နောက်ဆုံးသတင်း/ဆောင်းပါးများ




၂၀၁၇ မတ်လ (၂၇) ရက်

အကြမ်းဖက် ရာဇ၀တ်ကောင် အုပ်စုများ အဖြစ် သတ်မှတ်ခြင်း

ရိုဟင်ဂျာတို့အား ကျူးလွန်မှု အပါအ၀င် မြန်မာတစ်နိုင်ငံလုံးရှိ လူနည်းစုများ အာဏာမဲ့များ လူ့အခွင့်ရေး ဆောင်ရွက်သူများ အပေါ်ကျူးလွန်ခဲ့သော စစ်အာဏာရှင် အကြမ်းဖက် ရာဇ၀တ်ကောင် များ၏ ကျူးလွန်မှုများနှင့် စပ်လျှဉ်း၍ “နိုင်ငံတကာ မှုခင်း အချက်အလက် ရှာဖွေရေး ကော်မရှင်” ဖွဲ့စည်းရန် ကမ္ဘာ့ကုလသမဂ္ဂမှ ဆုံးဖြတ်ချက် ချမှတ်သည်အား ကန့်ကွက်၊ ဟန့်တား၊ တားဆီး၊ ပိတ်ပင် သည့် မည်သည့် အဖွဲ့၊ မည်သည့်ပါတီ၊ မည်သည့် အာဏာပိုင်၊ မည်သည့် လူပုဂ္ဂိုလ် မဆို ကျွန်ုပ်တို့ Civil Rights Movement မှ အကြမ်းဖက် ကမ္ဘာ့ ရာဇ၀တ်ကောင်များ အဖြစ် သတ်မှတ်လိုက်သည်။

“နိုင်ငံတကာ မှုခင်း အချက်အလက် ရှာဖွေရေး ကော်မရှင်”သည် ရခိုင်ဒေသ တစ်ခုတည်းကိုသာ ရာဇ၀တ်မှု ကျူးလွန်ခြင်း အထောက်အထားများ ရှာဖွေ စုဆောင်းမည် မဟုတ်ဘဲ၊ ကချင်၊ ကရင်၊ မွန်၊ ရှမ်း၊ မြန်မာပြည်မ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူ့အခွင့်အရေး ချိုးဖေါက်ကျူးလွန်မှုများ၊ စစ်ရာဇ၀တ် ကျူးလွန်မှုများအား ဖေါ်ထုတ်မည် ဟု ဆုံးဖြတ်ပြီး ဖြစ်၍- အဆိုပါ “နိုင်ငံတကာ မှုခင်း အချက်အလက် ရှာဖွေရေး ကော်မရှင်”အား ကန့်ကွက်သူ၊ ဟန့်တားသူ၊ တီးဆီးပိတ်ပင်သူ မည်သူ သည် မဆို မြန်မာအ၀ှမ်းရှိ ဖိနှိပ်ခံ လူနည်းစုများ၊ လူ့အခွင့်အရေးဆောင်ရွက်သူများ၊ ဖိနှိပ်ခံနေရသော ပြည်သူများ အားလုံး၏ ဘုံရန်သူ ဖြစ်ကြောင်းလည်း ကျွန်ုပ်တို့ Civil Rights Movement မှ သတ်မှတ်သည်။

မြန်မာတစ်နိုင်ငံလုံးရှိ အပြစ်မဲ့ ပြည်သူ တစ်ရပ်လုံးအပေါ် ကျူးလွန်သည့် ကျူးလွန်သူတို့အား ဖေါ်ထုတ်အရေးယူမှု ဆောင်ရွက်သည်အား ဟန့်တားသူ၊ ကန့်ကွက်သူ၊ သဘောမတူသူ အားလုံးသည် သမိုင်းတရားခံ စင်စစ်များလည်း ဖြစ်သည်။

မုဟမ္မဒ်တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement




ထိထိရောက်ရောက် ပြတ်ပြတ်သားသား အရေးယူပေးရန် တောင်းဆိုခြင်း-

ဇန်န၀ါရီလ (၂၉ ) ရက်၊ ၂၀၁၇

လက်ရှိ အာဏာရ အစိုးရ ပါတီဖြစ်သော NLD ပါတီ၏ ဥပဒေ အကြံပေး ပညာရှင် ရှေ့နေကြီး ဆရာဦးကိုနီ လုပ်ကြံခံမှု အပေါ် ကျွန်ုပ်တို့ Civil Rights Movement မှ အလွန်အမင်း စိတ်မကောင်း ဖြစ်မိပါသည်။

လက်နက် ကိုင်ဆောင်မှုအား တင်းကျပ်ထားသော နိုင်ငံလည်း ဖြစ်၊ မြို့ပြ(သေနတ်)လက်နက်မဲ့ ဇုံလည်း ဖြစ်သော နေရာတွင် ဥပဒေပညာရှင်ကြီး ဦးကိုနီအား သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသည် ဆိုခြင်းမှာ အဆိုပါ လုပ်ကြံမှုအား တရားဝင် လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုမှ တိုက်ရိုက်ပါဝင် ပတ်သက်သည်ဟု ကျွန်ုပ်တို့ Civil Rights Movement အဖွဲ့မှ မှတ်ချက်ပြုသည်။

အဆိုပါ အမှုအား တိတိကျကျ ပြတ်ပြတ်သားသား ကိုင်တွယ်၍ တရားအစစ်အား ပြတ်ပြတ်သားသား အရေးယူပေးရန် အာဏာပိုင် အဖွဲ့အစည်းအားလုံးအား တောင်းဆိုပါသည်။


မုဟမ္မဒ် တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement


နေ့စွဲ၊ ၂၀၁၆ ခု နိုဝင်ဘာ ၂၉ ရက်

အထူး မေတ္တာရပ်ခံချက်

ပြည်တွင်းရှိ ရိုဟင်ဂျာ ညီအစ်ကို မောင်နှတို့အား မတရားသဖြင့် သတ်ဖြတ်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း အဓမ္မကျင့်မှု ကျူးလွန်ခြင်း၊ အိုးအိမ် ဥစ္စာ လယ်ယာတို့အား ဖျက်ဆီးခြင်း၊ လူမျိုးတုံး သုတ်သင်သည် ထိ ကျူးလွန်နေမှုများ။ မြန်မာ မွတ်ဆလင် ညီအစ်ကို မောင်နှမတို့အား မတရားသော ပုဒ်မများဖြင့် အပြစ်ရှာ ဖမ်းဆီးနေခြင်း၊ ထောင်ချနေခြင်း၊ ဘာသာရေး အဆောက်အဦးတို့အား အတင်း အဓမ္မ ပိတ်ပင်ခြင်း ဖျက်ဆီးခြင်းများ အပြင် စိတ်ဓါတ်ရေးရာ သိမ်ငယ်စေရန် ရည်ရွယ်ချက်ဖြင့် ပြည်တွင်း မီဒီယာများနှင့် ဆိုရှယ်မီဒီယာများမှ “ဘင်္ဂလီ” တံဆိပ်ထု လှုံ့ဆော်နေခြင်းများကြောင့်-- မခံမရပ် နိုင် လောက်အောင် ခံစားနေရသည် နာကြည်းနေရသည်ကို ကျွန်ုပ်တို့ Civil Rights အဖွဲ့နှင့် ညီအစ်ကို ရိုဟင်ဂျာ အဖွဲ့အစည်းများ၊ မြန်မာမွတ်ဆလင် အဖွဲ့အစည်းများမှ နားလည်ခံစားပေးနိုင်ပါသည်။

အဆိုပါ ရာဇ၀တ်မှုတို့အား ကျူးလွန်သော၊ ကျူးလွန်ရန် သွေးထိုးလှုံ့ဆော်ပေးသော ရာဇ၀တ်ကောင် တို့အား ဤနေ့ ဤရက်မှ စ၍- ပြင်းထန်ပြတ်သား ထိရောက်သော နည်းလမ်းများဖြင့် (ကမ္ဘာ့ ဥပဒေ ဘောင်တွင်းမှ) ဆက်တိုက် အရေးယူသွားမည် ဖြစ်ကြောင်း ရိုဟင်ဂျာ မြန်မာမွတ်ဆလင် ညီအစ်ကို မောင်နှမ အပေါင်းအား အသိပေးလိုပါသည်။

အရေးယူသည် ဆိုခြင်းမှာ ပြစ်မှုကျူးလွန်သော ရာဇ၀တ်ကောင်များကိုသာ အရေးယူရခြင်း ဖြစ်၍- ဘ၀ပေး အမျိုးမျိုးကြောင့် ပြည်ပတွင် လာရောက် လုပ်ကိုင်စားသောက်နေရသော အပြစ်မဲ့သူများ မပါဝင်ပါ။ မလေးရှား၊ အင်ဒိုနီးရှား၊ ယူအေအီး၊ ဘင်္ဂလားဒေ့ရှ် စသော မွတ်ဆလင် လူများစုနေထိုင်ရာ နိုင်ငံများ အပါအ၀င် အခြားသော (ထိုင်းနိုင်ငံကဲ့သို့) ပြည်ပနိုင်ငံများတွင် လုပ်ကိုင် စားသောက်နေ ရသော- (မြန်မာ နိုင်ငံသား) ဗုဒ္ဓဘာသာ၊ ခရစ်ယာန် မည်သည့် အပြစ်မဲ့ လူသား တစ်ဦးတစ်ယောက် ကိုမျှ မထိခိုက် မနစ်နာရစေရန်- ကျွန်ုပ်တို့ ရိုဟင်ဂျာ မြန်မာမွတ်ဆလင် ညီအစ်ကို မောင်နှမ တစ်ဦးချင်းစီတွင် တာဝန်ရှိနေပါသည်။

သက်ဆိုင်ရာ နိုင်ငံတိုင်းတွင် ရှိသော ကျွန်ုပ်တို့၏ Civil Rights အဖွဲ့များနှင့် ကျွန်ုပ်တို့ဖြင့် နီးစပ်သော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များကိုလည်း - အပြစ်မဲ့ မြန်မာနိုင်ငံသား ညီအစ်ကို မောင်နှမ အားလုံးကို ကူညီစောင့်ရှောက်ပေးပါရန် မေတ္တာရပ်ခံထားပြီး ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ လက်လှမ်းပြင်ဘက်ရှိ ရိုဟင်ဂျာ မြန်မာမွတ်ဆလင် ညီအစ်ကိုမောင်အားလုံးကိုလည်း ထပ်တူထပ်မျှ မေတ္တာရပ်ခံပါသည်။

မည်သူ တရားပျက်ပျက်၊ မိမိဘက်မှ တရားမပျက်ရန် လွန်စွာ အရေးကြီးပါသည်။ တရားသော သူများသည်သာ အောင်မြင်မှု ပန်းတိုင်ဖြင့် အပ်စပ်ကြောင်းကိုလည်း သတိမမေ့စေလိုကြောင်း ထပ်မံ၍ မေတ္တာရပ်ခံ လိုပါသည်။ -



