နောက်ဆုံးသတင်း/ဆောင်းပါးများ

လူရောင်းစားမှု တရားခံ အရင်းအမြစ်


လူသား အချင်းချင်း- အလုပ်ကြမ်း လုပ် ဘို့၊ ကျေး ကျွန် အဖြစ် ခိုင်းစေဘို့၊ မတန်တဆ အခကြေးငွေ နဲ့ခိုင်း စား ဘို့ ရာ ရောင်းစား သူများကို လူကုန်ကူးသူ အဖြစ် ကမ္ဘာ့ဥပဒေကသတ်မှတ်ပြီး၊လူကုန်ကူးသူသို့မဟုတ် လူ ရောင်း စား သူများကို သက် ဆိုင်သလို ဥပဒေအရ အရေးယူခြင်းများ ရှိပါတယ်။

မြန်မာနိုင်ငံက ပင်လယ် သမုဒ္ဒရာကြီး ကို ဖြတ် သန်းပြီး အသက်လု ထွက်ပြေး လာရတဲ့ ရိုဟင်ဂျာ များ- ထိုင်း ကမ်းရိုး တန်းမှာ ဆိုက်ကပ် မိတော့- ကပ် ဆိုက် သလို ထပ်မံကြုံ ရတဲ့ အဖြစ်က ထပ်ဆင့်ရောင်းစား ခံရခြင်း များပါ။ ဒီ လူသား ချင်း ရောင်းစားတဲ့ အထဲမှာ ထိုင်းအာဏာပိုင်များပါ ပါဝင်ပတ်သက်နေ ပါတယ် ဆိုပြီး- ထိုင်းနိုင်ငံ စစ် ဦးချုပ်ကိုယ်တိုင် သတ္တိရှိရှိ ၀န်ခံလိုက် ပါတယ်။ အတိဒုက္ခရောက်နေသူများကို လူသား ချင်း မစာနာ ထပ်ဆင့် ရောင်းစားတဲ့ အတွက် စိတ်ကွက်မိပေမယ့်--၊ ဒီ အစ္စလာမ်ဘာသာဝင် ရိုဟင်ဂျာ ဒုက္ခသည်တွေ ကို လူသားချင်း စာနာပြီး ကူညီ ကျွေးမွေးတဲ့ အထဲမှာ ထိုင်းနိုင်ငံသား ဗုဒ္ဓဘာသာ များ ပါဝင်တဲ့ အပြင် ထိုင်းအစိုးရ ပိုင်းကိုယ်တိုင် က လူကုန်ကူးသူတွေကို မျက်နှာမထောက် အရေးယူမယ် ဆိုတော့-၊ ထိုင်းနိုင်ငံနဲ့ ထိုင်းနိုင်ငံသား ဗုဒ္ဓဘာသာ ၀င်များကို ကျေးဇူး တင် လေးစား မိပါတယ်။ မညှာတမ်းပြောရရင်- ထိုင်းနိုင်ငံသားတွေ ဟာ မြန်မာနိုင်ငံ သားတွေ ထက် စိတ် ဓါတ် ပိုမိုမြင့်မြတ်မှု ရှိလှပါတယ်။
ထိုင်းလူကုန်ကူးမှုဂိုဏ်း၏ညှင်းပန်းနှိပ်စက်ခြင်းကိုခံရသော ရိုဟင်ဂျာတစ်ဦး (ဓါတ်ပုံ - Phuket Wan)
ဒီကိစ္စမှာ ထိုင်းနိုင်ငံက ၀ိသမ လောဘသား တစ်စုမျှသာ ဥပဒေကို ချိုးဖေါက်တယ် လို့ ပြောနိုင်ပါမယ်။ တစ်ကယ် တမ်းတော့ ဒီကိစ္စရဲ့ ရာဇ၀တ်မှု ဇစ်မြစ်က မြန်မာနိုင်ငံက စတင်တာပါ။ လူသား အချင်း ချင်း ရောင်း စားတဲ့ ဈေးကွက်ကို မြန်မာနိုင်ငံက ဖန်တီးလိုက် တယ်လို့ ဆိုရမှာ ဖြစ်တယ်။ ရခိုင်ဒေသရဲ့ မူလဘူတ လူမျိုး ရိုဟင်ဂျာ များကို (၁) သူတို့ရဲ့ အိုးအိမ်များကို မီးရှို့ပြီး သူတို့ကို စခန်းသွင်း စုဆောင်း (recruit) ခဲ့တယ်။ (၂) သူတို့ကို အကြောက် တရားနဲ့ ထိမ်းချုပ်နိုင်အောင် နိုင်ငံခြားက ခိုးဝင်လာသူတွေလို့ အာဏာကို အလွဲစားလုပ်ပြီး စွပ်စွဲတယ်၊ ခြိမ်းခြောက်တယ်၊ အဓမ္မ၀န်ခံ ခိုင်းတယ်၊ သတ်မယ်-ဖမ်းမယ် ထောင် ချမယ် လို့ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှုများကို အဆက်မပြတ်ြ ပုလုပ်တယ်။ အကာ အကွယ် မဲ့တဲ့ ဘ၀နဲ့ ပစ်ပယ် ထားတယ်၊ အစာရေစာ ငတ် ပြတ်ဘေးများ၊ ရောဂါဘယ ထူပြောမှု ဖြစ်ပွားလာအောင် ဖန်တီးထား ခဲ့တယ်။ (၃) ကြောက်လန့်ပြီး ထွက်ပြေး ရသည့်ထိ ဖန်တီးပြီး- သူတို့ပိုင်ဆိုင်သမျှ ပစ္စည်းများကို ယူကာ- မြန်မာရေတပ် ကိုယ်တိုင်က နိုင်ငံတစ်ကာ ရေ ပိုင်နက်ထိ မောင်းထုတ် လိုက် ပါ တယ်။ ဒါတွေဟာ လူရောင်းစားခြင်း ဥပဒေနဲ့ ညိနေတဲ့ ကိစ္စရပ်များ ဖြစ်ပါတယ်။

