နောက်ဆုံးသတင်း/ဆောင်းပါးများ

အစိုးရကိုယ်တိုင် ကျူးလွန်တဲ့ ပြစ်မှု


မြန်မာနိုင်ငံရဲ့ ရခိုင်ဒေသ ဌာနေတိုင်းရင်းသားများ ဖြစ်တဲ့ “ရိုဟင်ဂျာ၊ မာရ်မာ” လူမျိုးတို့ရဲ့ သမိုင်းကို ဖုံး ကွယ်ပြီး အစ္စလာမ်သာသနာဝင် ရိုဟင်ဂျာ လူမျိုးကို တိုင်းပြည်က မောင်းထုတ်ခြင်းဟာ ၁၉၄၈ ခု လွတ် လပ်ရေး ရပြီး ကတည်းက ၁၉ ကြိမ် ရှိပါပြီ။ ဖုံးဖိမရတော့ တဲ့ မီဒီယာ ခေတ်ကာလကြီးကြောင့် ၂၀၁၂ မျိုးပြုတ် သုတ်သင် မောင်းထုတ်မှုကြီးကသာ ကမ္ဘာမှာ အုပ်အော် သောင်းနင်း ဖြစ်ရပေမယ့်-၊ ကိုယ် တိုင်ကြုံ ရတဲ့ “ရိုဟင်ဂျာ”များ ဘက်က မမေ့နိုင်သလို၊ ပြစ်မှုကို ကိုယ်တိုင်ကျူးလွန်ခဲ့တဲ့ အစိုးရမှာလည်း မှတ်တမ်းရှိနေပါတယ်။ 

ဗမာ နာဇီအမျိုးသားရေး ၀ါဒီတွေရဲ့ လက်သပ်မွေး သမိုင်းဆရာများက ရိုဟင်ဂျာ သမိုင်းကို ဖျောက်ပေးခဲ့ပါ တယ်။ ဒါဟာ ဘာသာရေးကြောင့်သာ ဖြစ်ပါတယ်။ အကယ်၍ ရိုဟင်ဂျာများက အစ္စလာမ်သာသနာဝင်များ မဟုတ်ခဲ့ရင် ဒီလို သမိုင်းဆိုးကြီးလည်း ပေါ်လာနိုင်စရာ မရှိပါ။ 

ရိုဟင်ဂျာတွေကို သီးသန်းနှိပ်ကွက်ဘို့ ရည်ရွယ်ချက်နဲ့ ၁၉၈၂ ခု ဥပဒေကို ပြဌာန်းခဲ့ပြန်ပါတယ်။ အဲ့ဒီ ဥပဒေ အရ ၁၈၂၃ မတိုင်မှီ မြန်မာပြည်ထဲမှာ ရှိနေခဲ့တဲ့ လူမျိုးသည်သာ တိုင်းရင်းသား ဖြစ်ခွင့်ရှိတယ်-၊ တိုင်းရင်းသား ဖြစ်မှ နိုင်ငံသားဖြစ်ခွင့် ရှိတယ် ဆိုပြီး ပြဌာန်းခဲ့ပါတယ်။ ဒါပေမယ့် အမှန်တရားက လူဆိုး လူမိုက်များဘက်မှာ မရပ်တည်ခဲ့ပါ။ ရိုဟင်ဂျာ ဆိုတဲ့ အမည်နာမနဲ့ မှတ်တမ်းက ၁၇၉၉ နှစ် မတိုင်မှီက တည်းက ရှိနေပြန်ပါတယ်။ သို့သော်- 

အမျိုးသားရေးဝါဒီတွေက- မျက်လုံးစုံမှိတ် ငြင်းနေဆဲပါ။ ငြင်းလေ- အရှက်ကွဲလေ၊ အမှုပတ်လေ ဖြစ်နေ တယ် ဆိုတာတောင်- သတိမထားမိနိုင်လောက်အောင် ဗဟုသုတက နည်းပါးနေပြန်ပါတယ်။ 

ရိုဟင်ဂျာ တွေကို အတင်းအဓမ္မ ဘင်္ဂလီ လို့ ရေးခိုင်းတယ်၊ တိုင်းပြည်ထဲက ထွက်ပြေးသွားအောင် နည်း မျိုးစုံ နဲ့ နှိပ်စက်တယ်၊ ခြိမ်းခြောက်တယ်-၊ဒီကိစ္စအားလုံးကို အစိုးရကိုယ်တိုင်က လုပ်ဆောင်နေကြောင်း ကမ်းမမြင် လမ်းမမြင် ပင်လယ် သမုဒ္ဒရာကြီးထဲမှာ ထွက်ပြေးနေရတဲ့ ရာပေါင်းများစွာသော လူသားများက သက်သေခံ နေပါတယ်။ ဒါကို ဘယ်အချက်နဲ့ ငြင်းနိုင်မလဲ။ 

