နောက်ဆုံးသတင်း/ဆောင်းပါးများ

ဝိရသူ၏ မွတ်ဆလင် ဆန့်ကျင်ရေး လှုံ့ဆော်မှုများ


ဌေးလွင်ဦး
RB News
30.8.2012

မန္တလေး မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက ဆရာတော်ဘဒ္ဒန္တဝိစိတ္တာဘိဝံသ- ဘွဲ့ခံ ဝီရသူ (မစိုးရိမ်) ဟာ သမ္မတ ထောက်ခံပွဲ ဆိုတဲ့ ခေါင်းစီးကို သုံးပြီး မွတ်ဆလင် ဆန့်ကျင်ရေး လှုံ့ ဆော်ပွဲကို ၂၀၁၂ စက်တင်ဘာလ ၂ ရက်နေ့မှာ တရားဝင်ဦးဆောင်ကျင်းပတော့မှာ ဖြစ်ပါတယ်။

သူ့ခေါင်းစီးက ရိုဟင်ဂျာများကို ဒုက္ခသည်စခန်းများကို ပို့၊ တတိယနိုင်ငံများသို့ မောင်းထုတ် ဆိုတဲ့ ခေါင်းစီးပါ။ ဒါဟာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ရဲ့ ရိုဟင်ဂျာများနဲ့ ပတ်သက်ပြီး ပထမဆုံး ယူအင် ကိုယ်စားလှယ်ကို ပြောခဲ့တဲ့ စကားဖြစ်ပါတယ်။ ဒီစကားလုံးကို ဦးသိန်းစိန်ပြောမိလိုက်လို့- ဦးသိန်းစိန် ကို ရိုဟင်ဂျာ မျိုးပြုတ်သတ်ဖြတ်မှုကို ဦးဆောင်သူ၊ သို့မဟုတ် သမ္မတကိုယ်တိုင်က အားပေးအား မြှောက် ပြုသူ အဖြစ် သတ်မှတ်ခံရပြီး- ကမ္ဘာက သူ့ကို မျိုးပြုတ်သတ်ဖြတ်မှု တရားခံအဖြစ် ခုံရုံးကို တင်တော့မယ့် အချိန်မှာ- သူရိပ်မိသွားပြီး မသိမသာ နောက်ဆုတ်သွားခဲ့ရပါတယ်။ အမေရိကန်နဲ့ အနောက်နိုင်ငံတို့ကလည်း ပြုပြင်ပြောင်းလဲရေးမှာ ဦးဆောင်လိုသူ အဖြစ် သတ်မှတ်ထားပြီး သမ္မတ ကို အမှုပတ်သက်မှု မသိမသာ တိမ်စေခဲ့တယ်။

ကျောက်ဆည်မြို့မှာ မွတ်ဆလင် ဗုဒ္ဓဘာသာအဓိကရုန်းကို စတင်မီးမွှေးခဲ့တဲ့ ၀ိရသူ ဟာ ကျောက် ဆည်မြို့က မွတ်ဆလင်မိသားစုကို မီးရှို့သတ်ရာမှာ ဦးဆောင်ခဲ့သူ ဖြစ်တယ်။ အခုအချိန် ရိုးသားတဲ့ မြန်မာပြည်သူတွေရဲ့ အသိတရားထဲမှာ ရိုဟင်ဂျာ = မွတ်ဆလင်များလို့ မြင်ထားတာကို ရောကြိတ်ပြီး ၀ိရသူ တစ်ဦး မွတ်ဆလင်တွေကို မောင်းထုတ်ဘို့ ဆက်လက်ကြံစည်ပြန်ပါတယ်။ သူ့အနေနဲ့ သမ္မတရဲ့ ပြောစကားတစ်ခွန်းကို ထောက်ခံတယ်လို့ အကြောင်းပြပြီး မွတ်ဆလင်များကို ဆက်လက် နှိပ်ကွပ်မှာ ဖြစ်ကြောင်း- သူ့ရဲ့ ဖေ့စ်ဘုတ် http://www.facebook.com/ven.wirathumsy မှာဆန္ဒပြပွဲ နောက်ခံ အဖြစ် သူကိုယ်တိုင် ဘာသာပြန်တင်ထားတ့ ဂျီဟာ့ဒ် ဆိုတဲ့ အပိုဒ်ကို တင်ပြထားတယ်။

