ARAKAN ROHINGYA NATIONAL ORGANISATION
ARAKAN, BURMA
ကြေညာချက်
ရက်စွဲ။ ၂၀၁၃ ဧပြီလ (၉) ရက်
ARNO မှ ဘန်ကောက် ဆန္ဒပြပွဲတွင် ဓါတ်ပုံ မီးရှို့ခြင်းအား ကန့်ကွက် ရှုတ်ချခြင်း
ဧပြီလ (၉) ရက်နေ့မှာ မြန်မာ ရိုဟင်ဂျာ အသင်း (ထိုင်း) က ဦးဆောင်ပြီး ဘန်ကောက်မြို့ မှာရှိတဲ့ မြန်မာ သံရုံး ရှေ့ ဆန္ဒပြပွဲမှာ မြန်မာ နိုင်ငံ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်းနှင့် အတိုက် အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် တို့ရဲ့ ဓါတ်ပုံတွေကို မီးရှို့ပြီး ဆန္ဒ ဖော်ထုတ်ခြင်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ Arakan Rohingya National Organisation (ARNO) က ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချ လိုက်ပါသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ကျွန်တော်တို့ အနေဖြင့် လွန်စွာ စိတ်ပျက်၊ စိတ်မချမ်း မမြေ့ ဖြစ်ရပြီး၊ ထိုသို့ ပြုလုပ်ခြင်းကို ရိုဟင်ဂျာ လူမျိုးများ အနေဖြင့် လုံးဝ လက်မခံနိုင် ပါကြောင်း သိစေ အပ်ပါသည်။
ရိုဟင်ဂျာ အရေး လှုပ်ရှားသူ များကိုလည်း ထိုကဲ့သို့ မတော်မရော် လှုပ်ရှားမှု များကို ရှောင်ရှားရန် သတိပေး ပါသည်။
ဆက်သွယ်ရန်
ဦးနူရူလ်အစ္စလာမ် - +၄၄ ၇၉ ၄၇၈၅ ၄၆၅၂
အီးမေးလ် - info@rohingya.org
အာရ်ကာန် ရိုဟင်ဂျာ အမျိုးသား အဖွဲ့ချုပ်
အာရ်ကာန်၊ မြန်မာပြည်
၂၀၁၂ ခုနှစ်၊ နိုဝင်ဘောလ ၂၄ ရက်
နိုဝင်ဘာ ၂၁ ရက်နေ့ လွတ်လပ်သော အာရှအသံ မြန်မာပိုင်းအစီစဉ်မှ ထုတ်လွှင်သောသတင်း “မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ် နေ့ချင်းပြန်သွားလာမှု တင်းကြပ်လိုက်ပြီ” ခေါင်းစဉ်အောက်တွင် “မြန်မာအစိုးရ GE စစ်အင်ဂျင်နီယာတပ် ၀န်ထမ်း ၃ ဦးကို အာရ်ကန် ရိုဟင်ဂျာ အမျိုးသား အစည်းအရုံး ARNO က ဖမ်းဆီး ထားတယ်လို့ ယူဆတဲ့အတွက် မြန်မာနိုင်ငံ မောင်တောမြို့နဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံ တက္က နက် မြို့ တို့ အကြား နေ့ချင်းပြန်သွားလာမှုကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့က စပြီး မြန်မာဘက်ရှိ နယ်စပ် အ၀င် အ ထွက်ရုံး ကို အကန့်အသတ်မရှိ ပိတ်ဆို့ လိုက်တယ် လို့ သိရပါတယ်။” ဆိုသည့် ကို အေအာရ်အန်အို အနေဖြင့် ပြင်းပြင်းတန်တန် ရှုတ်ချ ကန့်ကွက် သည်။
မြန်မာအစိုးရ GE စစ်အင်ဂျင်နီယာတပ် ၀န်ထမ်း ၃ ဦးကို ဖမ်းဆီးထားသည့် ဆိုရာတွင် အေအာရ်အန်အို အနေဖြင့် တိုက်ရိုက်သော်၎င်း၊ သွယ်ဝိုက်၍သော်၎င်း ပတ်သက်မှုမရှိပါ။ အေအာရ်အန်အို၏ ဂုဏ်သိက္ခာ ကျဆင်းစေရန် နိုင်ငံရေးအရလံကြုပ်လုပ်ဇာတ်ခင်းပြီးထုတ်လွှင်သည့်သတင်းဖြစ်သည့်အတွက် ပြင်းပြင်းထန်ထန်ကန့်ကွက်သည့်အပြင်လွတ်လပ်သောအာရှအသံအနေဖြင့် သက်သေအထောက်အထား များပြသပါရန် တောင်းဆိုသည်။
ထို့ပြင် အေအာရ်အန်အိုသည် ငြိမ်းချမ်းရေးလမ်းစဉ်ပေါ်တွင်ရပ်တည်သော နိုင်ငံရေးအဖွဲ့အစည်းတခု ဖြစ်ကြောင်း၊ရိုဟင်ဂျာများ ပြဿနာကို နိုင်ငံတကာပူးပေါင်းမှုဖြင့် ငြိမ်းချမ်းစွာဆောင်ရွက် နိုင်မည်ဟု ယုံ ကြည်သည်။
အပြည့်အစုံ သိရှိရန် နှင့် ဆက်သွယ်ရန်။
နူရ်အီစ္စလာမ် ဖုံး ။ + ၄၄ ၇၉၄၇၈၅၄၆၅၂
ဓါတ်ပုံသတင်း
- ရွာအုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲ ရှုံးနိမ့်သည်ကို အကြောင်းပြု၍ ရွာသားများကို လုပ်ကြံ၍ ငွေညှစ်
- ရခိုင် = ၁၈၂၄ နောက်ပိုင်း လူမျိုး
- ရိုဟင်ဂျာ လူငယ် တစ်ဦးကို မဟုတ်မမှန် စွပ်စွဲ ဖမ်းဆီး၍ SB အောင်ကျော်ဇင်မှ ငွေ ၅ သိန်း တောင်းနေ
- ကန်လွှတ်တော် အမတ်များ မြန်မာ သမ္မတနဲ့ တွေ့ဆုံ
- ဘူးသီးတောင် တပ်မင်းချောင်း မူလတန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီးက ငွေညှစ်နေ
- အလယ်သံကျော်မှ အုပ်ချုပ်ရေးမှူး၏ တပည့်က တရားမ၀င် ဇနီးကို ကိုယ်ဝန် ဖျက်ချခိုင်းရာမှ သေဆုံးမှု ဖြစ်ပွား
- ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ မြန်မာလုံခြုံရေးတပ် အပြစ်ရှိနိုင်ဟု ယူအန် ပြောကြား
- ခမရ (၂၃၆) မှ စစ်သားများက ဘူးသီးတောင် ကျွန်းပေါက်နှင့် ဂုတ်ဖီရွာများရှိ နေအိမ်များမှ လုယက်၊ ရွာသားများကို ဖမ်းဆီး ငွေညှစ်
- မြန်မာ့ အပြောင်းအလဲ စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်ဖို့ လို
- မောင်တောမြို့တွင် ရိုဟင်ဂျာ သက်ကြီးတစ်ဦးကို ရခိုင် ၃ ဦးမှ သတိလစ်သည့် အထိ ၀ိုင်းရိုက်
ဂျီနိုဆိုက်ဆိုတာဘာလဲ?
ဒေါက်တာဇာနည် ရှင်းပြသည့် ရိုဟင်ဂျာ