ကမ္ဘာက ဘာပြောပြော-၊ ၈၂ ဥပဒေ၊ ၈၂ ဥပဒေ၊ ဘင်္ဂလီ၊ ဘင်္ဂလီ-- လို့ တစ်ဇောက်ကန်း ခံငြင်းနေတဲ့ အာဏာ ပိုင်များ၊ နာဇီလက်သစ် အမျိုးသားရေး ၀ါဒီများရဲ့ လုပ်ရပ်က၊ ဒေါင်းက ကနေသလို-၊ ရှေ့က ဖုံး နောက်ကပေါ် ဖြစ်နေပါတယ်။ 

မကြာမှီ ရက်ပိုင်းက မြန်မာနိုင်ငံထဲကို ဘင်္ဂလားဒေ့ရှ်ဇာတိ ချာ့က်မာ လူမျိုး၊ မိသားစု ၅၀ ခန့် ၀င်ရောက် ခိုလှုံလာတယ်လို့ တရားဝင် သတင်းတွေမှာ ထုတ်ပြန်ပါတယ်။ ဒီလူတွေကို မြန်မာအစိုးရက လှိုက်လှိုက် လှဲလှဲ ကြိုဆို နေရာချပေးခဲ့တယ်။ ဒီလူတွေဟာ ဘင်္ဂလီတွေ မဟုတ်ဘူးလား၊ ဒီလူတွေအတွက် ၁၉၈၂ ခု ဥပဒေ မလို ဘူးလား-။ ဒီလို ဒုက္ခသည်တွေကို ပြန်လည်နေရာချထားဘို့ မြန်မာနိုင်ငံအနေနဲ့ UN Convention မှာ လက်မှတ် ရေးထိုးထားတာ ရှိပါသလား။-- 

လူသားချင်း စာနာမှုကို အပြစ်မဆိုပါ။ ဒုက္ခရောက်နေသူများကို ကယ်တင်ခြင်းဟာ မွန်မြတ်လှပါတယ်။ ဒါပေမယ့် ဥပဒေ စိုးမိုးဘို့ ကြိုးစားနေတဲ့ အစိုးရတစ်ရပ် အနေနဲ့ရော၊ ဥပဒေ လွှမ်းမိုးရေးအတွက် ဥက္ကဌ အဖြစ် တာဝန်ယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ပါ- ဒီကိစ္စမှာ တာဝန် အပြည့်ရှိနေပါတယ်။ 

ဘာသာမတူတဲ့ အကြောင်းပြချက်နဲ့ ကိုယ့်နိုင်ငံထဲက ဌာနေ တိုင်းရင်းသားတွေကို မျိုးပြုတ် သတ်ဖြတ်၊ မောင်း ထုတ်နေခဲ့ပြီး- ဘာသာတူတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဘင်္ဂလားဒေ့ရှ်က တိုင်းရင်း သားတွေကို မြန်မာပြည် ထဲကို ပေါ်တင်ခိုးသွင်း ပြန်လည်နေရာချပေးနေတာ-၊ တိုင်းပြည်ကိုချစ်တဲ့ တိုင်းပြည်ခေါင်းဆောင်များ လုပ် ဆောင်သင့်တဲ့ အချက် ဖြစ်ပါသလား။ 

အကယ်၍ ဘင်္ဂလားဒေ့ရှ်မှာ လူနည်းစုကို နှိပ်ကွပ်လို့၊ ဘာသာရေး ခွဲခြား မောင်းထုတ် လို့- မြန်မာပြည် ဘက်က ဒုက္ခသည်တွေကို လက်ခံမယ် ဆိုရင်လည်း ယာယီဒုက္ခသည် စခန်းဖွင့်ပြီး လက်ခံ ရပါမယ်။ ပြန်လည် အခြေချ ရေးကိစ္စအတွက် ဥပဒေ တစ်ရပ်ကို အရင် ပြဌာန်းရပါမယ်။ အခုတော့--၊ ဘင်္ဂလား ဘက်က နှစ်စဉ် ဗုဒ္ဓဘာသာ ချာ့က်မာ လူမျိုးများက ၂၀၀၀၊ ၃၀၀၀ ကို ခိုးသွင်းနေ ရာချပေးနေခဲ့ကြောင်း ပေါ်ပေါက်လာပါပြီ။ 