တစ်ကယ်လို့ သူဟာ ရိုဟင်ဂျာ များကိုသာ လူမျိုးရေးအရ ဦးတည်တိုက်ခိုက်မယ်ဆိုရင် မွတ်ဆလင် များ အားလုံးကို ရည်ရွယ်တဲ့ ဂျီဟာ့ဒ် ဆိုတာကို တင်စရာ အကြောင်းမရှိပါ။ သူဆိုလိုတာက မွတ် ဆလင်တွေဟာ ဂျီဟာ့ဒ်ခေါ် သာသနာပြုစစ်ဆင်နွဲပြီး အတင်းသာသနာပြုနေသယောင်၊ ဒါကြောင့် မွတ်ဆလင် ဂျီဟာ့ဒ်တွေ မြန်မာပြည်ထဲကို ၀င်မလာလေအောင် မွတ်ဆလင်များကို တော်လှန်တိုက် ခိုက် ပစ်ရမယ့် သဘောများကို ဦးတည်တင်ပြထားပါတယ်။ ရိုဟင်ဂျာ ကို အကြောင်းပြပြီး မွတ်ဆလင် အားလုံးကို နှိပ်ကွပ်တော့မယ် ဆိုတာ ထင်ရှားလှပါတယ်။

ဝိရသူ အနေနဲ့ မြန်မာနိုင်ငံက မွတ်ဆလင်တွေဟာ သမိုင်းစဉ်ဆက် သူ့ဖွင့်ဆိုသလို ဂျီဟာ့ဒ် လုပ်ခဲ့ခြင်း မရှိကြောင်းကို သူကိုယ်တိုင် သိနေပါတယ်။ အလားတူ နောက်ထပ်လည်း သူဖွင့်ဆိုတဲ့ ဂျီဟာ့ဒ်မျိုး လုပ်ရန် အကြောင်းမရှိကြောင်း သူကိုယ်တိုင် သိနေပါတယ်။ ဒါပေမယ့် နိုင်ငံတစ်ကာမှာ ဖြစ်ပျက် နေတဲ့ ကိစ္စရပ်များ သို့မဟုတ် အစ္စလာမ့် ဆန့်ကျင်ရေး အုပ်စုများရဲ့ ၀ါဒဖြန့် တဲ့ စာပေတွေကို ဒိုင်ခံ တာဝန်ယူပြီး ဘာသာပြန်ပေးကာ မြန်မာနိုင်ငံအတွင်းမှာ မွတ်ဆလင်များကို တမင်ရည်ရွယ် တိုက်ခိုက် လိုကြောင်း သိသာလှပါတယ်။ ဘုန်းကြီး လုပ်နေပြီး ဘုန်းကြီး ၀ိနည်းနဲ့ မညီ- လူသားတွေကို မျိုးပြုတ် သုတ်သင် မောင်းထုတ်ဘို့ကိုသာ အစဉ်ကြံစည်နေသူ ဖြစ်တော့တယ်။

နိုင်ငံတစ်ကာမှာ ဖြစ်ပျက်နေတဲ့ ကိစ္စများကို အကြောင်းပြပြီး အပြစ်မယ့် မြန်မာပြည်က မွတ်ဆလင် တွေကို သုတ်သင်မောင်းထုတ်ဘို့ လုံ့လပြုနေခြင်းဟာ ဗုဒ္ဓဘာသာဘုန်းကြီး တစ်ဦးရဲ့ ဂုဏ်အင်္ဂါများ ဖြစ်ပါသလား---။ လို့ မေးခွန်းထုတ်စရာလည်း ဖြစ်နေပါတယ်။

ဘုန်းကြီးတစ်ဦးက ဒီလူတွေကို မောင်းထုတ် လို့ ပြောတဲ့ စကားဟာ “ဒီလူတွေကို သုတ်သင်ရှင်းလင်း ပစ်” လို့ လူထုက နားလည်တဲ့ စကားဖြစ်ပါတယ်။ အပြောတစ်မျိုး- အလုပ်တစ်မျိုး လက်တွေ့ သရုပ် ဆောင်ပြနေတဲ့ မေတ္တာရှင် ဘုန်းကြီးများ အကြောင်းကို ကမ္ဘာကလည်း ရွံရှာနေပါပြီ။

သူ့လုပ်ရပ်များ၊ သူ့ကို ထောက်ခံအားပေးသူများရဲ့ လှုပ်ရှားမှု မှန်သမျှကို ကမ္ဘာက စောင့်ကြည့်နေစေ ဘို့ ကျွန်တော်တို့ဘက်ကလည်း လုပ်ဆောင်သွားရမှာပါ။

သူ့လုပ်ရပ်များ အတွက် အစီအစဉ်များက----။

ကမ္ဘာ့နိုင်ငံများမှာ တော်လှန်ရေး လုပ်နေတဲ့ အုပ်စုတွေက ၀ါဒဖြန့်မှုများကို မြန်မာပြည် ထဲကို

