ဟု ပြောရ မည်သာ ဖြစ် သည်။“အကြမ်းဖက် လိုသော လူတစ်စု”၏ လုပ်ရပ်ကြောင့် ပြဿနာဖြစ်ရ သည်ဟု သမ္မတကြီး အနေနှင့် ပြောဆို လိုလျှင် ၎င်းလူစုကို ဖော်ထုတ် ဖမ်းဆီး အရေးယူ ရမည် ဖြစ်သည်။ အဘယ်ကြောင့် အဲ ဒီ လူစု ကို ဖမ်းဆီး အရေးယူမှု မပြုဘဲ ယခုအချိန် အထိ လွှတ်ထား သနည်း? တိုက်ရိုက် တမျိုး မီဒီယာမှ တစ်ဆင့် တစ်ဖုံ ပြောင်ပြောင် တင်းတင်း မွတ်စလင် များအား ပစ်မှတ် ထား၍ တိုက်ခိုက် မှုများ ပြုလုပ်ရန် လှုံ့ဆော် စည်းရုံး နေသူများ ဖြစ်ကြသော ၀ီရသူ ကဲ့သို့သော တရားဟော ဘုန်းကြီး များကို ဘေးမဲ့ လွှတ် ထားခြင်းမှာ သမ္မတကြီးကိုယ်တိုင် ဤပြဿနာ ထဲတွင် ပါဝင် ပတ်သက် နေသကဲ့သို့ ယူ ဆ နိုင် ဖွယ် ဖြစ်နေသည်။ 

၃။ သမ္မတကြီး၏ ဘေး၌ ၀န်းရံနေသော နိုင်ငံ့ တာဝန်ရှိ ပုဂ္ဂိုလ် များသည် လည်းကောင်း၊ ရခိုင် ပြည်နယ်မှ ရခိုင် ပြည်နယ် အစိုးရနှင့် ဒေသ ဆိုင်ရာ အာဏာပိုင် အဖွဲ့ အစည်း များသည် လည်းကောင်း သမ္မတ ကြီးအား ရိုဟင်ဂျာ လူမျိုးနှင့် ပတ်သက်၍ အမှန် တရားကို ဖုံးကွယ် ထားပြီး လုပ်ကြံ သတင်း များသာ အမြဲ တမ်း အစီရင် ခံနေသည်ကို တွေ့ရသည်။ ဥပမာ အားဖြင့် သမ္မတကြီး ပြောခဲ့သည့် အတိုင်း “ရိုဟင်ဂျာ မိ သားစု တစ်စုလျှင် လူဦးရေ ၆၀ မှ ၇၀ အထိ ရှိသည်ကို သမ္မတကြီး ကိုယ်တိုင် အမေရိကန် ပြည်ထောင်စု သို့ ရောက်ရှိစဉ်က တွေ့ဆုံ မေးမြန်းမှု တစ်ခု၌ ပြောခဲ့သည်။ သို့ရာတွင် ရိုဟင်ဂျာ လူမျိုးများ အတွက် သန်းခေါင် စာရင်း ခွဲထွက်ခွင့် မရှိ၍ အဖိုး အဖွား၏ သန်းခေါင် စာရင်း ထဲ၌ မြေးမြစ် လက်ထက် တို့အထိ သန်းခေါင် စာရင်း တစ်ခု ထဲတွင် စာရင်းသွင်း နေခဲ့ရ သောကြောင့် လူဦးရေ များနေခြင်း ဖြစ်သည်ကို သမ္မတကြီး ခမျာ မသိ လိုက်ချေ။ လူဦးရေ ၆၀ - ၇၀ သည် မိဘနှစ်ပါး တည်းမှ မွေးဖွား လာသည့် ကလေး များ သဖွယ် သမ္မတ ကြီးအား ဒေသခံ အာဏာပိုင် များက အစီရင် ခံခဲ့ခြင်းသာ ဖြစ်သည်။ 