မုဟမ္မဒ်တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement



နေ့စွဲ၊ ၂၀၁၆ ခု နိုဝင်ဘာ ၂၄ ရက်

မြန်မာအစိုးရအား အပြင်းအထန် သတိပေးချက်နှင့် တောင်းဆိုချက်

(၁) ရိုဟင်ဂျာ လူမျိုးတို့အား ရိုဟင်ဂျာ လူမျိုးအဖြစ် အသိအမှတ်ပြု၍၊ မြန်မာနိုင်ငံရှိ လူနည်းစုအားလုံး တန်းတူညီမျှ အခွင့်အရေး လက်တွေ့ခံစားခွင့်ရှိစေရမည် ဟူသည့် နိုင်ငံတော် အမိန့်ပြန်တမ်းအား ချက်ချင်း ထုတ်ပြန်ရန်၊ (လူနည်းစု အားလုံး အတွက် ဘ၀လုံခြုံမှု အာမခံချက် ချင်းချင်းပြဌာန်း ဆောင်ရွက်ရန်)

(၂) ရခိုင်ပြည်နယ်တွင်း ရိုဟင်ဂျာတို့အား သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ နှိပ်စက်ညှင်းပန်းခြင်း၊ ခြိမ်းချောက်ခြင်းတို့အား ချက်ချင်းရပ်တန့်ရန်။ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး အဖွဲ့နှင့် ကမ္ဘာ့ မီဒီယာတို့ အား ချက်ချင်းဝင်ခွင့်ပြုရန်၊

(၃) ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်တို့တွင် ဖြစ်ပေါ်နေသော စစ်ဘေးဒုက္ခသည် အပေါင်းထံ နိုင်ငံတကာ အကူအညီများ ချက်ချင်းဝင်ရောက်ကူညီခွင့်ပြုရန်၊

(၄) ရိုဟင်ဂျာ အပါအ၀င် မြန်မာနိုင်ငံ အတွင်းရှိ မွတ်ဆလင်တို့အား ပုတ်ခတ်စော်ကားနေသော လူပုဂ္ဂိုလ်များ၊ အာဏာပိုင်များ၊ မီဒီယာများအား ချက်ချင်း ထိရောက်စွာ အရေးယူပေးရန်၊ (မွတ်ဆလင် တို့အား ဘင်္ဂလီ ဟု သုံးနေသည့် မီဒီယာများအား ချက်ချင်း ဖမ်းဆီးအရေးယူပေးရန်)

(၅) ဖျက်ဆီးခံ ဗလီဝတ်ကျောင်းများ၊ ခရစ်ယာန်ဘုရားကျောင်းများနှင့် အခြားသော သာသနိက အဆောက်အဦးများအား နိုင်ငံတော် ဘတ်ဂျက်ဖြင့် ချက်ချင်းပြန်ဆောက်ပေးရန်၊ ဖျက်ဆီးခဲ့သည့် တရားခံတို့အား ချက်ချင်း ဖေါ်ထုတ် ဖမ်းဆီးပေးရန်နှင့် ပိတ်ထားသည့် သာသနိက အဆောက်အဦး များအား ချက်ချင်းဖွင့်ပေးရန်၊

ကျွန်ုပ်တို့ Civil Rights Movement မှ ပြင်းပြင်းထန်ထန် ပြတ်ပြတ်သားသား တောင်းဆိုလိုက်သည်။ (ဤတောင်းဆိုချက်များ မလိုက်လျှောလျှင် ဖြစ်ပေါ်လာမည့် အကျိုးဆက်များသည် နိုင်ငံတော် အာဏာပိုင် အစိုးရများနှင့်သာ သက်ဆိုင်သည်။)


မုဟမ္မဒ်တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement



နေ့စွဲ၊ ၂၀၁၆ ခု အောက်တိုဘာ ၁၀ ရက်



လက်တွေ့ကျကျ မှန်မှန်ကန်ကန် ဖြေရှင်းပေးပါရန် တောင်းဆိုခြင်း

မြန်မာ ဘင်္ဂလားနယ်စပ် မောင်းတောမြို့နယ်နှင့် အခြားနေရာများအား တိုက်ခိုက်ခံရသည့် ဖြစ်စဉ်တို့ အား ကျွန်ုပ်တို့ Civil Rights Movement အဖွဲ့မှ စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာလျှက် ရှိပါသည်။

ကျွန်ုပ်တို့ Civil Rights အဖွဲ့ အနေဖြင့် မည်သည့် လက်နက်ကိုင် ဖြေရှင်းနည်းကိုမျှ မနှစ်သက်သည့် အပြင် အားပေးခြင်းလည်း အလျှဉ်း မရှိပါ။ သို့အတွက် လက်နက်ကိုင် ဖြေရှင်းသည့် နည်းမှန်သမျှအား ပြင်းပြင်းထန်ထန် ကန့်ကွက်ပါသည်။ သက်ဆိုင်ပတ်သက်သော လက်နက်ကိုင် အဖွဲ့အား ပွင့်ပွင့် လင်းလင်း တိတိကျကျ ဖေါ်ထုတ်လျှက် ပြတ်ပြတ်သားသား ချေမှုန်းပစ်ရန် အားပေးပါသည်။

သို့သော်လည်း နိုင်ငံရေးလှည့်ကွက် အဖြစ် ဖန်တီး၍ သော်လည်းကောင်း ကချင်စစ်မျက်နှာ ဖြစ်ရပ်များအား အာရုံလွှဲရန် အတွက်လည်းကောင်း ယုတ္တိမဲ့ လူမျိုးရေး ဘာသာရေး အမုန်းတရား ဓါတ်ခံများဖြင့် ရိုဟင်ဂျာတို့အား ထပ်ဆင့်ဖိနှိပ်ရန် ဟန်ပြင်သည့် အနေဖြင့်လည်းကောင်း- မသမာ သူတို့က ဖန်တီးခြင်း ဖြစ်ခဲ့သော်- ဤကိစ္စအား အစိုးရအနေဖြင့် တာဝန်ခံရမည်သာ ဖြစ်သည်။

မည်သည့် အဖွဲ့မှ ၀င်ရောက်တိုက်ခိုက်သည်ဟု တိကျစွာ အဖြေ မထုတ်နိုင်မှီ ဤကိစ္စနှင့် စပ်လျှဉ်း၍ အပြစ်မဲ့ ရိုဟင်ဂျာ လူထု အပေါ်သို့ အလျှင်စလို ခေါင်းပုံချသည့် မီဒီယာများ ပါတီဝင်များ လူပုဂ္ဂိုလ်များ အားလည်း ထိရောက်စွာ အရေးယူပေးပါရန် လက်ရှိအစိုးအား ကျွန်ုပ်တို့ တောင်းဆို ပါသည်။

ဤ ကိစ္စသည် ကျွန်ုပ်တို့ အနေဖြင့် ခေါင်းကိုက်ရမည့် ကိစ္စဆိုသည်ထက် ဖြေရှင်းမှု မမှန်ကန်လျှင် လက်ရှိ အာဏာပိုင် အစိုးရ အနေဖြင့် ကုစားမရနိုင်သည့် ခေါင်းကိုက်ရမှုကြီးဖြင့် ရင်ဆိုင်ရမည် ဆိုသည်ကိုလည်း သတိမူမိစေလိုပါသည်။



မုဟမ္မဒ်တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement



နေ့စွဲ၊ ၂၀၁၆ ခု အောက်တိုဘာ ၇ ရက်


ပယ်ဖျက်ပြီး ဥပဒေများဖြင့် ဖမ်းဆီးခံတို့အား ချွင်းချက်မရှိ လွှတ်ပေးရန် တောင်းဆိုခြင်း


မြန်မာ အစိုးရ၏ “အရေးပေါ်စီမံချက် ဥပဒေ (၅/ ည) အပါအ၀င်- ဧည့်စာရင်းတိုင်ရသည့် ဥပဒေများ ပေါ်လစီများအား ဖျက်သိမ်းလိုက်ခြင်းအား ကျွန်ုပ်တို့ Civil Rights Movement အနေဖြင့် လှိုက်လှဲစွာ ကြိုဆိုပါသည်။

အဆိုပါ ဥပဒေ တို့ အား ဖျက်သိမ်းလိုက်သည်နှင့် တစ်ပြိုင်နက်- ရှေးယခင် ထို ဥပဒေ များ ပုဒ်မ ခွဲများ ဆက်စပ် ပုဒ်မများဖြင့် ဖမ်းဆီး၍ ထောင်ချထားခဲ့သော အကျဉ်းသားတို့အား- ဆက်လက်၍ အကျဉ်းထောင်များတွင် ထားရှိခြင်းမှာ အကြုံးမ၀င်တော့ပေ။

သို့ဖြစ်၍- အရေးပေါ်စီမံချက် ဥပဒေ သို့မဟုတ် ဆက်စပ် ဥပဒေများဖြင့် ဖမ်းဆီး၍ ထောင်ချထားခဲ့ခြင်း၊ ဧည့်စာရင်း ကိစ္စများဖြင့် ဖမ်းဆီး၍ ထောင်ချထားခဲ့ခြင်း- ရှိသော အကျဉ်းသား အားလုံးအား ချွင်းချက်မရှိ ချက်ချင်း လွှတ်ပေးရန် ကျွန်ုပ်တို့ Civil Rights Movement အဖွဲ့မှ တောင်းဆိုပါသည်။

အလားတူပင်- အဆိုပါ ဥပဒေများ ပုဒ်မများဖြင့် ငြိစွန်း၍- အဖမ်းမခံလိုသဖြင့် ထွက်ပြေးတိမ်းရှောင် ခဲ့ရသူတို့အား- ၀ရမ်းပြေးများ အဖြစ်မှ သော်လည်းကောင်း နာမည်ပျက်စာရင်းဝင် ရှိနေခြင်းမှ သော်လည်းကောင်း- အစိုးရအနေဖြင့် တရားဝင် ကြေငြာ၍ ပယ်ဖျက်ပေးရန်လည်း ကျွန်ုပ်တို့ Civil Rights Movement အဖွဲ့မှ တောင်းဆိုပါသည်။



မုဟမ္မဒ်တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement





နေ့စွဲ၊ ၂၀၁၆ ခု စက်တင်ဘာ ၂၂ ရက်

လူ့အခွင့်ရေး ကာကွယ်စောင့်ရှောက်သူများအား မေတ္တာရပ်ခံချက်

မြန်မာနိုင်ငံ အတွင်း လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ၊ ကာကွယ်စောင့်ရှောက်လိုသူများ ယခင်နှစ်များထက် ပိုမို ပေါ်ပေါက်လာခြင်း အပေါ် ကျွန်ုပ်တို့၏ Civil Rights Movement အဖွဲ့မှာ အထူးဝမ်းမြောက်စွာ ကြိုဆိုပါသည်။

လူ့အခွင့်အရေး Human Rights နှင့် Civil Rights ဟူသည် အသွင် သဏ္ဍာန်အားဖြင့် တူညီဟန် ရှိသောလည်း အနက်သဘောမှာ ကွဲပြားလျှက် ရှိသည်။ Human Rights ဟူသည် လူ သား တို့၏ အခွင့်အရေး ချိုးဖေါက်ခံရခြင်းအား ခုခံကာကွယ်ခြင်း သဘောကို ဆောင်၍- Civil Rights ဟူသည် လူအတန်းအစား ခွဲခြားခံရခြင်းအား ခုခံကာကွယ်ခြင်း ဖြစ်သည်။