ဒါတွေကို ဘယ်သူ လုပ်နေပါသလဲ။ ပြောနေစရာ မလိုလောက်အောင် စာဖတ်သူများ သိနေမှာပါ။ ကျွန်တော့  အနေနဲ့တော့ ဒါတွေကို မြန်မာအစိုးရ ကိုယ်တိုင် လုပ်နေတာပါလို့ ပြောလိုပါတယ်။ “ရိုဟင်ဂျာ” များ ဒုက္ခရောက် ရခြင်းက အစိုးရနဲ့ မသက်ဆိုင်ပါ- ရခိုင်လူမျိုးနဲ့ ရိုဟင်ဂျာ လူမျိုးတို့ လူမျိုးရေး ပဋိပက္ခဖြစ်ရခြင်းကြောင့်သာ ဖြစ် ရတာပါလို့ သမ္မတကိုယ်တိုင်က ဘယ်လိုပြောပြော-၊ လက်တွေ့ ဖြစ်နေ တဲ့ ကိစ္စများကိုယ်တိုင်က အစိုးရကိုယ် တိုင် တိုက်ရိုက်ပတ်သက်နေကြောင်း ကမ္ဘာ့အသိုင်းအ၀ိုင်းက သိနေပါတယ်။ ကမ္ဘာ့အသိုင်းအ၀ိုင်းဟာ ပညာမဲ့ သူများ မဟုတ်ပါ။

အကယ်၍ ရိုဟင်ဂျာ တွေ ဒုက္ခရောက်ရခြင်း အကြောင်းရင်းက ရခိုင်လူမျိုးကြောင့်သာ ဆိုရင်-၊ (၁) ပြ သနာ ဖြစ် ပေါ်ပြီး နောက်ပိုင်းမှာ မတရားသဖြင့် တရားခံများ အဖြစ် စွပ်စွဲပြီး လိုက်လံ ဖမ်း ဆီးနေတာက ဘယ်သူများပါလဲ။ (၂) နိုင်ငံတစ်ကာက ဒုက္ခသည်တွေကို ကူညီပေးလိုတာကို အကြီး အကျယ်ဟန့် တားနေတာက ဘယ်သူများ ပါလဲ။ (၃) ရိုဟင်ဂျာ တွေရဲ့ သမိုင်းအစစ်အမှန်ကို ဖျောက်ပြီး မနေ့တစ်နေ့ကမှ ၀င်လာတဲ့ ကျူးကျော်သူ ဘင်္ဂလီ များ ဖြစ်တယ်လို့ ကမ္ဘာအရပ်ရပ် လိုက်ပြောနေတာ ဘယ်သူများပါလဲ။ (၄) ရိုဟင်ဂျာတွေကို ရိုဟင်ဂျာ အဖြစ် မှတ်တမ်းမတင်ဘဲ- အတင်းအဓမ္မ ဘင်္ဂလီအဖြစ် မှတ်တမ်း တင်နေတာ ဘယ်သူများပါလဲ။ ဒါတွေအားလုံးကို ရခိုင်များကသာ လုပ်ဆောင်နေတပါလို့ အကြောင်းပြ ရင်တော့- မြန်မာနိုင်ငံရဲ့ နိုင်ငံတော် လုပ်ပိုင်ခွင့်နဲ့ ဥပဒေ ဆိုင်ရာ ဆုံးဖြတ်ခွင့်များကို ရခိုင်ဗုဒ္ဓဘာသာတွေ လက်ထဲ ၀ ကွက်အပ်လိုက်ပြီလို့ ၀န်ခံရာသာ ရောက်ပါတော့ မယ်။

