နောက်ဆုံးသတင်း/ဆောင်းပါးများ

OIC ၏ မောင်တော ခရီးစဉ်တွင် ရိုဟင်ဂျာများ၏ အခြေအနေမှန် တင်ပြခွင့် မရခဲ့

RB News
15.11.2013

မောင်တော ။ ။ အစ္စလာမစ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (အိုအိုင်စီ) ၏ မောင်တောခရီးစဉ် အ တွင်း ဒေ သခံ ရိုဟင်ဂျာ များ၏ အခြေအနေ မှန်ကို တင်ပြခွင့် မရခဲ့ကြောင်း သတင်း ရရှိပါသည်။ 

အိုအိုင်စီ အထွေထွေ အတွင်းရေးမှူးချုပ် ဦးဆောင်သည့် အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့သည် မောင်တော မြို့သို့ ယနေ့ ၁၁း၅၅ နာရီတွင် ရဟတ်ယာဉ်ဖြင့် ရောက်ရှိပြီး နေ့လည် ၁း၅၅ မိနစ်တွင် ပြန်လည် ထွက်ခွာ သွားကြောင်း သိရှိ ရပါသည်။ 

မောင်တော မြို့ရှိ ခရိုင် အုပ်ချုပ်ရေး မှူး ရုံးသို့ ရိုဟင်ဂျာနှင့် ရခိုင် လူမှု အသိုင်း အ၀ိုင်း နှစ်ခုမှ ကိုယ် စား လှယ် ၂၀ ဦးစီကို ခေါ်ယူ တွေ့ဆုံ ခဲ့သော်လည်း ရိုဟင်ဂျာ များဘက်မှ အာဏာပိုင် များ၏ တပည့် များ ကို သာ ခေါ်ယူပြီး အာဏာပိုင်များ စိတ်ကြိုက်သာ တင်ပြခွင့် ပြုခဲ့ကြောင်း ဒေသခံ များက RB News သို့ ပြော ပါသည်။ 

အိုအိုင်စီ အထွေထွေ အတွင်းရေးမှူးချုပ်က လူမှု အသိုင်း အ၀ိုင်း နှစ်ခုမှ ကိုယ်စားလှယ် များကို ပြောကြား ရာတွင် အိုအိုင်စီ အဖွဲ့ လာရောက်၍ လေ့လာ ရခြင်း ရည်ရွယ်ချက်မှာ ၂၀၁၂ ခုနှစ် ဇွန်လတွင် ဖြစ်ပွား ခဲ့သော ပဋိပက္ခ ကိုအဓိက ထား၍ ဒေသခံ လူမှု အသိုင်း အ၀ိုင်း နှစ်ခု၏ အသံများကို နားထောင်ရန်၊ ဒုက္ခ ကြုံတွေ့ နေရသော ဒေသခံ များကို ကူညီ ထောက်ပံ့ ပေးနိုင်ရန်၊ အိုအိုင်စီ သည် ကမ္ဘာ့ ကုလ သမဂ္ဂ ပြီးနောက် ဒုတိယ အကြီးမားဆုံး အဖွဲ့အစည်း ဖြစ်ကြောင်း၊ အိုအိုင်စီကို အထင် အမြင် လွဲမှားမှု မရှိစေရန် လိုအပ်ကြောင်း၊ အိုအိုင်စီသည် ဘာသာရေး အဖွဲ့အစည်း မဟုတ်ဘဲ နိုင်ငံရေး အဖွဲ့အစည်း ဖြစ်ကြောင်း၊ အို အိုင်စီ၏ ဆောင်ရွက်ချက် များသည် နိုင်ငံပေါင်းစုံနဲ့ ပြေပြေ လည်လည် ဆက်ဆံရန် ဖြစ်ကြောင်း၊ အလား တူ မြန်မာ အစိုးရနှင့်လည်း သဘော တူညီမှု ရရှိပြီ ဖြစ်၍ ကူညီ ချင်စိတ်ဖြင့် လာရောက် လေ့ လာ ခြင်း ဖြစ်ကြောင်း ထည့်သွင်း ပြောကြား ခဲ့သည်။ 