ကျွန်ုပ်တို့ Civil Rights Movement အနေဖြင့် မြန်မာပြည် အတွင်း ဖြစ်နေသော - အင်းဝ အပ်ချုပ်ဆိုင် ကိစ္စ အပါအ၀င်- ဖြစ်ရပ်များ အပေါ် မျက်ခြေပြတ်ခြင်း မရှိပါ။ လူသား အချင်းချင်း နှိပ်စက်ခြင်း၊ ကျွန်ပြုခြင်း၊ အနိုင်ကျင့်ခြင်းများအား ကျွန်ုပ်တို့ Civil Rights Movement အနေဖြင့် စက်ဆုတ်မုန်းတီးပါသည်။ သို့အတွက် - လူသားချင်း ကူညီစောင်မသော သတင်းထောက် ပုဂ္ဂိုလ်ဖြင့် ၀န်းရံကြသော သူတို့အားလည်း ကျေးဇူးတင်စွာဖြင့် အသိအမှတ်ပြု ပါသည်။ ထိုပုဂ္ဂိုလ်မျိုး အတွက် ဂုဏ်ယူပါသည်။

ထိုဖြင့် တစ်ဆက်တည်းပင်- လူ့အခွင့်အရေး ခုခံကာကွယ်သူများ အနေဖြင့် - လူမျိုးရေးဆန်သော ဝေါဟာရများ၊ ခံစားချက်များမှ ကင်းရှင်းစေရန် သတိကြီးစွာ ဆောင်ရွက်ပါရန် မေတ္တာရပ်ခံပါသည်။ မိမိတို့၏ အနိုင်ယူလိုဇောဖြင့်- စိတ်လိုက်မာန်ပါမှုများ ဖြစ်လာခဲ့သော်- လူမျိုးရေး ဘာသာရေး အသုံးချ လိုသူများ၏ ပရောဂများလည်း ပူးကပ်သွားနိုင်သည်- ဆိုခြင်းအား ဆင်ခြင်ပါရန် မေတ္တာရပ်ခံပါသည်။

ကျွန်ုပ်တို့ Civil Rights Movement အနေဖြင့် လူတန်းစား မခွဲ မျက်နှာမလိုက် - သမ မျှတ သော လူ့အခွင့်အရေး လုပ်ဆောင်မှု မှန်သမျှအား ထောက်ခံအားပေးလျှက် ရှိသော်လည်း - အကယ်၍ လူ့အခွင့်အရေး ဆောင်ရွက်သူများ အနေဖြင့် လူတန်းစား ခွဲခြားမှုများ ပတ်သက်လာခဲ့သော် - ကျွန်ုပ်တို့၏ ခေါင်းစီးဖြစ်သော Civil Rihgts နှင့် ထိပ်တိုက် ဖြစ်လာမည် ဖြစ်လာ၍- လူတန်းစား ခွဲခံရသော ဘက်မှသာ ကျွန်ုပ်တို့ အနေဖြင့် ရပ်တည်ရမည် - ဖြစ်သည်ဟုလည်း အသိပေးလိုပါသည်။

တရားမျှတသော လူ့အခွင့်အရေး ၀န်ဆောင်များ၊ လှုပ်ရှားတက်ကြွသူများ- တရားမျှတမှုကို ပိုမို၍ ဖန်တီးနိုင်ကြပါစေ ဟု လည်း ဆန္ဒပြုပါသည်။


မုဟမ္မဒ်တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement



နေ့စွဲ၊ ၂၀၁၆ ခု စက်တင်ဘာ ၈ ရက်

စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များ သို့ အကြံပေးခြင်း

မြန်မာ နိုင်ငံ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် အပါဝင် မြန်မာ့တပ်မတော်တွင်း ဆုံးဖြတ်ချက် ပြု နိုင်သူတို့အား ကျွန်ုပ်တို့ Civil Rights Movement (For Burma) အဖွဲ့မှ စေတနာကောင်းဖြင့် ရိုးသားစွာ အကြံပြုလိုပါသည်။

ရခိုင်ပြည်နယ် ကိစ္စ အပါအ၀င် မြန်မာတစ်နိုင်ငံလုံးတွင် ဖြစ်ပေါ်နေသော၊ ဖြစ်ပေါ်ခဲ့သော- ပဋိပက္ခများ၊ ပြသနာများ၊ စစ်မက်ဖြစ်ပွားမှုများမှာ- နိုင်ငံရေး ဆိုင်ရာ ဖြေရှင်းမှုများ အပေါ် မကျေမနပ် ဖြစ်မှုများမှ စတင်ခဲ့ခြင်းများသာ ဖြစ်ပြီး- စစ်ဘက်ဆိုင်ရာ မကျေနပ်မှုများမှ စတင်ခဲ့ခြင်း အလျှဉ်း မရှိခဲ့ပါ။

သို့သော်လည်း မကျေနပ်ကြသော အုပ်စု၊ လူမျိုးစုတို့နှင့် နိုင်ငံရေးအားဖြင့် ဖြေရှင်းမှုတို့တွင် တိကျသော အဖြေ မထွက်သည်အား- အားမရ၍ ဖြစ်စေ- တိုင်းပြည်၏ အချုပ်အခြာ ထိခိုက်မည်ဟု စိုးရိမ်၍ ဖြစ်စေ- စစ်တပ်အင်အားစုမှ နိုင်ငံတော် အာဏာအား စိုးမိုးချုပ်ကိုင် လိုက်သည်မှ စ၍- ရှိရင်းစွဲ ပြသနာများမှာ ရှင်းလင်းသွားခြင်း မရှိသည့် အပြင် ပိုမို ရှုပ်ထွေးနက်နဲလာလျှက်- ကမ္ဘာ့ မျက်နှာစာ၌ “မြန်မာ စစ်ဘက်ဆိုင်ရာမှ လူ့အခွင့်အရေး ချိုးဖေါက်မှု၊ မုဒိန်းမှု၊ -- စသည်ဖြင့် နောက်ဆုံး တွင် စစ်ရာဇ၀တ်မှု များထိ -“ ပတ်သက်သည်ဟု မှတ်ချက်ပြုခံခြင်းကို ခံလာရတော့သည်။

ယခု အခြေအနေနှင့် ယခုခေတ်ကာလတွင်- မြန်မာနိုင်ငံ အနေဖြင့် လူထုကိုယ်စားပြု အစိုးရတစ်ရပ် ပေါ်လာခြင်း၊ ပြသနာ အရပ်ရပ်အား ခေါင်းခံဖြေရှင်းမည့် နိုင်ငံရေးသမားများ ပေါ်လာခြင်း- အဆိုပါ နိုင်ငံရေးပိုင်း ဆိုင်ရာ ခေါင်းဆောင်များနှင့် ဖြစ်တည်လာသော အစိုးရ အား လည်း ပြသနာများ ဖြေရှင်းရာတွင် ကမ္ဘာ့ အသိုင်းအ၀ိုင်းမှ အလုံးအရင်းဖြင့် ကူညီနေသော၊ ကူညီလိုသော အချိန် ဖြစ်လာ သဖြင့် - တပ်မတော် အနေဖြင့်သော်လည်းကောင်း တပ်မတော်ခေါင်းဆောင်များ အနေဖြင့် သော်လည်းကောင်း- မိမိတို့ နှစ်ပေါင်းများစွာ ဖြေရှင်း၍ မရခဲ့သည့် ပြသနာတို့၌ ဆက်လက်၍ လက်ထည့်လိုခြင်းများမှ- ရိုးရှင်းစွာ ရှောင်ဖယ်ပေးလျှက်- နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်တို့အား - ပြည်သူရွေးချယ်ထားသည့် အစိုးရ၏ တာဝန်ပေးမှုအားဖြင့်သာ ရပ်တည်သော တပ်မတော်တစ်ရပ် အဖြစ် အသွင်ပြောင်းလဲရန်- ကမ္ဘာ့မျက်နှာစာတွင် အမည်းစက်ဖြင့် မှတ်ချက်ပြုခံနေရခြင်းများမှ ပါးပါးနပ်နပ် ရှောင်ထွက်နိုင်ရန်နှင့် တိုင်းပြည်၏ အာဏာအား ချုပ်ကိုင်ခြင်းတည်းဟူသော အခန်းကဏ္ဍများသည် အချုပ်အခြာ အား ကာကွယ်ခြင်းမမည်- တိုင်းပြည်၏ နယ်နိမိတ်ဧရာယာအား ကာကွယ်စောင့်ရှောက်သည့် တာဝန်အား ယူခြင်းသည်သာ အချုပ်အခြာအား ကာကွယ်စောင့်ရှောက် ခြင်း ဖြစ်သည်ဟု- ဆင်ခြင်သုံးသပ်ပါရန် ရိုးသားစွာ အကြံပေးလိုပါသည်။


မုဟမ္မဒ်တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement



နေ့စွဲ၊ ၂၀၁၆ ခု သြဂုတ်လ ၇ ရက်

ပြတ်သားထိရောက်စွာ အရေးယူပေးရန် တောင်းဆိုခြင်း

တရား ဥပဒေ စိုးမိုးရေး နှင့် ဒီမိုကရေစီ ထွန်းကားရေး ကတိများဖြင့် ရွေးကောက်ပွဲနိုင်သော အစိုးရ အနေဖြင့်- လူနည်းစု ဘာသာဝင်များ ဖြစ်သည့် အစ္စလာမ်နှင့် ခရစ်ယာန် ဘာသာဝင်တို့အား အနိုင်ကျင့် စော်ကား အကြမ်းဖက်သော အုပ်စုများအား ထိရောက်စွာ ကိုင်တွယ်ခြင်း မရှိသည့် အပြင်-ကရင်ပြည်နယ်တွင်းမှ ခရစ်ယာန်ဘုရားကျောင်ဝန်း အတွင်း အဓမ္မစေတီတည်ခြင်း ကိစ္စ၊ ပဲခူး သရဲသမိန် ဗလီ ဖျက်ဆီးခြင်း ကိစ္စ၊ ဖားကန့် ၀တ်ပြုဆောင် ဖျက်ဆီးခြင်း ကိစ္စ နှင့် ယခု ရက်ပိုင်း သင်္ကန်းကျွန်းတွင် ဖြစ်နေသည့် အနိုင်ကျင့်နေမှုတို့အား အရေးမယူဘဲ အချိန်ဆွဲထားခြင်း ကိစ္စများက အဆိုပါ အကြမ်းဖက် အုပ်စုများဘက်မှ အာဏာပိုင် အစိုးရကိုယ်တိုင် ဘက်လိုက်သည့် ပုံသဏ္ဍာန်တို့ အား မြင်တွေ့နေရသည်။

ဘာသာရေး လူမျိုးရေး ပဋိပက္ခများဖြစ်ရန် အမုန်းဝါဒ ဖြန့်ဝေ လှုပ်ရှားမှုများအား အစိုးရအနေဖြင့် ထိထိရောက်ရောက် အရေးယူမည်ဟု လက်ရှိ အစိုးရ၏ သာသနာရေးဝန်ကြီး ဦးအောင်ကိုမှ ကတိ ပေးသည်မှာလည်း ကမ္ဘာ့အသိုင်းအ၀ိုင်းအား မျက်နှာချိုသွေး လိမ်လည်လှည့်စားသော စကားများသာ ဖြစ်ကြောင်း လက်ရှိ ဖြစ်ပျက်နေသည့် အကြောင်းအရာများမှ ထင်ဟပ်နေသည်။

