နောက်ဆုံးသတင်း/ဆောင်းပါးများ

အင်ဒိုနီးရှား ထိန်းသိမ်းရေး စခန်းတွင် ခိုက်ရန် ဖြစ်ပွားပြီး ၈ ဦး သေဆုံး

(ဓါတ်ပုံ - AP)
RB News
6.4.2013

မြန်မာ နိုင်ငံတွင် အစ္စလာမ် ဘာသာဝင် များကို အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ် ပွားပြီးနောက် သော ကြာနေ့ နံနက် အစောပိုင်းတွင် အင်ဒိုနီးရှား နိုင်ငံ၌ ရောက် ရှိ နေသော ရိုဟင်ဂျာ လှေ စီး ဒုက္ခ သည် များနှင့် တရားမ၀င် ငါးဖမ်း သမား များအကြား ငြင်းခုံ ဖွယ်ရာများ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် တိုက် ခိုက်ကြ ရာ (၈) ဦးသေဆုံး ခဲ့ရပြီး (၁၅) ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း နိုင်ငံတကာ သတင်းများ အရ သိရသည်။ 

အဆိုပါ လှေစီး ဒုက္ခသည် ၁၀၀ ကျော်နှင့် တရားမ၀င် ငါးဖမ်းသမား များကို ဆုမာတြာ မြောက်ပိုင်း ဒေသ ထိန်းသိမ်းရေး စခန်းတွင် ထိန်းသိမ်းထား ရှိခြင်း ဖြစ်သည်။ မိတ္တီလာမြို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် မှုများနှင့် ပတ်သက်၍ ပြောဆို ငြင်းခုံရာမှ ရိုဟင်ဂျာ အစ္စလာမ် ဘာသာရေး ဆရာအား ငါးဖမ်းသမား ဗုဒ္ဓဘာသာဝင်မှ ဓါးဖြင့် ထိုးရာတွင် အကြမ်းဖက်မှု စတင်ခဲ့ပြီး ငါးဖမ်းသမား ဗုဒ္ဓဘာသာဝင် ၈ ဦး သေ ဆုံးခဲ့ရပြီး ရိုဟင်ဂျာ မွတ်စလင် ၁၅ ဦး ဒဏ်ရာ ရခဲ့သည် ဟုသိရသည်။ 

အင်ဒိုနီးရှား ရဲမှ “အကြမ်းဖက် မှုဖြစ်သွားတာ အရမ်းမြန်တယ်။ ဒါလည်း မမျှော်လင့်ဘဲ ဖြစ်သွားတာ။ သူတို့တွေ အားလုံး ငြိမ်းငြိမ်း ချမ်းချမ်း အတူနေတာ ကြာပြီ။ သေဆုံးသွားတဲ့ သူတွေရဲ့ ဦးခေါင်းတွေမှာ ဒဏ်ရာ ရထားတာ များတယ်။ သူတို့က ကုလားထိုင်၊ ကျောက်ခဲ၊ ဓါးနဲ့ သစ်သား တွေသုံးပြီး တိုက်ခိုက် ကြတာ” ဟုပြောပါသည်။ 

ဗုဒ္ဓဘာသာဝင် ငါးဖမ်းသမား ၁၁ ဦးရှိသော်လည်း ၃ ဦးမှာ အဆိုပါ တိုက်ခိုက်မှုမှ အချိန်မှီ ထွက်ပြေး တိမ်းရှောင် နိုင်ခဲ့ပြီး၊ ရိုဟင်ဂျာ ၁၈ ဦးကို တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သူ များအဖြစ်ရဲများမှသံသယဖြစ် ကြောင်း သိရသည်။ 

ထွက်ပြေး တိမ်းရှောင် နိုင်ခဲ့သူ ၀င်းသိုက်ဦးမှ “ကျွန်တော်တို့ရဲ့ သူငယ်ချင်းတွေ သွေးအိုင်ထဲမှာ။ အဲဒီ အချိန်မှာ ကျွန်တော်တို့ ရှိခဲ့ရင်လည်း သေမှာ” ဟု အေပီ သတင်းဌာနမှ သတင်းထောက်ကို ပြောကြား သည်။ 

ထိန်းသိမ်းရေး စခန်းတွင် အာဖဂန် နစ္စတန်နှင့် သီရိလင်္ကာ နိုင်ငံတို့မှ ခိုလှုံခွင့် တောင်းခံသူ များနှင့် အတူ ၂၈၀ ဦးခန့် ထားရှိရာ ၀င်ဆံ့ သည့်ထက် နှစ်ဆ ဖြစ်နေကြောင်း အဆိုပါ သတင်းတွင် ရေး သား ဖော်ပြ ထား သည်။ ထိန်းသိမ်းရေး စခန်းတွင် နေသူ များမှာ မြန်မာ နိုင်ငံတွင်း တွင် ဖြစ်ပွားနေသော အခြေအနေ များကို သိရှိခြင်း မရှိသော်လည်း မိတ္တီလာ မြို့တွင် ဖြစ်ပွားခဲ့သော ဓါတ်ပုံများကို မည်ကဲ့သို့ ရရှိခဲ့သည်ကို သတင်း များတွင် ဖော်ပြထားရှိ မရှိပေ။ 

နိုင်ငံတော် သမ္မတရုံးမှ ညွန်ကြားရေးမှူး ဦးဇော်ဌေးမှ ပြစ်မှု ကျူးလွန်သူ များကို ထိရောက်စွာ အရေး ယူ ပေးရန် အင်ဒိုနီးရှား နိုင်ငံ သို့ တောင်း ဆို ထားကြောင်း ၎င်း ၏ Facebook စာမျက်နှာ တွင် ရေး သား ဖော်ပြ ထားသည်။ 

မိတ္တီလာ မြို့နှင့် ပဲခူးတိုင်း အနောက်ခြမ်း တို့တွင် အကြမ်းဖက် သမားများမှ ဗလီ ပေါင်းများစွာနှင့် အစ္စလာမ် ဘာသာဝင် များ၏ နေအိမ်များစွာကို မီးရှို့ဖျက်ဆီးပြီး မွတ်စလင်ပေါင်း များစွာကို မီးရှို့ သတ်ဖြတ်ခဲ့ခြင်း များကို ယခုအချိန်ထိ အရေးယူခြင်း မရှိသေးသည်ကို တွေ့ရသည်။

Comment ရေးရန်

Rohingya Exodus