နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောမြို့နယ်၊ ဘဂုံးနားကျေးရွာဖောက်ထွင်း၊ လုယက်


RB News
31.8.2012

မောင်တောမြို့နယ်၊ ဘဂုံးနားကျေးရွာဈေးအတွင်းဆိုင်ခန်းများအား နစကလက်နက်ကိုင်များနှင့် ရဲများ၊ ရခိုင်သောင်းကျန်းသူအကြမ်းဖက်သမားများ ဖောက်ထွင်း၊ လုယက် ယူဆောင်သွားသော ပစ္စည်း တန်ဖိုးစာရင်းများ 

မောင်တောမြို့နယ် ဘဂုံးနားကျေးရွာအုပ်စုသည် မောင်တော-အလယ်သံကျော် ကားလမ်းတစ်ဖက် တစ်ချက် တွင် တည်ရှိပြီး၊ အိမ်ခြေ ၇၀၀ ကျော်ရှိကာ မောင်တောမြို့မှ ၃မိုင်ခွဲခန့်ကွာဝေးပါသည်။ ထိုဘဂုံးနားကျေးရွာအား မြန်မာလက်နက်ကိုင် နစကတပ်၊ ရဲနှင့် ရခိုင် နတလ ကျေးရွာမှ လူရမ်းကားများ ၀င်ရောက်၍( ၁၁၊ ၆၊ ၂၀၁၂) မှ (၂၁၊၆ ၂၀၁၂) ရက်နေ့အထိ အိမ်ခြေ အားလုံးနီးပါးကို ၀င်ရောက်လု ယက် ဖျက်ဆီး ခဲ့ပါသည်။ 

လက်နက်မဲ့ ရိုဟင်ဂျာမူဆလင်ရွာသူ၊ ရွာသားများအားသေနတ်ဖြင့်ပစ်ပေါက်ခြင်း၊ ဖမ်းဆီးခြင်း၊ စသည့် ခြိမ်းခြောက်ခြင်း အမျိုးမျိုးပြုသဖြင့် ရွာရှိ အမျိုးသားများရွာမှ ထွက်ပြေးတိမ်းရှောင်သွားစဉ်၊ ရွာတွင် အားနွဲ့သူအမျိုးသမီးများနှင့် မိန်းကလေး ငယ်များသာ ကျန်ရှိခဲ့ရာ ၄င်းနစကလက်နက်ကိုင်များ၊ ရခိုင်လက်နက်ကိုင်များ၊ ရဲများက ရွာရှိ အိမ်ခြေအားလုံးနီးပါးမှ ရှိသမျှ ရွှေငွေ ဥစ္စာပစ္စည်း အားလုံးကို လုယက်ယူငင်သွားခြင်း၊ အမျိုးသမီးများအား အုပ်စုဖွဲ့ မုဒိန်းကျင့်ခြင်းအပြင် ရွာရှိ ဈေးဆိုင်ခန်းအားလုံးကို လည်း ဖောက်ထွင်း လုယက် ယူဆောင်သွားခဲ့သည်။ 

ဖောက်ထွင်းလုယက်ခံရသော ဘဂုံးနားဈေးအတွင်းရှိဆိုင်ခန်းအချို့မှာ-

Comment ရေးရန်

Rohingya Exodus