မတရားသဖြင့် ပြသနာ ရှာခံရသူ လူနည်းစုနှင့် ပြသနာရှာသည့် လူများစုတို့ အကြား ဖြစ်တည် လာသည့် ပဋိပက္ခအား ချက်ချင်း မဖြေရှင်းဘဲလျှက် အချိန်ဆွဲထားခြင်းများမှာ အစိုးရ ကိုယ်တိုင် မရိုးမသား ဆန္ဒရှိကြောင်းကိုလည်း သက်သေပြရာ ရောက်သည်။ ဤပြသနာအား အခြေခံ၍ ပဋိပက္ခကြီး အသွင် ဖြစ်လာခဲ့သော်- လက်ရှိ အစိုးရတွင်သာ ရာနှုန်းပြည့် တာဝန်ရှိနေသည်။

လူနည်းစုတို့အား စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှု၊ ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတို့အား - ရပ်တန်းက ရပ်ရန် - အဆိုပါ အနိုင်ကျင့်သူ အကြမ်းဖက်သူတို့အား အချိန်မဆွဲဘဲ ပြတ်သားထိရောက်စွာ အရေး ယူပေးရန်- အာဏာပိုင်အစိုးရအား ကျွန်ုပ်တို့ Civil Rights Movement အဖွဲ့မှာ တောင်းဆိုပါသည်။

မုဟမ္မဒ်တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement



နေ့စွဲ၊ ၂၀၁၆ ခု ဂျူလိုင် ၂ ရက်

မဘသ အား အကြမ်းဖက် အဖွဲ့ အဖြစ် သတ်မှတ်ခြင်း

၉၆၉ မှ အသွင်ပြောင်းလာသော မဘသ အဖွဲ့၏ အခြား ဘာသာဝင်များ အပေါ် အကြမ်းဖက် တိုက်ခိုက်မှု၊ အပြစ်ရှာ စော်ကားမှု၊ တိုင်းပြည်တွင်း မငြိမ်မသက်စေရန် လှုံ့ဆော်မှုတို့ စသည့် ဖြစ်စဉ်များမှာ နှစ်ရှည်လာခဲ့ပြီ ဖြစ်သည်။

ကမ္ဘာ့ အသိုင်းအ၀ိုင်း ရှေ့မှောက် ဖုံးကွယ်မရနိုင်သော ရာဇ၀တ်မှုကြီးများမှာလည်း မြောက်များစွာ ဖြစ်ခဲ့ပြီ ဖြစ်သည့် အပြင် အစ္စလာမ်ဘာသာဝင်များ၊ ခရစ်ယာန်ဘာသာဝင်များနှင့် လူနည်းစုတို့ အပေါ် တစ်ဘက်သပ် အနိုင်ကျင့်မှုတို့အား ရပ်တန်းမှ မရပ်သေးသည့် အတွက်- အဆိုပါ မဘသ အဖွဲ့အား ကျွန်ုပ်တို့ Civil Rights Movement မှ အကြမ်းဖက် (Terrorist) အဖွဲ့ အဖြစ် သတ်မှတ်လိုက်သည်။

ကမ္ဘာ့ အကြမ်းဖက် နှိမ်နှင်းရေး အဖွဲ့အစည်းများဖြင့် ချိတ်ဆက်လျှက် အဆိုပါ မဘသ အဖွဲ့အား ကမ္ဘာ့ အသိအမှတ်ပြု Terrorist အကြမ်းဖက် အဖွဲ့အစည်းများ စာရင်းတွင် အလျှင်အမြန် ထည့်သွင်းနိုင်ရန် ကြိုးစားသွားမည် ဖြစ်ပြီး၊ မဘသ အား ကူညီသူ ထောက်ပံ့သူ အဖွဲ့အစည်းများ လူပုဂ္ဂိုလ်များအား Terrorist Sponsor များ အဖြစ် သတ်မှတ် ဒဏ်ခတ်နိုင်ရန် ကြိုးစားသွားမည် ဖြစ်သည်။



ရဲဇော် (ရှိုက်ခ်မိုဟာမ္မဒ်)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ (မြန်မာပြည်)
Civil Rights Movement




နေ့စွဲ၊ ၂၀၁၆ ခု ဂျွန်လ ၂၆ ရက်

သရဲသမိန် အကြမ်းဖက်ရှောင် ဒုက္ခသည်များ ကိစ္စ

ပဲခူးတိုင်း ဝေါမြို့နယ် သရဲသမိန်ရွာရှိ ဗလီဝတ်ကျောင်းအား အကြမ်းဖက် ဖျက်ဆီးခံရယုံမျှမက ဒေသခံ မွတ်ဆလင် မိသားစုတို့၏ အသက် အိုးအိမ်များ (လုံးဝ) လုံခြုံမှု မရှိသည့် အတွက် ထွက်ပြေး တိမ်ရှောင်နေရသော အဖြစ်သို့ ရောက်ရှိနေသည်။

“တရား ဥပဒေ စိုးမိုးရေး” ကြွေးကြော်သံဖြင့် လူထုမဲကို ရယူကာ ဖွဲ့စည်းထားသော အစိုးရတစ်ရပ် အနေဖြင့် အကြမ်းဖက်သူတို့အား အရေးယူခြင်း မရှိသေးသည့် အပြင်၊ အကြမ်းဖက်ရှောင် ဒုက္ခသည်များ၏ ဘ၀တို့အား မည်သို့မည်ပုံ ကာကွယ်စောင့်ရှောက်ပေးမည် ဟုလည်း တစုံတရာ တာဝန်ယူမှု အလျှဉ်း မရှိသေးကြောင်း တွေ့နေရသည်။

နိုင်ငံတော် တစ်ရပ်အား တာဝန်ယူထားသည့် အစိုးရအနေဖြင့် (ရှေ့တန်း စစ်မျက်နှာ အမဲရောင် မဟုတ်သော နယ်မြေမှ) ဒေသခံ ပြည်သူတို့၏ အသက်အိုးအိမ်တို့အား တာဝန်ယူမှု စောင့်ရှောက်မှု လစ်ဟင်းနေခြင်းများမှာ အကြမ်းဖက်သူတို့၏ ဘက်မှ ကူညီပံ့ပိုးပေးနေခြင်း ဖြစ်သည်ဟု ကျွန်ုပ်တို့ Civil Rights Movement မှာ သတ်မှတ်ပါသည်။

သို့ဖြစ်၍ အဆိုပါ အကြမ်းဖက်ရှောင် ဒုက္ခသည်များ၏ အရေးကိစ္စ အ၀၀ အား အလျှင်အမြန် ဆောင် ရွက်ပေးရန် နိုင်ငံတော် အစိုးရနှင့် အာဏာပိုင်အဆင့်ဆင့်အား ကျွန်ုပ်တို့ Civil Rights Movement မှ တောင်းဆိုပါသည်။

အစိုးရ၏ တာဝန်ယူမှ တာဝန်ခံမှု ပျက်ကွက်နေခြင်းနှင့် ဆက်လက်၍ ပျက်ကွက်မှုများ ရှိလာပါက- ကျွန်ုပ်တို့ Civil Rights Movement အနေဖြင့် နိုင်ငံတကာ သံရုံးများ၊ နိုင်ငံတကာ အဖွဲ့အစည်းများဖြင့် ကမ္ဘာ့ဥပဒေဘောင်တွင်းမှ အလျှင်အမြန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးလိုပါသည်။


ရဲဇော် (ရှိုက်ခ်မိုဟာမ္မဒ်)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ (မြန်မာပြည်)
Civil Rights Movement




နေ့စွဲ၊ ၂၀၁၆ ခု ဂျွန်လ ၂၄ ရက်

ပဲခူးတိုင်း ဝေါမြို့နယ် သရဲသမိန်ရွာ ဗလီနှင့် စာသင်ကျောင်း ဖျက်ဆီးခံရမှုနှင့် စပ်လျှဉ်း၍ တောင်းဆိုမှု

ပဲခူးတိုင်း ဝေါမြို့နယ် သရဲသမိန်ရွာ ဗလီနှင့် စာသင်ကျောင်း ဖျက်ဆီးခံရမှုနှင့် အုပ်စုဖွဲ့ အနိုင် ကျင့်ခြင်းတို့အား ကျွန်ုပ်တို့ Civil Rights အဖွဲ့မှ ပြင်းပြင်း ထန်ထန် ရှုတ်ချ၍ ထိခိုက် နစ်နာရသူ မိသားစုဝင်များနှင့် ထပ်တူထပ်မျှ ၀မ်းနည်း ကြေကွဲရပါသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အာဏာရှိသူများ ဘက်မှ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရန်-

ပျက်ဆီး သွားသော သာသနိက အဆောက်အအုံများ လူနေအိမ်များအား ပြန်လည် ဆောက်လုပ်ခွင့် ပြုပြင်ခွင့် ပေးရန်-

ပြသနာ၏ အရင်းအမြစ်အား သေချာစစ်ဆေး ဖေါ်ထုတ်ပေးရန်-

ကြောက်လန့်ထွက်ပြေးရသည့် မိသားစုများ၊ လူနည်းစုများအား လုံခြုံစိတ်ချစွာ နေထိုင်နိုင်ရန် အစိုးမှ တာဝန်ယူပေးရန်-

နှစ်ဘက်သော လူ့အသိုင်းအ၀ိုင်းတို့အား လူမှုဆက်ဆံရေး ပညာရပ်များ (မတက်မနေရ) သင်တန်းပေးရန်- နှင့်

နိုင်ငံတစ်ဝှမ်းလုံး လူနည်းစု ကာကွယ်စောင့်ရှောက်ရေး ဥပဒေ တစ်ရပ် အလျှင်အမြန်ပြဌာန်းပေးရန်

ကျွန်ုပ်တို့ Civil Rights အဖွဲ့မှ တောင်းဆိုပါသည်။



ရဲဇော် (ရှိုက်ခ်မိုဟာမ္မဒ်)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ (မြန်မာပြည်)
Civil Rights Movement





နေ့စွဲ- ၂၀၁၄ ခု နိုဝင်ဘာ ၂၁ ရက်

ရမည်းသင်း ကန်ကြီး ဗလီအား ပြန်လည် တည်ဆောက်ပေးရန် တောင်းဆိုခြင်း

ရမည်းသင်းမြို့ ကန်ကြီး ဗလီ (အစ္စလာမ်သာသနာဝင်တို့၏ ၀တ်ကျောင်းတော်)အား ၂၀၁၄ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ဖျက်ဆီးလိုက်ကြောင်း သိရသည်။

အဆိုပါ ဗလီဝတ်ကျောင်းတော်အား ကျွန်ုပ်တို့ Civil Rights Movement မှ လေ့လာကြည့်သော အခါ-

(၁) အဆိုပါ ဗလီဝတ်ကျောင်းတော်သည် လွန်ခဲ့သော နှစ်ပေါင်း ၃၅၀ ခန့်မှပင် တည်ရှိခဲ့သော မူလဗလီ ၀တ်ကျောင်းတော်အား ထပ်ဆင့်မွန်းမံထားသည့် သမိုင်းဝင် ဗလီဝတ်ကျောင်းတော် တစ်ခု ဖြစ်ခြင်း-