ချမ်းအေးသာဇံမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ အောင်မြေသာဇံမြို့နယ်တို့၌ ၂.၉.၂၀၁၂-ရက်(တနင်္ဂနွေနေ့)

ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာစည်မြို့နယ်တို့၌ ၃.၉.၂၀၁၂-ရက်(တနင်္လာနေ့)

အမရပူရမြို့နယ်၊ ၄.၉.၂၀၁၂-ရက်(အင်္ဂါနေ့)တို့မှာ ကျင်းပမည်ဖြစ်သည်။

သုံးရက်ဆက်တိုက် ကျင်းပမှာဖြစ်သည်။

"သမ္မတကြီးအားထောက်ခံပွဲ"

ရခိုင်အရေးအခင်းနဲ့ပတ်သက်၍ သမ္မတကြီး၏ ရပ်တည်ချက်ကို ထောက်ခံပြီး မစ္စတာ ကင်တားနားကို ကန့်ကွက်ရှုတ်ချသည့်ပွဲဖြစ်သည်။

"ရည်ရွယ်ချက်"

ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီများသည် တိုင်းရင်းသားမဟုတ်ကြောင်း ကမ္ဘာကြီးသိစေရန်။

ဘင်္ဂလီများ၏ အကြမ်းဖက်မှုကို မြန်မာပြည်ဖွား တိုင်းရင်းသားအားလုံးက ရှုတ်ချကြောင်း ကမ္ဘာကြီးသိစေရန်။

ရခိုင်တံခါးနှင့် ရခိုင်ပြည်သူလုံခြုံရေးကို အစိုးရအစဉ်အဆက် အလေးနက်ထားနိုင်ရန်။

"ဗီနိုင်းများ"

အမှတ်(၁) ဗီနိုင်းမှာ သမ္မတကြီးပုံနှင့် ကင်တားနားပုံတို့ပါဝင်ပြီး၊ သမ္မတကြီးပုံကို အမှန်ခြစ်ကာ ကင်တားနား ပုံကို ကြက်ခြေခတ်ထားပြီး၊ "သမ္မတကြီးကို ထောက်ခံခြင်းဖြင့် အမိမြန်မာပြည်ကို ကယ်တင်ပါ"။-စာတန်းပါဝင်သည်။

အမှတ်(၂) ဗီနိုင်း၌ သမ္မတကြီးနှင့် ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး မစ္စတာအန်တိုနီယိုတို့ပုံကို နောက်ခံ ထားကာ သမ္မတကြီး စကားသုံးခွန်းကို စာတန်းထိုးထားသည်။

၁။ ရိုဟင်ဂျာအမည်ခံ ခိုးဝင်လာသူများသည် နိုင်ငံတည်ငြိမ်အေးချမ်းမှုကိုပါ ခြိမ်းခြောက်လာ။

၂။ ရိုဟင်ဂျာများကို UNHCR-သို့ အပ်နှံပြီး ဒုက္ခသည် စခန်းအဖြစ် ထားရှိမည်။

၃။ တတိယနိုင်ငံများက လက်ခံမည်ဆိုလျှင် ပို့ပေးမည်။

ဤဗီနိုင်းနှစ်ခုကိုသာ ကိုင်ဆောင်ခွင့်ပြုပြီး လက်ကိုင်ဆိုင်းဘုတ်စာသား (၁၅)ခုကို ပိတ်ပင်လိုက်ကြသည်။

ဆန္ဒပြချိန်ကိုလည်း ၂-နာရီမှ ၁-နာရီလျှော့ချကာ စုရပ်များ၊ ပစ်မှတ်များ၊ လမ်းများကိုလည်း ပြောင်းရွေ့ သတ်မှတ်ပေးကြပြန်သည်။

"၂.၉.၂၀၁၂-ရက် ဝါခေါင်လဆုပ်(၁) တနင်္ဂနွေနေ့မြို့နယ်နှင့် အချိန်ဇယား"

၁။ ချမ်းအေးသာဇံမြို့နယ်၊

မွန်းတည့် (၁၂)နာရီ လူစု။

၃၃×၇၉-လမ်းထောင့် စုရပ်။

မွန်းလွဲ(၁)နာရီ စတင်လှည့်လည်။

၃၃-လမ်းမှ ၇၉-လမ်းအတိုင်း ၂၆-ဘီလမ်းထိပ်မှာဆုံး။

(စီတန်းလှည့်လည်ခွင့် တစ်နာရီတိတိသာ)

