နောက်ဆုံးသတင်း/ဆောင်းပါးများ

မွတ်စလင်များကို တိရစ္ဆာန်များဟု သုံးစွဲခြင်းကို အရေးယူရန် တောင်းဆို



ထုတ်ပြန် ကြေငြာချက် ၁၁/၂၀၁၃
၂၀၁၃ ခု နိုဝင်ဘာလ ၁၅ ရက်

အစ္စလာမ် သာသနာဝင် များအား တိရစ္ဆာန်များဟု သုံးစွဲ ပြောဆိုသူ များအား ပြင်းထန်စွာ ချက်ချင်း အရေးယူ ပေးရန် တောင်းဆိုချက် 

မြန်မာ အစိုးရ ဖိတ်ကြားမှု အရ ၂၀၁၃ နိုဝင်ဘာလ ၁၃ ရက်မှ စ၍ မြန်မာ ပြည်တွင်းသို့ ရောက်ရှိ နေသော အိုအိုင်စီခေါ် အစ္စလာမစ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့အား မြန်မာ အစိုးရ၏ ခွင့်ပြုချက်ဖြင့် ရှုံချ ဆန္ဒပြပွဲ များကို ကျွန်ုပ်တို့ သိမြင် ရသည်။ အစိုးရ ကိုယ်တိုင် ဖိတ်၍ UN Mandate ဖြင့် မြန်မာ နိုင်ငံသို့ သွားရောက်သော OIC အား မီးစ တစ်ဖက် ရေမှုတ် တစ်ဘက် ၀ါဒဖြင့် ကြေးစား ဆန္ဒပြသူ များအား အစိုးရမှ စေခိုင်း ခဲ့သည် ကိုလည်း ကျွန်ုပ်တို့ လေ့လာ တွေ့ရှိ ရသည်။

ဒီမိုကရေစီ စနစ် အောက်တွင် အိုအိုင်စီကို သာမက မည်သည့် အဖွဲ့အစည်း ကိုမဆို လွတ်လပ်စွာ ဆန္ဒ ထုတ်ဖေါ် ပြသခွင့် ရှိသည်ကို ကျွန်ုပ်တို့ လက်ခံသည်။ သို့သော် ထိုဆန္ဒ ပြပွဲတွင် အစ္စလာမ် သာသနာအား တိရစ္ဆာန် ၀ါဒဟု ဆိုင်းဘုတ် တင်လျှက် အစ္စလာမ် သာသနာ တစ်ရပ်လုံးကို စော်ကား လိုက်သည့် အပြင်၊ ကမ္ဘာ့ မွတ်ဆလင်ထု တစ်ရပ် လုံးကိုလည်း ပြတ်ပြတ် သားသား စစ်ခေါ် လိုက်ခြင်း ဖြစ်သည်။

ရိုဟင်ဂျာ၊ ကမန်နှင့် မြန်မာ မွတ်ဆလင် တို့အား အကြမ်းဖက် သတ်ဖြတ် လူမျိုးတုံး သုတ်သင် မှုကြီးသည် ပြည်တွင်းရေး ကိစ္စ သီးသန့် မဟုတ်ဘဲ- ကမ္ဘာ့ ကုလ သမဂ္ဂတွင် မဖြစ် မနေ ဖြေရှင်း ရမည့် အရေးပေါ် အရေး ကိစ္စ နံပါတ် တစ်နေရာတွင် ရှိနေပြီး ဖြစ်ပြီး ထိုသို့ မဖြစ်ရ စေရန် အိုအိုင်စီမှ သွားရောက် ဖြန်ဖြေသည့် စေတနာအား အသိ အမှတ် မပြုသည့် အပြင် အစ္စလာမ် သာသနာထု တစ်ရပ် လုံးအား တိရစ္ဆာန်နှင့် ခိုင်းနှိုင်း ပြောဆိုခြင်းကို ဦးသိန်းစိန် အစိုးရမှ ပြောင်ပြောင် တင်းတင်းပင် ခွင့်ပြု ခဲ့ခြင်းမှာ ကမ္ဘာ့ မွတ်ဆလင် ထုအား ဘာသာရေး စစ်ပွဲ အဖြစ် စိန်ခေါ် လိုက်ခြင်း ဖြစ်သည်။

ဦးသိန်းစိန် အစိုးရ အနေဖြင့် ဘာသာ တရား တစ်ခုအား ဤသို့ ရိုင်းစိုင်းစွာ ပြောဆိုသည့် စကားလုံး အပေါ်တွင် တာဝန် အပြည့် ရှိနေပြီး- ထိုသို့ ပြောဆို ဆန္ဒပြသူ များအား ပြင်းထန် ပြတ်သားစွာ ချက်ချင်း အရေးယူ ပေးရမည် ဖြစ်သည်။ အရေးယူ ပေးမှု ပျက်ကွက် ခဲ့လျှင် ဖြစ်လာ သမျှသော ဆိုးကျိုးများ အတွက် ဦးသိန်းစိန် အစိုးရ တွင်သာ တာဝန် အပြည့် ရှိပေသည်။ 

မိုးကျော်
အထွေထွေ ညွှန်ကြားရေးမှုး
တန်းတူညီမျှ အခွင့်အရေး လှုပ်ရှား ဆောင်ရွက်မှု အဖွဲ့

  1. Breach of The Constitution of the Republic of the Union of Myanmar (2008).

Comment ရေးရန်

Rohingya Exodus