(၂) အဆိုပါ ဗလီဝတ်ကျောင်းတော်သည် ဂရံမဲ့ ကျူးကျော်တည်ဆောက်ထားခြင်း မဟုတ်ဘဲ ရှေးအစိုးရ အဆက်ဆက် လက်ထက်မှ မြေဂရံ အထောက်အထား အခိုင်အမာဖြင့် ရှိနေခဲ့ခြင်း-

(၃) အဆိုပါ ဗလီဝတ် ကျောင်းတော်၏ အနီးတွင် ဗုဒ္ဓဘာသာ သာသနာပိုင်မြေဟူ၍ စေတီ တည်ဆောက်ခြင်းမှာ အဆိုပါ ဗလီ ၀တ်ကျောင်းတော်ထက် နှစ်ပေါင်း ၃၀၀ နီးပါး နောက်ကျပြီး ဖြစ်လာ ခြင်း တို့ကို ခိုင်ခိုင်မာမာ တွေ့ရှိရသည်။

သို့ဖြစ်၍ အဆိုပါ ဗလီ ၀တ်ကျောင်းတော် (ကန်ကြီးဗလီ)အား ဖျက်ဆီးခြင်းသည် အာဏာပိုင်များ ကိုယ်တိုင် ပါဝင်ပတ်သက်ပြီး - လူနည်းစု ဘာသာတရား တစ်ခုအား ဖိနှိပ် အနိုင်ကျင့်ခြင်းသာ ဖြစ်သည်။

ကျွန်ုပ်တို့ Civil Rights Movement မှ သက်ဆိုင်ရာ မြန်မာနိုင်ငံ အစိုးရအား

(၁) အဆိုပါ ဗလီ ၀တ်ကျောင်းတော်အား ဖျက်ဆီးရန် ပါဝင်သူ၊ နောက်ကွယ်မှ ပံ့ပိုးသူတို့အား ပွင့်လင်း မြင်သာစွာ အရေးယူပေးရန်-

(၂) အဆိုပါ ဗလီ ၀တ်ကျောင်းတော်အား မူလ လက်ရာအတိုင်း သီတင်းပတ် ၇ ပတ် အတွင်း ပြန်လည် တည်ဆောက်ပေးရန်- တောင်းဆိုပါသည်။



ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
တန်းတူညီမျှ အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှု (Civil Rights Movement)



Civil Rights Movement (CRM) 
တန်းတူညီမျှအခွင့်အရေး လှုပ်ရှားဆောင်ရွက်မှု အဖွဲ့


ထုတ်ပြန်ကြေငြာချက် ၄/၂၀၁၄ (၂၀၁၄ ခု မတ်လ ၂၆ ရက်)

အတင်းအဓမ္မ ဘင်္ဂလီ ဇာတ် သွင်းခံရလျှင် ဗဟိုအစိုးရ၏ တာဝန်သာ ဖြစ်

မြန်မာနိုင်ငံ၏ လူဦးရေ စာရင်းကို ကောက်ယူမည့် နေ့ရက်များ နီးကပ်လာနှင့် အမျှ တိုင်းရင်းသား ရိုဟင်ဂျာတို့မှာ နည်းမျိုးစုံဖြင့် ခြိမ်းချောက်ခံ၊ နှိပ်စက်ခံရလျှက် သန်းခေါင်းစာရင်းတွင် ရိုဟင်ဂျာ ဟူသော အမည်နာမကိုပင် ထည့်သွင်းခြင်း မပြုရန် ရခိုင်ပြည်နယ်ရှိ အာဏာပိုင်များ၊ လ၀ကများက အာဏာ အင်အား သုံး ခြိမ်းချောက်နေသည့် အထောက်အထားများကို နေ့စဉ် ရရှိနေပေသည်။

ရခိုင်ဒေသမှ မဟာမေဒင် ရိုဟင်ဂျာများမှာ ရခိုင်ဒေသသို့ မြန်မာဘုရင် ဘိုးတော်မောင်ဝိုင်း မသိမ်းပိုက်မှီကပင် ရိုဟင်ဂျာ ဆိုသည့် အမည်နာမဖြင့် တည်ရှိခဲ့ပြီး-၊ ယနေ့တိုင် ရိုဟင်ဂျာဟူသည့် အမည်နာမဖြင့်သာ ခိုင်ခိုင် မာမာရပ်တည်နေကြောင်း ကမ္ဘာ့အသိုင်းအ၀ိုင်းမှ နက်နက်နဲနဲလေ့လာ သိရှိပြီးလည်း ဖြစ်နေသည်။

သန်းခေါင်စာရင်း ကောက်ယူသည် ဖြစ်စေ၊ မကောက်ယူသည် ဖြစ်စေ တိုင်းရင်းသား ရိုဟင်ဂျာ လူမျိုး၏ လူဦး ရေ စာရင်းအား ကမ္ဘာ့ကုလ သမဂ္ဂအပါအ၀င် ကမ္ဘာ့အင်အားကြီးနိုင်ငံများ၊ NGO များ၊ ပတ်ဝန်းကျင်ဒေသနိုင်ငံ များမှ အနီးစပ်ဆုံး စာရင်းကောက်ယူ သိပြီးသားလည်း ဖြစ်နေသည်။

ထိုသို့ ကမ္ဘာ့ရှေ့မှောက် သက်သေအထောက်အထား ခိုင်လုံစွာဖြင့် ရိုဟင်ဂျာ လူမျိုးတို့ ရှိနေပါလျှက် သန်းခေါင် စာရင်း ကောက်ခံပြီးသည်မှ- မြန်မာအစိုးရအနေဖြင့် ရခိုင်ဒေသတွင် ရိုဟင်ဂျာ လူမျိုးမရှိ - ဘင်္ဂလီလူမျိုးသာ ရှိသည်ဟု လိမ်ညာခဲ့သော် ထိုမှ ဖြစ်လာသော ကောင်းကျိုး ဆိုးကျိုးအားလုံးသည် ဦးသိန်းစိန် ဦးဆောင်သည့် လက်ရှိ အာဏာရ အစိုး၌သာ လုံးလုံးလျှားလျှား တာဝန်ရှိသည် ဖြစ်ကြောင်း ကျွန်ုပ်တို့ Civil Rights Movement အဖွဲ့မှ ထုတ်ပြန်ကြေငြာလိုက်သည်။

ထိုသို့ လူမျိုးလိုက်ဖျောက်ဖျက်မှု၊ သမိုင်းလိမ်လည်မှုနှင့် နှိပ်စက်ညှင်းပန်းတို့အား ကမ္ဘာ့အသိုင်းအ၀ိုင်းဖြင့် ပူး ပေါင်းလျှက် အရေးယူဆောင်ရွက်သွားမည်ဟုလည်း ဆုံးဖြတ်ပြီး ဖြစ်ပေသည်။


မိုးကျော်
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ (အမေရိကန်ပြည်ထောင်စု အနောက်ပိုင်း)
တန်းတူညီမျှ အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှု အဖွဲ့



ထုတ်ပြန် ကြေညာချက် ၂/၂၀၁၄ 
၂၀၁၄ ခု ဖေဖေါ်ဝါရီ ၈ ရက်

အစိုးရ လက်ကိုင် ဒုချီရာတန်း စုံစမ်း စစ်ဆေးရေး ကော်မရှင်အား လုံးဝ လက်မခံကြောင်း ထုတ်ပြန် ကြေညာချက်

၂၀၁၄ ဇန်န၀ါရီ ၁၃ ရက်နေ့ အစုလိုက် အပြုံလိုက် လူသတ်မှု ကျူးလွန် ခဲ့သည့် ရာဇ၀တ် မှုနှင့် ဇန်န၀ါရီလ ၂၈ ရက်နေ့ လက်ရာဖျောက် မီးရှို့ပစ်မှု ကြီးအား- မြန်မာ အစိုးရမှ နည်းအမျိုးမျိုးဖြင့် ဗြောင်တိုက် လိမ်ညာ ခဲ့ပြီ ဖြစ်ကြောင်း ကမ္ဘာ့ အသိုင်း အ၀ိုင်းမှ ခရေစေ့ တွင်းကျ သိပြီး ဖြစ်သည်။

သို့သော် မြန်မာ အစိုးရ အနေဖြင့် ကမ္ဘာမှ အယုံ အကြည် လုံးဝ ကင်းမဲ့ နေသော လုပ်ရိုး လုပ်စဉ် အတိုင်း လက်သပ်မွေး လူတစ်စုဖြင့် ဒုချီရာတန်း စုံစမ်း စစ်ဆေးရေး ကော်မရှင် တစ်ရပ်ကို ဖွဲ့စည်းလျက် ပြည်တွင်းနေ ပြည်သူ လူထုအား လှည့်စားရန် ထပ်မံ ကြံစည် ခြင်းအား- ၎င်းတို့ ကျူးလွန် ခဲ့သည့် လူမျိုးတုံး သတ်မှု၏ သက်သေ အထောက် အထား များကို ထပ်ဆင့် ဖျောက်ဖျက်ရန် ကြံစည်မှု အဖြစ် ကျွန်ုပ်တို့ Civil Rights Movement အဖွဲ့မှ တိတိ ကျကျ မှတ်တမ်း ပြုစု ထားသည်။

၎င်းတို့၏ လက်သပ်မွေး ကော်မရှင်အား ဖွဲ့စည်းသည့် ရည်ရွယ်ချက်- ၂ (ဂ) မှာပင် မိမိတို့၏ လူမျိုးတုံး သတ်မှု ကျူးလွန် ခဲ့ခြင်းအား ဖုံးကွယ်သည့် အနေဖြင့် အပြစ်မဲ့ ကျူးလွန် ခံရသူ တို့အား အပြစ်ပုံချ အပြစ် ပေးရန်သာ ရည်ရွယ်ကြောင်း ကိုလည်း ရှင်းရှင်း လင်းလင်း ဖေါ်ပြထား ပါသည်။ ထိုအချက်အား ကမ္ဘာ့ အဖွဲ့ အစည်း တိုင်းမှ သိရှိ စေရန် ကျွန်ုပ်တို့ Civil Rights Movement မှာ မလွဲမသွေ ဆောင်ရွက် သွားမည် ဖြစ်သည်။

အဆိုပါ အစုလိုက် အပြုံလိုက် လူသတ်မှု ကြီးအား ကမ္ဘာမှ ယုံကြည် စိတ်ချ ရသည့် စုံစမ်း စစ်ဆေးရေး အဖွဲ့ တစ်ရပ် မဖြစ်မနေ ၀င်ရောက် နိုင်ရန် ကမ္ဘာ့ အသိုင်း အ၀ိုင်းအား ချဉ်းကပ်လျက် တစိုက် မတ်မတ် ဆောင်ရွက် သွားမည် ဖြစ်သည်။


မိုးကျော်
အထွေထွေ ညွှန်ကြားရေးမှုး
တန်းတူညီမျှ အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှု အဖွဲ့



ထုတ်ပြန် ကြေညာချက် ၁၂/၂၀၁၃ 
(၂၀၁၃ ခု ဒီဇင်ဘာလ ၆ ရက်)