အမှန်မှာ ရိုဟင်ဂျာ လူမျိုး တို့သည် လွတ်လပ်ရေး ရပြီး ကတည်း စ၍ အခြား နိုင်ငံ များသို့ ထွက်ပြေး နေခြင်းကြောင့် ပတ် ၀န်းကျင် နိုင်ငံ များတွင် ရိုဟင်ဂျာ လူမျိုးများ ဦးရေ တိုးပွား လာခြင်း ဖြစ် သည်။ မြန် မာ နိုင်ငံတွင်းသို့ ခိုးဝင် လာသူ များမှာ ဘင်္ဂလား ဒေရှ့်မှ ဗုဒ္ဓ ဘာသာ ရခိုင် လူမျိုး များ သာ ဖြစ် သည်။ ၁၉၇၅ ခုနှစ် ရခိုင်တိုင်းမှ ရခိုင် ပြည်နယ်သို့ ပြောင်းလဲ ခဲ့သည့် အချိန်မှ စ၍ ဘင်္ဂလား ဒေ့ရှ်မှ ဘင်္ဂလား ဒေရှ့်နိုင်ငံသား ဘင်္ဂါလီ ရခိုင်များ အစုလိုက် အပြုံလိုက် ချဉ်းနှင်း ၀င်ရောက်လာသည်ကို မည် သည့် ရခိုင် အရာရှိမှ နိုင်ငံတော်သို့ အစီရင် ခံခဲ့ခြင်း မရှိခဲ့ပေ။ “ဗုဒ္ဓဘာသာ ၀င်တိုင်း သည် မြန် မာ နိုင် ငံသား မဟုတ်၊ အစ္စလာမ်၊ ဟိန္ဒူ၊ ခရစ်ယာန် ဘာသာဝင် တိုင်းသည် နိုင်ငံခြား သားမဟုတ်” ဆိုသည့် အဆိုကို မျက်ကွယ်ပြု၍ ဘင်္ဂလား ဒေရှ့်မှ ၀င်လာသော ရခိုင် လူမျိုး များကို ဗုဒ္ဓ ဘာသာကို အကြောင်း ပြု ၍ အ မျိုး သား မှတ်ပုံတင် ကတ်ပြားများ၊ နိုင်ငံသား စီစစ်ရေး လက်မှတ်များ ထုတ်ပေး ခဲ့ သည်။ လ.၀.က ၀န် ထမ်း များသည် မည်သည့် ရိုဟင်ဂျာ များထံမှ လာဘ် စား၍ နိုင်ငံသား စိစစ်ရေး ကတ်ပြား ထုတ်ပေး ခြင်း မရှိခဲ့။ ရခိုင် လူမျိုး များကိုသာ ထုတ်ပေးခြင်း ဖြစ်သည်။ ရခိုင် လူမျိုး များ၏ မဟာ စီမံ ကိန်းမှာ ရခိုင် ပြည်နယ်တွင် ရခိုင် လူမျိုး တစ်မျိုးသာ နေထိုင်သော ရခိုင် နိုင်ငံတော် ထူထောင် ရေး ပင် ဖြစ်သည်။ ဤ သို့ဖြင့် ရခိုင် ပြည်နယ်ရှိ ဗမာ လူမျိုး များကိုလည်း မောင်းထုတ် ခဲ့သည်။ ဗမာ ၀န် ထမ်း များကိုလည်း ရခိုင် ပြည် နယ်မှ မောင်းထုတ် ခဲ့သည်။ ယခုအခါ ဆိုလျှင် ရခိုင် ပြည်နယ်တွင် ဗမာ မိသားစု တစ်စုမှ မတွေ့ ရသည့် အပြင် ဗမာ ၀န်ထမ်း များလည်း အလွန်ပင် ရှားပါး လာသည်ကို တွေ့ရသည်။ ၁၉၇၇ ခုနှစ်တွင် ရခိုင် လူမျိုးများ ဦးဆောင်သော ရခိုင် ပြည်နယ် ခွဲထွက်ရေး လှုပ်ရှား မှုများ ဖြစ်ပေါ် လာခဲ့ရာ ဦးနေ၀င်း အစိုးရမှ အရေးယူ နှိမ်နှင်း ခဲ့ရသည့် သာဓက ရှိခဲ့သည်။ ၂၀၁၃ ခု ဇွန်လက ရခိုင် ပြည်နယ် အစိုး ရက ဘင်္ဂလား ဒေရှ့်မှ ခေါ်ဆောင် လာသော ရခိုင် ဒုက္ခသည် များကို ရိုဟင်ဂျာ လူမျိုးများ ပိုင်သော လယ်မြေ များကို သိမ်းယူ၍ ဝေငှ ပေးခဲ့သည်။ နိုင်ငံခြား ရခိုင် ဒုက္ခသည်များ အနေဖြင့် မြန်မာ နိုင်ငံ ထဲတွင် ယာ ယီ နေထိုင်ခွင့် ရှိ၍ မြေယာ ပိုင်ဆိုင်ခွင့် မရှိနိုင်ပေ။ “ရခိုင် နိုင်ငံတော်ကို အစ္စရေး လူမျိုးများ အ စ္စရေး နိုင်ငံတော်ကို ထူထောင် သကဲ့သို့ တဖြည်းဖြည်း ထူထောင် ရမည်ဟု မကြာသေး မီက ရခိုင် အ မျိုးသား ပါတီ (RNDP) မှ တာဝန်ရှိ ပုဂ္ဂိုလ် တစ်ဦးက ထုတ်ဖော် ပြောဆို ခဲ့သည်ကို တွေ့ခဲ့ ရသည်။ ရို ဟင် ဂျာ မွတ်စလင် များအား ရခိုင်ပြည်နယ်မှမောင်းထုတ်နေခြင်းသည် ရခိုင် နိုင်ငံတော် ထူထောင် ရေး၏ ပထမ ခြေလှမ်းပင် ဖြစ်သည်။ ရိုဟင်ဂျာ လူမျိုးများ အနေဖြင့် ရခိုင် လူမျိုး များ၏ ခွဲ ထွက်ရေး မဟာ အစီ အစဉ်ကို ခါးခါး သီးသီး ငြင်းဆန်ပြီး ပြည်ထောင်စု အတွင်း မှာပင် အေးအတူ ပူ အမျှ နေထိုင် လိုစိတ် ရှိကြ သည်။ နိုင်ငံတော် သမ္မတကြီး အနေဖြင့် ဤရခိုင် လူမျိုး များ၏ “ရခိုင် နိုင် ငံတော် ထူထောင်ရေး မဟာ အစီ အစဉ်” ကို အချိန်မှီ မကာကွယ် ခဲ့လျှင် နိုင်ငံတော်၏ အချုပ် အခြာ အာ ဏာ တည်မြဲရေးနှင့် လွတ် လပ်ရေး ကိုပင် ထိခိုက် နိုင်သော အခြေ အနေများ ပေါ်ပေါက် လာနိုင် သည်ကို သ တိပြု ရ မည် ဖြစ်သည်။ 