ဒီလိုဆိုရင် သမ္မတဦးသိန်းစိန် ကိုယ်တိုင်က ရခိုင်ဖြစ်နေပါသလား၊ ၀န်ကြီး ဦးခင်ရီကိုယ်တိုင်က ရခိုင်ဖြစ်နေ ပါ သလား၊ ရခိုင်ပြည် နယ်မှာ လက်ရှိထမ်းဆောင်နေတဲ့ ကြည်းတပ်၊ ရေတပ်များက အရာရှိကြီးများမှ တပ်သားထိ ရခိုင်များချည်း ဖြစ်နေပါသလား။ ဆိုတာတွေ လည်း မေးစ ရာတွေ ဖြစ် လာပါလိမ့်မယ်။

ရခိုင်ဖြစ်ဖြစ်- ဗမာဖြစ်ဖြစ် လူရောင်း စားမှုရဲ့ ဇစ်မြစ်ကတော့၊ အာဏာကို အလွဲသုံးစားလုပ်ပြီး လူသား များကို ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ခြင်း၊ ထိုသို့နှိပ်စက်ပြီးနောက် ဓားစာခံ လူသား များကို လက် လီရောင်း မယ့် သူများထံ နည်းမျိုးစုံနဲ့ အရောက်ပို့ပေးခြင်းကို ကျူးလွန်သူ များ သာ ဖြစ် ပါတယ်။

ဒီကိစ္စ အတွက် လက်ရှိ အာဏာရ အစိုးရတွင်းက လုပ်ပိုင်ခွင့်ရှိသူများမှာ တာဝန်မကင်းသလို အတိုက် အခံ ပါတီ များမှာလည်း တာဝန်မကင်းပါ။ နိုင်ငံတစ်နိုင်ငံကို ဦးဆောင်နေတဲ့ ပုဂ္ဂိုလ်များက မိမိနိုင်ငံ အတွင်း ရှိ လူမျိုးတစ်မျိုး ရဲ့ သမိုင်းအမှန်ကို မသိခြင်း ဆိုတာ မသိဟန်ဆောင်ခြင်းသာ ဖြစ်ပါတယ်။ တစ်ကယ် ရိုးရိုးသားသား မသိခဲ့ရင် လည်း ရိုးသားတဲ့ ကမ္ဘာ့သမိုင်းပညာ ရှင်များ၊ မြန်မာ့ သမိုင်း ပညာရှင် များ ကို ခေါ်ယူ တိုင်ပင်ရမှာပါ။ ကိုယ်ပြောချင် ရာ ပြောခိုင်းမယ့် သမိုင်းပညာရှင်ခံ လူသား များ ကိုသာ လက် သပ်မွေး ပြီး ဖြစ်ချင်ရာကို လျှောက်ပြောနေခြင်းက ၂၁ ရာစုမှာ အသုံးမ၀င်တော့ သလို-၊ အမှု ပတ်ခြင်း ကလည်း မလွတ်နိုင်တော့ပါ။

အခုအချိန်မှာ ထိုင်းနိုင်ငံအနေနဲ့ လူသားပီသစွာ လူရောင်းစားတဲ့ လက်လီ ရောင်းသူများကို သတ္တိရှိ ရှိ ဖေါ်နေ ပါပြီ။ မကြာမှီ လူရောင်းကုန်ထုတ်လုပ်နေတဲ့ အရင်းအမြစ်ဆီသို့ ဆိုက်ရောက် လာတော့ မှာ မလွဲတော့ပါ။

ဌေးလွင်ဦး

Comment ရေးရန်

Rohingya Exodus