ရိုဟင်ဂျာနှင့်မြန်မာမွတ်ဆလင်တို့အားအထူးကာကွယ်စောင့်ရှောက်ရေဥပဒေတစ်ရပ်ချက်ချင်းပြဌာန်း ပေး ရန် တောင်းဆိုချက် 

၂၀၁၂ ခုနှစ်မှ စ၍ မြန်မာ နိုင်ငံ အတွင်း အစ္စလာမ် သာသနာဝင် တို့အား နည်းမျိုးစုံနှင့် သတ်ဖြတ် သုတ် သင် ခဲ့သည်ကို ကမ္ဘာ့ အသိုင်း အ၀ိုင်းမှ ထဲထဲဝင်ဝင် သိနေပြီး ဖြစ်သည်။ ရခိုင် ဒေသ တစ်ခုလုံးနှင့် မိတ္ထီ လာတို့တွင် အစုလိုက်အပြုံလိုက် မျိုးတုံးသတ်ဖြတ်ခဲ့သည်ကို ကမ္ဘာ့ အသိုင်းအ၀ိုင်းမှ အုတ်အော် သောင်း နင်း အော်ဟစ် တောင်းဆိုခဲ့ ပြီးနောက်ပိုင်း- ရုပ်ပိုင်း ဆိုင်ရာ အရ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း များကို ရပ်တန့်လျက် လျှို့ဝှက်ကြိတ် သတ်မှု များကိုသော် လည်းကောင်း၊ ကြောက်လန့် ထွက်ပြေး သွားစေ ရန် ကြံစည်မှု များကို သော်လည်းကောင်း၊ တာဝန်ရှိ ၀န်ထမ်း များမှ လူကုန်ကူး မှုဖြင့် ၀င်ငွေ ရှာနေ ခြင်း များကိုသော် လည်းကောင်း၊ စိတ်ပိုင်း ဆိုင်ရာ ညှင်းဆဲ မှုများကိုသော် လည်းကောင်း- မြန်မာ တာ ၀န်ရှိ ပုဂ္ဂိုလ် များက ကျောထောက် နောက်ခံ ပေးနေ ခဲ့သည်ကို ကျွန်ုပ်တို့ တိတိ ကျကျ သိရှိ ထားပေ သည်။

ထိုပုဂ္ဂိုလ် များအား အရေးယူ ဖမ်းဆီး အပြစ် ပေးမည့် အစား- ထိုရာဇ၀တ်ကောင် များအား အားပေး အားမြှောက်ပြု နေခြင်း များနှင့် ဆီးဂိမ်း ပြီးလျှင် ပြည်တွင်းမှ မွတ်ဆလင် တို့အား သုတ်သင် ပွဲကြီး ဆင်နွှဲ မည် ဟူသည့် ကမ္ဘာသိ သတင်းဖြန့်မှုကြီး ကိုပင် မြန်မာ အစိုးရနှင့် တာဝန်ရှိ သူများက မသိဟန် လွှဲ ဘေး မဲ့ ပေးထား သည်ကို ကျွန်ုပ်တို့ တွေ့မြင်နေ ရသည်။

ဤသို့ ရိုဟင်ဂျာ လူမျိုးတို့အား သမိုင်းဖျောက် သုတ်သင် နေမှု၊ ပြည်တွင်းရှိ မွတ်ဆလင် တို့အား စိတ်ပိုင်း ဆိုင်ရာ ရုပ်ပိုင်း ဆိုင်ရာ ညှင်းဆဲ နေမှုနှင့် မွတ်ဆလင် ဆန့်ကျင်ရေး ၀ါဒ ဖြန့်ချီနေမှု တို့အား လက်ရှိ အာ ဏာရ အစိုးရမှ ထိရောက်စွာ ကာကွယ်ပေးရန်နှင့် ရိုဟင်ဂျာနှင့် မြန်မာ မွတ်ဆလင်တို့အား ကာ ကွယ် စောင့်ရှောက် သည့် အထူး အရေးပေါ် ဥပဒေ တစ်ရပ်အား ပြဌန်း ပေးရန် ကျွန်ုပ်တို့ တန်းတူညီမျှ အခွင့် အရေး လှုပ် ရှား ဆောင်ရွက်မှု အဖွဲ့ (Civil Rights Movement) မှ တောင်းဆို လိုက်သည်။

အကယ်၍ မြန်မာ အစိုးရ အနေဖြင့် ရိုဟင်ဂျာနှင့် မြန်မာ မွတ်ဆလင် တို့အား ကာကွယ် စောင့်ရှောက်သည့် အထူး ဥပဒေ တစ်ရပ်ကို ၂၁ ရက် အတွင်းတွင် မပြဌာန်း ပေးလျှင်-၊ ကျွန်ုပ်တို့ Civil Rights Movement အနေဖြင့် ကမ္ဘာ့ အသိုင်း အ၀ိုင်းအား မေတ္တာ ရပ်ခံလျှက် ကမ္ဘာ့ နိုင်ငံကြီး များနှင့် ကုလ သမဂ္ဂမှ ထို ဥပဒေ အား ပြဌာန်း စေကာ မြန်မာနိုင်ငံ အ၀ှမ်းရှိ အစ္စလာမ် သာသနာ ၀င်တို့အား ကာကွယ် ပေးသွား မည် ဖြစ် သည်။

မိုးကျော်
အထွေထွေ ညွှန်ကြားရေးမှုး
တန်းတူညီမျှ အခွင့်အရေး လှုပ်ရှား ဆောင်ရွက်မှု အဖွဲ့



ထုတ်ပြန် ကြေငြာချက် ၁၁/၂၀၁၃
၂၀၁၃ ခု နိုဝင်ဘာလ ၁၅ ရက်

အစ္စလာမ် သာသနာဝင် များအား တိရစ္ဆာန်များဟု သုံးစွဲ ပြောဆိုသူ များအား ပြင်းထန်စွာ ချက်ချင်း အရေးယူ ပေးရန် တောင်းဆိုချက် 

မြန်မာ အစိုးရ ဖိတ်ကြားမှု အရ ၂၀၁၃ နိုဝင်ဘာလ ၁၃ ရက်မှ စ၍ မြန်မာ ပြည်တွင်းသို့ ရောက်ရှိ နေသော အိုအိုင်စီခေါ် အစ္စလာမစ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့အား မြန်မာ အစိုးရ၏ ခွင့်ပြုချက်ဖြင့် ရှုံချ ဆန္ဒပြပွဲ များကို ကျွန်ုပ်တို့ သိမြင် ရသည်။ အစိုးရ ကိုယ်တိုင် ဖိတ်၍ UN Mandate ဖြင့် မြန်မာ နိုင်ငံသို့ သွားရောက်သော OIC အား မီးစ တစ်ဖက် ရေမှုတ် တစ်ဘက် ၀ါဒဖြင့် ကြေးစား ဆန္ဒပြသူ များအား အစိုးရမှ စေခိုင်း ခဲ့သည် ကိုလည်း ကျွန်ုပ်တို့ လေ့လာ တွေ့ရှိ ရသည်။

ဒီမိုကရေစီ စနစ် အောက်တွင် အိုအိုင်စီကို သာမက မည်သည့် အဖွဲ့အစည်း ကိုမဆို လွတ်လပ်စွာ ဆန္ဒ ထုတ်ဖေါ် ပြသခွင့် ရှိသည်ကို ကျွန်ုပ်တို့ လက်ခံသည်။ သို့သော် ထိုဆန္ဒ ပြပွဲတွင် အစ္စလာမ် သာသနာအား တိရစ္ဆာန် ၀ါဒဟု ဆိုင်းဘုတ် တင်လျှက် အစ္စလာမ် သာသနာ တစ်ရပ်လုံးကို စော်ကား လိုက်သည့် အပြင်၊ ကမ္ဘာ့ မွတ်ဆလင်ထု တစ်ရပ် လုံးကိုလည်း ပြတ်ပြတ် သားသား စစ်ခေါ် လိုက်ခြင်း ဖြစ်သည်။

ရိုဟင်ဂျာ၊ ကမန်နှင့် မြန်မာ မွတ်ဆလင် တို့အား အကြမ်းဖက် သတ်ဖြတ် လူမျိုးတုံး သုတ်သင် မှုကြီးသည် ပြည်တွင်းရေး ကိစ္စ သီးသန့် မဟုတ်ဘဲ- ကမ္ဘာ့ ကုလ သမဂ္ဂတွင် မဖြစ် မနေ ဖြေရှင်း ရမည့် အရေးပေါ် အရေး ကိစ္စ နံပါတ် တစ်နေရာတွင် ရှိနေပြီး ဖြစ်ပြီး ထိုသို့ မဖြစ်ရ စေရန် အိုအိုင်စီမှ သွားရောက် ဖြန်ဖြေသည့် စေတနာအား အသိ အမှတ် မပြုသည့် အပြင် အစ္စလာမ် သာသနာထု တစ်ရပ် လုံးအား တိရစ္ဆာန်နှင့် ခိုင်းနှိုင်း ပြောဆိုခြင်းကို ဦးသိန်းစိန် အစိုးရမှ ပြောင်ပြောင် တင်းတင်းပင် ခွင့်ပြု ခဲ့ခြင်းမှာ ကမ္ဘာ့ မွတ်ဆလင် ထုအား ဘာသာရေး စစ်ပွဲ အဖြစ် စိန်ခေါ် လိုက်ခြင်း ဖြစ်သည်။

ဦးသိန်းစိန် အစိုးရ အနေဖြင့် ဘာသာ တရား တစ်ခုအား ဤသို့ ရိုင်းစိုင်းစွာ ပြောဆိုသည့် စကားလုံး အပေါ်တွင် တာဝန် အပြည့် ရှိနေပြီး- ထိုသို့ ပြောဆို ဆန္ဒပြသူ များအား ပြင်းထန် ပြတ်သားစွာ ချက်ချင်း အရေးယူ ပေးရမည် ဖြစ်သည်။ အရေးယူ ပေးမှု ပျက်ကွက် ခဲ့လျှင် ဖြစ်လာ သမျှသော ဆိုးကျိုးများ အတွက် ဦးသိန်းစိန် အစိုးရ တွင်သာ တာဝန် အပြည့် ရှိပေသည်။ 

မိုးကျော်
အထွေထွေ ညွှန်ကြားရေးမှုး
တန်းတူညီမျှ အခွင့်အရေး လှုပ်ရှား ဆောင်ရွက်မှု အဖွဲ့




ထုတ်ပြန်ကြေငြာချက် ၁၁/၂၀၁၃ 
(၂၀၁၃ ခု နိုဝင်ဘာလ ၇ ရက်)

ရိုဟင်ဂျာ နှင့် ကမန် လူမျိုးများအား တိုင်းပြည်မှ နှင်ထုတ် နေမှုအား ချက်ချင်း ရပ် တန့် ရန် တောင်း ဆိုခြင်း

၂၀၁၃ နိုဝင်ဘာလ ၃ ရက်နေ့တွင် ဖြစ်ပွား ခဲ့သော လှေနစ် သေဆုံး ရသူ များနှင့် ဒုက္ခသည် စခန်းအား ၀င်ရောက် စီးနင်း တိုက်ခိုက် ခံခဲ့ရသည့် ရိုဟင်ဂျာနှင့် ကမန် မိသားစု များနှင့် ထပ်တူ ကျွန်ုပ်တို့ Civil Rights Movement (တန်းတူညီမျှ အခွင့်အရေး လှုပ်ရှား ဆောင်ရွက်မှု အဖွဲ့) မှ ၀မ်းနည်း ကြေကွဲ မိပါသည်။

