နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောမြို့မှရွာနှစ်ရွာကိုဓါးပြများဝင်ရောက်တိုက်ခိုက်


Qutub Shah 
RB News 
21.1.2013 

မောင်တော ။ ။ ဇန်န၀ါရီလ (၁၇) ရက်နေ့တွင် မောင်တောမြို့နယ်မှ ရွာနှစ်ရွာကို ညသန်းခေါင်ယံ ၁၂ နာရီမှ ၁း၃၀ နာရီအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှဟု ယုံကြည်ရသော ဓါးပြများ ၀င်ရောက်တိုက် ခိုက်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ထို ရွာနှစ်ရွာသည် ညောင်ချောင်းရွာ အခြေစိုက် နယ်စပ်ဒေသ ကွပ်ကဲရေးရုံး နယ်မြေ (၅) နှင့် ခမောင်း ဆိတ်ရွာ အခြေစိုက် နစကနယ်မြေ (၂) တို့နှင့်ကပ် လျက်ရှိသော ရွာများဖြစ်သည်။ ရွာသူရွာ သားများ မှ အော်ဟစ်၍ အကူ အညီတောင်းခံ သည်ကို နစကစခန်းနှစ်ခုမှ ကြားသော်လည်း လာရောက်၍ ကူ ညီပေး ခြင်းမရှိခဲ့ပါ။ ထိုသို့ ကူညီပေးခြင်း မရှိသည့်အပြင် ဇန်န၀ါရီလ(၁၈) ရက်နေ့ တွင် ရွှေငွေရတ နာနှင့် ငွေ ကြေးများ ဆုံးရှူံးခဲ့ရသော ရိုဟင်ဂျာ (၃) ဦးကို ဆင့်ခေါ်၍ နစက နယ်မြေမှူးမှ အတင်း အဓမ္မငွေ ညှစ်ခဲ့ ကြောင်း သိရပါသည်။

ဆင့်ခေါ်ခံရပြီး ငွေညှစ်ခံရသူ ရိုဟင်ဂျာ (၃) ဦးမှာ - 

(၁) ဦးမိုဟာမတ် (ဘ) ဦးနဇီရ်ဟူစိန်း (ရီယာဇ်အုဒီးန်ဖာရာ၊ သစ်တုန်းနားခွဆုံ) 
(၂) ဦးဇီယာဘုရ်ရာမန် (မန်ဇီရီ၊ ညောင်ချောင်း) 
(၃) ဦးအေလီယာစ် (ရယကဥက္ကဌဟောင်း) (မန်ဇီရီ၊ ညောင်ချောင်း) - တို့ဖြစ်ပါသည်။ 

Comment ရေးရန်

Rohingya Exodus