ရခိုင် လူမျိုး ကိုယ်စားလှယ် တစ်ဦး ဖြစ်သူ ရှေ့နေ ဦးအောင်ကျော်ညွန့်က ၎င်းသည် ဤဒေသတွင် မွေးဖွား လာစဉ် ကတည်းက အစ္စလာမ် ဘာသာဝင် များနှင့် အတူတကွ ယှဉ်တွဲ နေထိုင် လာသည်မှာ ယနေ့ တိုင် ဖြစ်ပြီး မည်သည့် အခါမှ ပြဿနာ ဖြစ်ပွား ခဲ့ခြင်း မရှိကြောင်း၊ ရိုဟင်ဂျာ ဟူသည့် အမည် နာမ ကို မည် သည့် အခါကမှ မကြားဖူးကြောင်း၊သမိုင်း အထောက် အထား အရ နှစ် ရာပေါင်း များစွာ ကတည်း က အာရပ်ကမ္ဘာကလာရောက်နေထိုင်သည်ဟု ပြောနေခြင်း၊ ရိုဟင်ဂျာ အစည်းအရုံး ဥက္ကဌ ဒေါက် တာ ၀ါကာ အူဒင် သည် ဤဒေသတွင် မွေးဖွား၍ ၎င်း၏ ကျောင်းနေဖက် သူငယ် ချင်း ဖြစ်ကြောင်း၊ ဒေါက်တာဝါကာ သည် ဤဒေသတွင် ပညာသင်ယူပြီး ဘွဲ့ရပြီးနောက် နိုင်ငံတကာသို့ သွားရောက်ပြီး ကိုယ်ကျိုး အ တွက်ငွေ ရှာနေခြင်း ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံ အတွက် အကျိုး မပြုကြောင်း၊ မြန်မာ နိုင်ငံကို ပျက် စီးအောင် လုပ်ဆောင် လျက် ရှိနေကြောင်း၊ ၎င်းသည် ပြဿနာ၏ အရင်း အမြစ် ဖြစ်ကြောင်း၊ သို့အတွက် ရိုဟင်ဂျာ အမည် နာမကို မသုံးစွဲရန် အိုအိုင်စီသို့ တင်ပြလိုကြောင်း အစရှိသည့် အမြီး အမြောက် မ တည့် သည် များ ကို တင်ပြ ခဲ့ကြောင်း သိရှိ ရပါသည်။ 

ထို့အပြင် ကုန်သည် ကြီး များ အသင်း ဥက္ကဌ ဦးအောင်မြင့်သိန်းက ၎င်းသည် ငယ်စဉ် ကတည်းက အစ္စ လာမ် ဘာသာဝင် များနှင့် အတူ ယှဉ် တွဲနေ ထိုင်လာ သူဖြစ်ကြောင်း၊ယခု ဆိုလျှင် ကုန်သွယ်မှု များ ပင် ပြု လုပ် လျက်ရှိကြောင်း၊ လူမှု အသိုင်း အ၀ိုင်း နှစ်ခု ကြားတွင် ၁၉၈၈ ခုနှစ်က တကြိမ်၊ ၂၀၁၂ ခုနှစ် ဇွန် လ က တကြိမ် ပဋိပက္ခ များဖြစ်ပွား ခဲ့သော်လည်း နောက်ပိုင်းတွင် မည်သည့် ပြဿနာမှ မရှိဘဲ တည် ငြိမ် အေး ချမ်းစွာ အတူ ယှဉ်တွဲ နေထိုင် လျက်ရှိကြောင်း တင်ပြ ခဲ့သည်။

အခြား ရခိုင် ကိုယ်စား လှယ် တစ်ဦး ဖြစ်သူ ဦးထွန်းအေးသိန်း (အမိန့်ရ အပေါင်ဆိုင်) က ဤဒေသတွင် အန် ဂျီအို များအပါ အ၀င် ကုလ သမဂ္ဂ အဖွဲ့အစည်း များထောက်ပံ့ ပေးနေသည်မှာ နှစ်ပေါင်း ၂၀ ကျော် ရှိ နေပြီး၊လှူ ဒါန်းမှုများတွင် ရိုဟင်ဂျာ တံဆိပ်ကပ်လျက် လှူဒါန်းလျက် ရှိကြောင်း၊ အိုအိုင်စီက ကူ ညီ ထောက် ပံ့ရာတွင် သားဆက်ခြား မှုကို ကူညီရန် လိုအပ်ကြောင်း တင်ပြ ခဲ့သည်။ 

မောင်တော ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူး များက ၎င်းတို့ အလိုကျ ရိုဟင်ဂျာ ကိုယ်စားလှယ် ၂၀ ဦး ကို ရွေးချယ် ခဲ့ပြီး၊ ၎င်းတို့ သင်ကြား ပေးသည့် အတိုင်း ပြောဆို ခိုင်းရာ၊ မောင်တော ခရိုင် အတွင်း ဒေသခံ ရိုဟင်ဂျာ များနေ့စဉ် ရက်ဆက် ခံစားနေ ရသည့် အတိ ဒုက္ခ များကို တင်ပြခွင့် မရခဲ့ကြောင်း ဒေသခံ များမှ ပြောပါသည်။


  1. အခြေနေမှန်သွားအောင်ဝိုင်းဝန်းကြီုးပန်းပေးကြပါ

Comment ရေးရန်

Rohingya Exodus