ဤကိစ္စများ ဆက်လက် ဖြစ်ပေါ် ခြင်းသည် ၂၀၁၃ ခု စက်တင်ဘာလ UN လုံခြုံရေး ကောင်စီတွင် ဤကိစ္စ များ ဆက်မဖြစ်စေ ရပါဟု ကတိ ပေးထားသော မြန်မာ အစိုးရ အနေဖြင့် လုံးဝ တာဝန်ရှိ နေသည်။ အလားတူပင် ရိုဟင်ဂျာ၊ ကမန်နှင့် မြန်မာနိုင်ငံ ဇာတိ အစ္စလာမ် သာသနာဝင် တို့အား ဥပဒေမဲ့-၊ သတ်ဖြတ်၊ ခြောက်လှန့်မောင်း ထုတ်နေခြင်းအား ဖေါ်ထုတ် အရေးယူခြင်း မရှိသည့် အတွက် ဥပဒေ စိုးမိုးရေး ကော်မီတီ ဥက္ကဌ တာဝန်ကို ယူထားသည့် ဒေါ်အောင်ဆန်း စုကြည် တွင်လည်း တာဝန် မကင်းဟု ကျွန်ုပ်တို့ Civil Rights Movement မှ သတ်မှတ်သည်။

ဆင်တပ်မော် (ပေါက်တော) ဒုက္ခသည် စခန်းတွင် ခိုလှုံနေသော ဒုက္ခသည် အများစုမှာ ကျောက်ဖြူ ဒေသ ခံ မွတ်ဆလင်များ ဖြစ်၍ အများစုမှာ အစိုးရမှ တိုင်းရင်းသား အဖြစ် သတ်မှတ်ပြီး ကမန် လူမျိုးစု များ ဖြစ် သဖြင့် ၎င်းတို့အား တိုင်းပြည်တွင် မနေထိုင် ရဲစေရန် အစုလိုက် အပြုံလိုက် သတ်ဖြတ် မောင်း ထုတ် ခြင်း၊ ခြောက်လှန့် မောင်းထုတ်ခြင်း တို့သည် အစ္စလာမ် သာသနာကို ကိုးကွယ် သည့် လူမျိုး များအား သီး သန့် မောင်းထုတ်ခြင်း ဖြစ် ပြီး မြန်မာ နိုင်ငံတွင် ဘာသာ တရား တစ်ခုအား အပျောက် ရိုက်ရန် ကြံ စည် ခြင်းလည်း ဖြစ်သည်။

တိုင်းပြည်တွင် ဘေးကင်း လုံခြုံမှု မရှိသည့် အတွက် အသက်လု ထွက်ပြေး ရသည့် ပင်လယ် သမုဒ္ဒရာ ထဲမှ ကမ်း မမြင် လမ်းမမြင် ဒုက္ခသည် များ၏ ဘ၀များနှင့် ပတ်သက်၍ ဖြစ်ပျက် သမျှ အားလုံးကို မြန်မာ အစိုးရမှ တာဝန်ယူ ဖြေရှင်း ပေးရမည် ဖြစ်သည်။

ဤသို့- လူမျိုးတုံး သုတ်သင်မှု၊ ဘာသာ တရား တစ်ခုအား အပျောက် ရှင်းရန် ကြံစည်မှု တို့အား ချွင်းချက် မရှိ ရပ်တန်းက ရပ်ရန် ကျွန်ုပ်တို့ Civil Rights Movement မှ တောင်းဆို လိုက်ပြီး။ ထိုသို့ မောင်းထုတ် ရာတွင် ကိုယ်ထိ လက်ရောက် ကျူးလွန် ခဲ့သော လူအုပ်စု၊ နောက်ခံ အဖွဲ့ အစည်း တို့အား ချက်ချင်း လက်ငင်း ဖမ်းဆီးပေး ရန် ဦးသိန်းစိန် အစိုးရအား တောင်းဆို လိုက်သည်။ ဥပဒေမဲ့ သတ်ဖြတ် အနိုင် ကျင့် နေသည့် ရာဇ၀တ်ကောင် တို့ အား ဥပဒေ အရ အရေးမယူ ပေးနိုင်လျှင် မိမိ ရယူ ထားသည့် တရား ဥပဒေ စိုးမိုးရေး ကော်မီတီ ဥက္ကဌ ရာထူးမှ နှတ်ထွက် ပေးရန်လည်း ဒေါ်အောင်ဆန်း စုကြည် အား တောင်းဆို လိုက်သည်။


မိုးကျော်
အထွေထွေ ညွှန်ကြားရေးမှုး
တန်းတူညီမျှ အခွင့် အရေး လှုပ်ရှား ဆောင်ရွက်မှု အဖွဲ့



ထုတ်ပြန် ကြေငြာချက် ၇/၂၀၁၃ (၂၀၁၃ ခု ဇူလိုင် ၂၂ ရက်)

နိုင်ငံအတွင်း အကြမ်းဖက်မှုအား မှန်ကန်စွာ ဖြေရှင်းရန် တောင်းဆိုခြင်း

၂၀၁၂ မှ စ၍ မြန်မာ နိုင်ငံ အတွင်းရှိ အစ္စလာမ် သာသနာ ၀င်များ အပေါ် ကျူးလွန် ခဲ့သည့် လူမျိုးတုံး သတ်ဖြတ် မှုနှင့် သာသနာ တစ်ခုအား အပျောက် ရှင်းရန် စီမံချက် ချခဲ့မှု များမှာ ရခိုင် အစွန်းရောက် ပါတီ၊ ၉၆၉ အကြမ်းဖက် အဖွဲ့နှင့် သမ္မတရုံးမှ ၀ါဒဖြန့်ချီ သူများ ကိုယ်တိုင် ကျူးလွန် ခဲ့ကြောင်း ကျွန်ုပ်တို့ မြန်မာ မွတ်ဆလင် တန်းတူ ညီမျှ အခွင့် အရေး လှုပ်ရှား ဆောင်ရွက်မှု အဖွဲ့တွင် ခိုင်မာသော သက်သေ အထောက် အထားများ ရှိပေသည်။

ထိုအမှုအား ကိုင်တွယ်လျှက် နိုင်ငံတော်တွင် တာဝန် အရှိဆုံး ဖြစ်သည့် သမ္မတရုံးမှ ၀န်ထမ်း များနှင့် အ ခြား ပါဝင် ပတ်သက်သူ များအား နိုင်ငံတစ်ကာ ခုံရုံးသို့ တင်ပို့ရန် တစ်စိုက် မတ်မတ် လှုပ်ရှား နေသူ များမှာလည်း ကျွန်ုပ်တို့ မြန်မာ မွတ်ဆလင် တန်းတူ ညီမျှ အခွင့် အရေး လှုပ်ရှား ဆောင်ရွက်မှု အဖွဲ့ ပင် ဖြစ်သည်။ တနည်း အားဖြင့် ဤအမှု၏ သော့ချက်အား ကိုင်ထားသူ များမှာ ကျွန်ုပ်တို့ တန်းတူ ညီမျှ အခွင့် အရေး လှုပ်ရှား ဆောင်ရွက်မှု အဖွဲ့ပင် ဖြစ်သည်။ သို့သော် ထိုရာဇ၀တ် မှုမှ ရုန်းမထွက် နိုင်ရန် မိမိ ကိုယ်မိမိ ဖန်တီး ခဲ့သူ များမှာ လက်ရှိ မြန်မာ အစိုးရ ကိုယ်တိုင်ပင် ဖြစ်သည်။

အမှု၏ သော့ချက်ကို ကိုင်ထားသော ကျွန်ုပ်တို့ အနေဖြင့် ကျွန်ုပ် တို့၏ အောက်ပါ တောင်းဆိုချက် များအား အစိုးရ ဘက်မှ တိကျ သေချာစွာ လိုက်လျှော ပေးခဲ့လျှင်-၊ ထိုအမှုတွင် ထည့်သွင်း ထားသည့် တရားခံ များ၏ စာရင်းမှ တစ်စုံတစ်ရာ ပါယ်ဖျက် လိုက်လျှော ပေးမည် ဖြစ်သည်။ ကျွန်ုပ်တို့၏ တောင်းဆို ချက် များမှာ-

(၁) အကြမ်းဖက် မှုများ အတွင်း ဗုဒ္ဓဘာသာ ၀င်ဖြစ်စေ၊ အစ္စလာမ် ဘာသာဝင် ဖြစ်စေ အခြား မည်သည့် ဘာသာဝင် ဖြစ်စေ- ဆုံးရှုံး နစ်နာ ခဲ့ရသော အသက်၊ အိုးအိမ်၊ ပိုင်ဆိုင်သည့် မြေယာများနှင့် သာသနိက အဆောက် အဦ များအား အစိုးရမှ တာဝန်ယူ၍ ယုတ္တိရှိသော နစ်နာကြေးကို ပေးချေ ရမည်။ ၎င်းတို့၏ ဘ ၀ လုံခြုံမှု၊ အဆောက် အဦ အာမခံချက် များကိုလည်း တာဝန် ယူပေးရမည်။

(၂) လူမျိုး တစ်မျိုးအား အဖျောက် ဖျောက်ရန် ကြံစည်သော အနေဖြင့် ရိုဟင်ဂျာ လူမျိုး သမိုင်း အား ပြန်လည် ဖေါ်ဆောင်လျှက်- ရိုဟင်ဂျာ တို့အား အင်္ဂလိပ် မ၀င်မှီ အခြေ အနေ၊ သို့မဟုတ် အာဏာရှင် ဦးနေ၀င်း မတိုင်မှီ အခြေ အနေ အတိုင်း ပြန်လည် အသိ အမှတ် ပြုပေး ရမည်။ ရိုဟင်ဂျာ တို့အား ဘင်္ဂလီ ဟု ခေါ်တွင် စေရမည်ဟု မြန်မာ့ သမိုင်း တစ်လျှောက် ဥပဒေ မပြဌာန်း ခဲ့ဘဲလျှက် ထိုရိုဟင်ဂျာ တို့အား ဘင်္ဂလီ လူမျိုးဟု စွပ်စွဲ ပုတ်ခတ် ခေါ်ဆိုသူ အားလုံးကို ထိရောက်စွာ အရေးယူ ပေးရမည်။

(၃) ရခိုင် အကြမ်းဖက်မှု၊ မိတ္ထိလာ အကြမ်းဖက်မှု၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်နှင့် မြန်မာနိုင်ငံ အနှံ့ အကြမ်း ဖက်မှု တို့အား မျက်မြင် ထင်ရှား ဦးဆောင် ခဲ့သူများ ပါဝင် ခဲ့သူများ အားလုံးကို ချက်ချင်း လက်ငင်း အရေး ယူ ပေးရမည်။ ထိုမျက်မြင် ထင်ရှား ရာဇ၀တ်ကောင် များအား ကင်းလွတ်ခွင့် ပေးထားလျှက် အခြား အပြစ် မဲ့ တို့အား ဖမ်းဆီး သုတ်သင် လိုသဖြင့် နောက်ကွယ်မှ ကြိုးကိုင်လျှက် လှုပ်ရှား နေသည် ဟူသည့် ၀ါဒဖြန့် ချီ မှုအား ချက်ချင်း ရပ်ဆိုင်းလျှက် ဖမ်းဆီးခံ အပြစ်မဲ့ မွတ်ဆလင် တို့အား ချွင်းချက် မရှိ လွှတ် ပေးရမည်။ ၎င်းတို့အား သင့်လျှော်သည့် နစ်နာကြေးများ ပေးရမည်။