အချုပ် ပြောရလျှင် မြန်မာ နိုင်ငံ အတွင်းတွင် မှီတင်း နေထိုင် ကြသော ရိုဟင်ဂျာ လူမျိုး တိုင်းသည် အမိ မြန်မာ နိုင်ငံ အပေါ်တွင် သစ္စာရှိ ကြပြီး သိက္ခာ ရှိသော မြန်မာ နိုင်ငံသား အဖြစ် အသက်ရှင် ရပ်တည် လို စိတ် ရှိကြသည်။ လွတ်လပ် ရေးရပြီး ချိန်မှ စ၍ ယခု အချိန် အထိ နိုင်ငံတော် အကြည်ညို ပျက်စေမည့် အကြောင်း တရားများ၊ နိုင်ငံတော်အား ထိခိုက် စေမည့် အကြောင်း တရားများ တစ်စုံ တစ်ရာ ကျူးလွန် မိခြင်း မရှိပေ။ ရိုဟင်ဂျာ လူမျိုးများ သက်ဝင် ယုံကြည် ကြသော အစ္စလာမ် ဘာသာ သည်လည်း မြန်မာ လူ မျိုး အများစု ကိုးကွယ်သော ဗုဒ္ဓဘာသာနှင့် ဆန့်ကျင်ဖက် “၀ိယောဓိ” အသွင်ကို မဆောင်ပဲ “မိတ်ဖက်” အသွင် ဆောင်နေ သည်သာ ဖြစ်သည်။ မြန်မာ နိုင်ငံရှိ ရိုဟင်ဂျာ လူမျိုးများ၏ လူ့အခွင့် အရေးနှင့် လူမျိုးစု အခွင့် အရေး များကို ရိုသေ လေးစား အကာ အကွယ် ပေးခြင်းအားဖြင့် နိုင်ငံ တကာနှင့် မွတ်စလင် ကမ္ဘာ၏ ရိုသေ လေးစား ခြင်းကို ခံရမည် ဖြစ်သည်။ မွတ်စလင် နိုင်ငံ များနှင့် မြန်မာ နိုင်ငံ အကြားတွင် အပြန် အလှန် အသိ အမှတ် ပြုမှုများ ကူးလူး ဆက်ဆံ မှုများ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု များလည်း တိုးတက် လာမည် ဖြစ်သည်။ မြန်မာ တိုင်းရင်းသား ဗုဒ္ဓဘာသာ များ အ တွက်လည်း လည်းကောင်း မွတ်စလင် များတွင် အလုပ်အကိုင် သွားရောက် လုပ်ကိုင် ရာတွင်နှင့် အခြေ ချ နေထိုင် ရာတွင် လုံခြုံမှုနှင့် အဆင် ပြေမှုများ ပိုရှိလာ နိုင်သည်။ အထက် ဖော်ပြပါ အချက် များကို သုံး သပ် ဆင်ခြင်၍ နိုင်ငံတော် သမ္မတကြီး အနေဖြင့် မြန်မာ နိုင်ငံတော်နှင့် မြန်မာ နိုင်ငံသူ နိုင်ငံသား အားလုံး တို့၏ အကျိုးကို သည်းပိုး ဆောင်ရွက် နိုင်ပါစေကြောင်း ရေးသား လိုက်ရ ပါသည်။

(လှအောင်)
ပြည်ပရောက် အမျိုးသား လူ့အခွင့်အရေး ဒီမိုကရက်တစ် ပါတီ
ပါရီမြို့၊ ပြင်သစ်နိုင်ငံ

  1. ယူနီဖေါင်းချိန်း ကြောင်သူတောကြီး နိုင်ငံတကာက အားလုံးသိတယ် သတိထား

Comment ရေးရန်

Rohingya Exodus