နောက်ဆုံးသတင်း/ဆောင်းပါးများ

ခလရ (၃၇၃) တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီးရွှေဇံမှမတရားဒုက္ခပေးလျက်ရှိ


LA 
RB News 
21.1.2013 

စစ်တွေ ။ ။ စစ်တွေမြို့ရှိ ခလရ (၃၇၃) မှတပ်ရင်းမှူး ဒုတိယဗိုလ်မှူး ကြီးရွှေဇံသည် ရိုဟင်ဂျာ မွတ်စလင် ဒုက္ခသည် များအတွက် သယ်ယူပို့ဆောင်သည့် ကားများကို လမ်းတွင် တား၍ ဓါးပြကဲ့သို့ အတင်းအဓမ္မခွဲ တမ်းကဲ့သို့ ရယူလျက် ရှိကြောင်း သတင်းရရှိပါသည်။ 

ဇန်န၀ါရီလ (၁၉) ရက်နေ့ နေ့လည် ၃း၄၅ နာရီတွင် ကားနံပါတ် ဘ/၈၇၄၃ ဖြင့် သက္ကေပြင်ကျေးရွာရှိ ရိုဟင်ဂျာ ဒုက္ခသည် များအတွက် ဓနိသယ် ယူလာသော ကားကို ခလရ (၃၇၃) တပ်ရင်းမှူး ဒုတိယဗိုလ် မှူးကြီးရွှေဇံမှ သက္ကေပြင်နွားဈေးကွင်းဂေါက် ကစားနေစဉ်တွေ့ ရှိပြီး တား၍ ကားပေါ်မှ ဓနိအားလုံးချခိုင်း ၍ ကားကိုပြန်ခိုင်း လိုက်သည်။ ယာဉ်မောင်းဖြစ်သူက ငိုယို၍တောင်းပန်သောအခါ ဓနိ ၁၀၀၀ ကိုတပ် ရင်းမှူးအတွက် ထားခိုင်းပြီး ကျန်သည့် ဓနိများကိုပြန်ပေး ခဲ့ကြောင်းသိရပါသည်။ 

ဤကဲ့သို့ တပ်ရင်းမှူး ဒုတိယဗိုလ်မှူး ကြီးရွှေဇံမှ မတရားဒုက္ခပေးခြင်းမှာ ပထမ အကြိမ် မဟုတ်ဘဲ၊ ယခုကဲ့ သို့ အကြိမ်ကြိမ် ဒုက္ခပေးခဲ့ကြောင်း သိရသည်။ ဇန်န၀ါရီလ (၁၇) ရက်နေ့ တွင်ဈေးမှပစ္စည်းများ သယ်ယူ လာသည့်ကားကိုလည်း ယခုကဲ့သို့ ပြုလုပ်ခဲ့သည်ဟု ဒေသခံများကပြောပါသည်။ 

ယနေ့တွင်လည်း သံတော်လီရွာကို ရိက္ခာသွားပို့သည့် ကားနှစ်စီးကို တား၍ ငွေကျပ် ၃၀၀၀ စီတောင်းယူ ခဲ့ကြောင်းသတင်းရရှိပါသည်။ 

ဒုတိယ ဗိုလ်မှူးကြီးရွှေဇံ၏ မတရားဒုက္ခပေး သည့်ဒဏ်ကို မခံနိုင်တော့သောကြောင့် ဒုက္ခသည်များက အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးထံသို့ လိပ်မူ၍ တိုင်ကြား ထားကြောင်း သတင်းရရှိပါသည်။

Comment ရေးရန်

Rohingya Exodus