(၄) ရခိုင် ဒေသမှ ဒုက္ခသည် များထံ နိုင်ငံတစ်ကာ အကူ အညီများ ချက်ချင်း ရောက်ရှိ နိုင်စေရန် အစိုးရမှ တာဝန်ယူ အာမခံချက် များဖြင့် ဖွင့်ပေးရမည်။

ကျွန်ုပ်တို့၏ ဤတောင်းဆို ချက်များသည် နိုင်ငံတော် အာဏာအား တစ်ရံ တစ်ဆစ်မှ ထိခိုက် မှုမရှိ၊ မည် သည့် ပါတီ၏ အကျိုး စီးပွား ကိုမျှ ထိခိုက်မှု မရှိသည့် အတွက် လက်ရှိ အစိုးရမှ တိုင်းပြည် တွင်းရှိ လူ သား အားလုံးအား စိတ်စေတနာ ဖြူစင်လျှင် လိုက်လျှော ပေးနိုင်သည့် တောင်းဆို မှုမျိုးသာ ဖြစ်သည့် အ တွက် ထိုတောင်းဆို မှုတို့အား မလိုက်လျှော ဘဲလျှက် ပြည်တွင်းရှိ အစ္စလာမ် သာသနာ ဆိုင်ရာ အဖွဲ့ အ စည်း များအား အတင်း အကြပ် ကြိုးကိုင်ပြီး အစိုးရ ကြိုက်လိုက် ပြောရန် ဖိအား ပေးခြင်း မျိုးကို လက်ရှိ အစိုးရ အနေဖြင့် ဆက်လက် ကျူးလွန်လျှင် ကျွန်ုပ် တို့ဘက် မှလည်း ကျွန်ုပ်တို့၏ သတ်မှတ်ပန်း တိုင် ခရီး စဉ်အား ခြေတစ်လှမ်း ရပ်တန့် နေမည် မဟုတ်ပေ။

ကျွန်ုပ် တို့သည် အခြေခံ လူထု၏ အခွင့် အရေး အတွက် ရှေ့ရှု ဦးတည် ဆောင်ရွက် နေသည့် အဖွဲ့ အ စည်း ဖြစ်၍-၊ အခြေခံ လူထုအား လက်တွေ့ အခွင့် အရေး မပေးဘဲလျှက်- အစိုးရအား ကြောက် ရွံ့ နေရ သည့် မည်သည့် အဖွဲ့ အစည်း၏ ကြားဝင် မေတ္တာ ရပ်ခံချက်ကို ထည့်သွင်း စဉ်းစား ပေးမည် မဟုတ်ပေ။



မိုးကျော်
ညွှန်ကြားရေးမှုး
မြန်မာမွတ်ဆလင် တန်းတူညီမျှ အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှု အဖွဲ့

ထုတ်ပြန်ကြေငြာချက် ၅/၂၀၁၃
မြန်မာ့ လူမျိုးတုံးသတ်ဖြတ်သည့်နေ့ သတ်မှတ်ခြင်း
၂၀၁၃ မေလ ၂၈ ရက်

မြန်မာအမျိုးသားရေးဝါဒီ အစိုးရအဆက်ဆက်နှင့် မျက်ကန်းဘာသာရေးဝါဒီများသည် ၎င်းနှင့် ဂိုဏ်းတူ ဗုဒ္ဓဘာသာမှအပ ကျန်သာသနာဝင် အားလုံးနှင့် တိုင်းရင်းသားများအား အသံတိတ်မျိုးတုံးသတ်ပြီး သေးသိမ်ပျောက်ကွယ်သွားစေရန် စီမံချက်ကို စနစ်တကျ ပြင်ဆင်ချမှတ်လျှက်- အကောင်အထည် ဖေါ်ခဲ့သည်မှာ နှစ်ပေါင်း ၆၀ ကျော်ခြဲ့ပီ။ ဂိုဏ်းတူဗမာ ဗုဒ္ဓဘာသာမှအပ ကျန်လူမျိုးစု အသီးသီး၊ ကျန် ဘာသာဝင် အသီးသီးနှင့် ဂိုဏ်းမတူသည့် ဗုဒ္ဓဘာသာတို့အား တစ်စချင်းအသံတိတ် မျိုးတုံးသုတ်သင် ပစ်နိုင်ရန် တစ်တိုင်းပြည်လုံး ပြည်တွင်းစစ်ကိုလည်း စနစ်တကျ မွေးမြူထားခဲ့သည်။ 

ကမ္ဘာ့ဖိအား တွန်းအား အမျိုးမျိုးနှင့် တိုင်းပြည်တစ်ခုလုံး မွဲတေသွားမှုကြောင့် ပြည်တွင်းစစ်များ ရပ်စဲ ရတော့မည်၊ အစိုးရစနစ်ပြုပြင် ပြောင်းလဲရတော့မည်ဟု ဖြစ်လာသောအခါ-၊ စီမံချက် ချထား သည့် လူမျိုးတုံးသတ်ဖြတ်မှု အတွက် အချိန်မစောင့်နိုင်တော့ဘဲ-၊ အလျှင်စလိုဖြင့် အပြီးသတ်လုပ် လိုက်ရ မှုကြောင့် အသံတိတ် ကြိတ်၍ သတ်ဖြတ်နေရာမှ ဖုံးမနိုင် ဖိမရ ပေါ်ထွက်လာခဲ့တော့သည်။

ပထမဆုံး ကမ္ဘာသိ ပေါ်ထွက်လာသည့် သက်သေမှာ ၂၀၁၂ ခု ဇွန်လ ၃ ရက်နေ့- ရခိုင်နယ်၊ တောင်ကုတ်မြို့တွင် အစ္စလာမ် သာသနာ့ဝန်ဆောင် ဆယ်ဦးအား အမျိုးသားရေးဝါဒီ အာဏာပိုင်များမှ ကျောထောက်နောက်ခံပြုသည့် အကြမ်းဖက် အုပ်စုမှ သတ်ဖြတ်လိုက်သည့် ဖြစ်ရပ်ပင် ဖြစ်သည်။ ထို မှ ဆက်တိုက်ပင်- လက်နက်မဲ့ အပြစ်မဲ့ တိုင်းရင်းသား ရိုဟင်ဂျာတို့အား သမိုင်းမှတ်တမ်းဝင် လူမျိုး နာမည်ကိုပါ ဖျောက်ဖျက်ခြင်း၊ တိုင်းရင်းသား အပြစ်မှာ ပါယ်ဖျက်ခြင်း၊ ၎င်းတို့၏ အိုးအိမ်များကို မီးရှို့ ဖျက်ဆီးလျှက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ ၎င်းတို့နေရာဒေသများမှ မောင်းထုတ်ခြင်း၊ နိုင်ငံခြားမှ ကျူးကျော်ဝင်ရောက်၍ မြန်မာနိုင်ငံမှ မြေယာများကို လုယူသူများဟု ထင်မှတ်စေရန် သမ္မတ ကိုယ်တိုင် ဦးဆောင်လျှက် ၎င်းတို့အား ကျူးကျော်သူ ဘင်္ဂလီများဟု တရားဝင် ကင်ပွန်းတပ် ခြင်း၊ ၎င်းလူမျိုးများ အတွက် အိမ်ထောင်ပြုခြင်းအား ကန့်သတ်ခြင်း၊ ကလေးမွေးနှုန်းကန့်သတ်ခြင်း- စသည့် ကမ္ဘာ့ အသိအမှတ်ပြု လူမျိုးတုံးသတ်ဖြတ်ခြင်း သတ်မှတ်ချက် (၈)ရပ်ထက်ပင် ကျော်လွန်စွာ မြန်မာအာဏာ ပိုင်များနှင့် အမျိုးသားရေးဝါဒီများက ကျူးလွန်ခဲ့၊ ကျူးလွန်ဆဲ ဖြစ်သည်။

ထိုမျှမက- ရိုဟင်ဂျာ လူမျိုးစုနှင့် ကိုးကွယ်ရာ ဘာသာတူသည့် မြန်မာနိုင်ငံ အနှံ့မှ အစ္စလာမ်သာသနာ ၀င်တို့ ဦးတည်လျှက် မျိုးတုံးသတ်ဖြတ်မှုများ ဆက်လက်ကျူးလွန်ခဲ့သည့် သက်သေများမှာ-၊ မိတ္ထိလာ ဥက္ကံ၊ လာရှိုး မြို့များတွင် မွတ်ဆလင်ထုတစ်ရပ်လုံး၏ အိုးအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အပြစ်မယ့် ကျောင်းသားလေးများအား အာဏာပိုင်တို့၏ ရှေ့မှောက်တွင်ပင် အရှင်လတ်လတ်မီးရှို့ခြင်း၊ ထိုမှ ဆက်၍ ပဲခူးတိုင်းဒေသရှိ မြို့ရွာအသီးသီးမှ ရှိသမျှသော မွတ်ဆလင်လူထုအား တိုင်းပြည်မှ ထွက်ပြေး သွားစေရန် ခြိမ်းခြောက် ခြင်း၊ ဥစ္စာပစ္စည်းများအား မီးရှို့ခြင်း၊ လုယက်ဖျက်ဆီးခြင်းနှင့် တစ်တိုင်း ပြည်လုံး အစ္စလာမ်ဆန့်ကျင်ရေး ၀ါဒဖြန့်ချီမှုတို့အား အာဏာပိုင်များကိုယ်တိုင် ပါဝင်၍ စဉ်ဆက် မပြတ် လုပ်ကိုင်နေခြင်းတို့သည် မြန်မာနိုင်ငံအတွင်းမှ အစ္စလာမ်သာသနာဝင်တို့အား မြန်မာအစိုးရ၏ ကျောထောက်နောက်ခံဖြင့် လူမျိုးတုံး သတ်ဖြတ်နေခြင်းများ ဖြစ်သည်။

သို့ဖြစ်၍ ကျွန်ုပ်တို့ မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့ကြီးမှ နိုင်ငံတစ်ကာ လူမျိုးတုံးသတ်ဖြတ်မှုရေးရာ ကျွမ်းကျင်သူ ပညာရှင်များနှင့် ဆွေးနွေးလျှက်-၊ ကမ္ဘာ့ခုံရုံးတရားခံ ရာဇ၀တ်ကောင်များ၏ အကုသိုလ်မှုတို့အား နောင်လာနောက်သားများ အမှတ်ရနေစေရန် နှစ်စဉ် ဇွန်လ ၃ ရက်နေ့အား မြန်မာ့ လူမျိုးတုံးသတ်ဖြတ်သည့် နေ့ရက် အဖြစ် သတ်မှတ်လိုက်သည်။


မိုးကျော်
မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
အမေရိကန် ပြည်ထောင်စု အနောက်ပိုင်း တာဝန်ခံ
Rohingya Exodus