တစ်ကယ်လို့ ဒီလူမျိုးတွေဟာ ၁၇၈၄-၁၈၂၄ ကာလ၊ ဘိုးတော်ဘုရားလက်ထက် ရခိုင်ဗမာ စစ်ပွဲအတွင်း ထွက် ပြေးခဲ့ရသူတွေ ဖြစ်လို့ အခု မြန်မာထဲကို ပြန်ခေါ်တာပါ- ဆိုရင်၊ အဲ့ဒီကာလက ထွက်ပြေးခဲ့ရတဲ့ “ရိုဟင်ဂျာ”များ အခု စစ်တကောင်းဒေသမှာ သန်းပေါင်းများစွာ ရှိနေပါတယ်။ ဒီသမိုင်းကိုလည်း ပြန်လှန်ပါ။ ရိုးသားတဲ့ သမိုင်း ပညာရှင်တိုင်းသိနေတဲ့ ကိစ္စ ဖြစ်သလို-၊ မကြာတော့တဲ့ ကာလမှာ ပြန်ပေါ်လာမယ့် သမိုင်းလည်း ဖြစ်နေပါ တယ်။ ရိုဟင်ဂျာ နဲ့ ဘင်္ဂလီ လုံးဝ မတူဘူး ဆိုတဲ့ အချက်ကို လည်း မြန်မာ သမိုင်း ပညာရှင်တွေ သိလျှက် ဖုံးထား ခြင်း ဖြစ်ပါတယ်။ ပွင့်လင်းလာတဲ့ ကမ္ဘာ့ဘောင် ထဲမှာ သမိုင်းလိမ် သူတွေ အရှက်သိက္ခာမဲ့ရမှာလည်း မဝေးတော့ ပါ။ 

အစိုးရဟာ- အစ္စလာမ်မုန်း ပြစ်မှုကို ကိုယ်တိုင်ကျူးလွန်တယ်၊ မအောင့်နိုင် မထိန်းနိုင် အစ္စလာမ် သာသနာဝင် တွေကို မျိုးပြုတ်သတ်ဘို့ ကြိုးစားတယ်၊ စီမံချက်ချတယ်၊ လူသတ်ဂိုဏ်း ဘုန်းကြီး များကို မြှောက်ပေးတယ်၊ ပြီး တော့ ၁၉၈၂ ဥပဒေ ဆိုပြီး- တွင်တွင်ကျယ်အောင်အော်-၊ အစ္စလာမ် သာသနာ ၀င်တွေကို နိုင်ငံသား အဖြစ်က ငြင်းပယ်ဘို့ ကြိုးစားတယ်။- တစ်ပြိုင်နက်မှာ ဘင်္ဂလား ဘက်က တိုင်းရင်းသား ချာ့က်မာ လူမျိုးတွေကို မြန်မာ ပြည်ထဲကို သွင်းတယ်-၊ အဲ့ဒီ ဘင်္ဂလီ အစစ်တွေ အတွက် ၁၉၈၂ ဥပဒေ ဆိုတာ လုံးဝ မလိုဘဲ မြန်မာနိုင်ငံသား စစ်စစ်၊ တိုင်းရင်းသား စစ်စစ် အဖြစ် သတ်မှတ်ပေးနေပါတယ်။ 

ဒီကိစ္စဟာ- တိုင်းပြည်တစ်ခုရဲ့ အချုပ်အခြာကို သစ္စာဖေါက်ခြင်းသာ ဖြစ်ပြီး၊ ကိုယ်တိုင်ချမှတ်ထားတဲ့ ၁၉၈၂ ခု ဥပဒေကို ကိုယ်တိုင် ချိုးဖေါက်နေခြင်း ဖြစ်ပါတယ်။ ဥပဒေရဲ့ အပေါ်မှာ လူတွေရှိနေ သ၍-၊ မြန်မာနိုင် ငံဟာ ဒီမိုက ရေစီ နိုင်ငံဖြစ် လာတော့မှာ မဟုတ်ပါ။ 


ဌေးလွင်ဦး 
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ 
မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့ 
အမေရိကန်ပြည်ထေင်စု

Comment ရေးရန်

Rohingya Exodus