(၁း၃၀)နာရီမှာ လုံခြုံရေး-စချပေးမည်ဟုဆို။

၂။ မဟာအောင်မြေမြို့နယ်၊

မွန်းလွဲ(၁း၃၀)နာရီမှာ လူစု။

လမ်း-၈၀×၃၅-လမ်းစုရပ်။

မွန်းလွဲ(၂း၃၀)နာရီ စတင်လှည့်လည်။

လမ်း ၈၀-မှ ၃၅-လမ်းအတိုင်း ၈၄-လမ်းအထိ။

၈၄-လမ်းအတိုင်း ၃၅-မှ-၃၉-လမ်းထောင့် ပေါင်းလဲတိုက်အထိ။

ပေါင်းလဲတိုက်မှာပြီးဆုံး။

(စီတန်းလှည့်လည်ခွင့် တစ်နာရီတိတိသာ)

၃။ အောင်မြေသာဇံမြို့နယ်။

ညနေ(၃)နာရီ လူစု။

၁၂×၈၀-လမ်း၊ ကျုံးအနောက်မြောက်ထောင့် စုရပ်၊ ညနေ(၄)နာရီ စတင်လှည့်လည်။

ကျုံးအနောက်ဘက် လမ်း ၈၀-အတိုင်း တောင်ဘက်သို့ချီ။

၁၉-လမ်းရောက်လျှင် အနောက်ဘက်ကွေ့၊ ၈၆-လမ်း ညောင်ပင်ဈေးအထိ ချီတက်။

ညောင်ပင်ဈေးမှ ၁၂-လမ်းမှာ ပြီးဆုံး။

(စီတန်းလှည့်လည်ခွင့် တစ်နာရီတိတိသာ)

ဤဆန္ဒဖော်ထုတ်ပွဲသို့ ပါဝင်ဆင်နွှဲလိုသူ၊ ကူညီဆောင်ရွက်လိုသူ၊ လှူဒါန်းကျွေးမွေးလိုသူ မည်သူမဆို ဘာသာလူမျိုး မခွဲခြားပဲ ပါဝင်၊ ကူညီ၊ လှူဒါန်းခွင့်ရှိကြောင်း သိစေအပ်ပါသည်။

"ဆက်သွယ်ရန်"

၁။ ချမ်းအေးသာဇံမြို့နယ်-

ဦးတိလောက-------၀၉-၄၀၂၅၈၁၄၁၁

ဦးမောင်မောင်စန်း(တိမ်ပြာတန်း)----၀၉-၇၃၅၀၄၆၂၂

၂။ မဟာအောင်မြေမြို့နယ်-

ဒေါ်သောင်းသောင်းမြင့်---------၀၉-၄၃၁၀၁၉၆၄

ကိုရဲထွန်း---------၀၉-၄၀၂၆၂၅၈၃၈

၃။ အောင်မြေသာဇံမြို့နယ်-

ဦးမြင့်အောင်(ရွှေဥယျာဉ်)----၀၉-၄၃၁၇၀၂၁၄

မမြင့်မြင့်ကြည်--------၀၉-၄၀၂၅၇၇၂၄၉

တွေ ဖြစ်ပါတယ်။--၊ ရိုဟင်ဂျာတွေကို ကျူးကျော်သူတွေ ဖြစ်ကြောင်း ကမ္ဘာက သိစေဘို့ ထ အော်မယ် ဆိုတဲ့ ကလေးကလား စကားကို ကမ္ဘာက ဘယ်လို ယုံကြည်မလဲ။ ရိုဟင်ဂျာများ နှိပ်ကွပ်ခံနေရတာကိုသာ ကမ္ဘာက လက်တွေ့ သိနေပါတယ်-- ၀ိရသူ၊ ဆိုတာ သင်္ကန်းဝတ် ၀ိရသူ တစ်ယောက် သိစေရမှာပါ။

  1. တမင်ကလာ ယုတ်မာပက်စက်တဲ့ရည်ရွယ်ချက်နဲ့ blogspot ထောင်ပြီး လှုံ့ဆော်သွေးထိုး ပြသနာရှာနေတဲ့ ဘလော့တွေ မတော်မတရားဆောင်ရွက်နေတဲ့ ဘလော့တွေကို Google က ခွင့်မပြုပါဘူး တိုင်ကြားသူရှိရင် အရေးယူပိတ်ဆို့ဖျက်သိမ်းပေးပါတယ် .... ဒီလင့်မှာ တိုင်ကြားနည်းတွေကို ရှင်းပြထားတာတွေ့ရပါတယ် ... သိသင့်တယ်ထင်လို့ ဝေမျှလိုက်ပါတယ်
    သွားကြည့်ဖို့ လိပ်စာက ..... http://www.youtube.com/watch?v=tHswy_2Vt9Y&feature=youtu.be

Comment ရေးရန်

Rohingya Exodus