၂၁ ရာစုရဲ့ခေတ်သစ်ကျေးကျွန်ဘ၀ရောက်သွားရတဲ့ရိုဟင်ဂျာတစ်ဦး
လူမဆန်စွာနှိပ်စက်ခံရတဲ့ အစ္စမိုင်လ် (ဓါတ်ပုံ - Phuket Wan) |
မေယုနဒီ
RB News
17.1.2013
ကျေးကျွန်စနစ် မရှိရတော့မယ်နိုင်ငံဖြစ် သင့်ပေမယ့်လည်း အခုတလောထိုင်းနိုင်ငံမှာ ရိုဟင်ဂျာလူမျိုးတွေ ကိုကျေးကျွန်တွေ အဖြစ်ရောင်းချ ၀ယ်ယူမှုတွေဖြစ်နေတယ်။ အဲဒီထဲမှာ အစ္စမိုင်လ်လည်း တစ်ယောက် အပါ အ၀င်ဖြစ်ပါတယ်။
သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာကြောက် စရာကောင်းလောက်အောင် ရိုက်ခံ ထားရတဲ့ ဒဏ်ရာတွေက အခု ထိ မကျက် သေးပါဘူး။ သူ့ရဲ့လက်တွေကို ချည်နှောင်ထားခဲ့ပြီး သူ့ကိုမှောက်ခိုင်း ထားခဲ့တယ်။ ပြီးတော့ အကြင် နာတရား ကင်းမဲ့စွာ ရိုက်နှက်ခဲ့တယ်လို့ သူကဆိုပါတယ်။ သူ့အနေနဲ့ သူစိမ်းနိုင်ငံ တစ်ခုမှာ အခြားကျေးကျွန်တွေလုပ် သလို အမြဲလုပ်ခဲ့တယ်။ သူအဲဒီကနေ ထွက်ပြေး ဖို့ကြိုးစားခဲ့တယ်။
အသက် ၄၇ နှစ် အရွယ် ရိုဟင်ဂျာ လူမျိုးဖြစ်တဲ့ မြန်မာနိုင်ငံ မှာနိုင်ငံမဲ့ဘ၀ရောက်သွားတဲ့ အခြားသော ရိုဟင် ဂျာများနဲ့ ဘ၀တူ ဖြစ်ပါတယ်။ ၂၀၁၂ နိုဝင်ဘာလ (၁၄) ရက်နေ့မှာ စစ်တွေမြို့နားမှာ ဇနီးနဲ့ သား သမီး ၇ ယောက်ကို ထားခဲ့ပြီး ပိုပြီးကောင်းတဲ့ ဘ၀ရဖို့အတွက် ထွက်လာခဲ့တယ်။ ငွေကျပ် ၂ သိန်းကို လူမှောင်ခိုလုပ် တဲ့သူကိုပေးပြီး အခြားခရီးသည် ၆၁ ယောက်နဲ့ အတူကောင်းမွန်တဲ့ ဘ၀လေးရဖို့ အတွက် ဘယ်နေရာကို ရောက်ရောက်ဆိုတဲ့ စိတ်နဲ့သေမယ်ရှင်မယ်ဆိုတာ အတိအကျမသိရတဲ့ ခရီးကိုနှင်ခဲ့တယ်။ အဲဒီ ၆၁ ယောက် ထဲမှာ အမျိုးသမီး ၄ ယောက်နဲ့ ကလေး ၆ ယောက်လည်းပါတယ်။
လူမှောင်ခို လုပ်တဲ့သူက သူတို့အားလုံးကို ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ ရနောင်းမြို့မှာ ကမ်းကပ်ပေး လိုက်ပြီး တော့ အဲဒီကနေမီနီဘတ်စ်ကားနဲ့ ဖူးကတ်မြို့ကနို င်ငံတကာအား လပ်ရက် ကျွန်းကိုဖြတ်ပြီး နာရာသီဝပ် ပြည်နယ်၊ ငိုင်ကိုလွတ်ခရိုင်မှာရှိတဲ့ စခန်းကိုပို့လိုက်ပါတယ်။
အဲဒီမှာသူ့ကို ညှင်းပန်းနှိပ်စက်တာတွေ စခံရတာပါ။ ရက်ပေါင်း ၄၀ လောက်နေ့နဲ့ ညမှာ ထိုင်းနိုင်ငံရဲ့ခေတ် သစ်ကျေးကျွန်စနစ် ရဲ့အဖြစ်မှန်တွေကို အစ္စမိုင်လ်နားလည် လိုက်ပါတယ်။ သူ့အနေနဲ့ငွေရှာပြီးမှ သူသွားလို ရာကိုသွားလို့ရ မှာဖြစ်တဲ့ အတွက် အားကိုးလို့ ရမယ်ထင်တဲ့ မလေးရှားမှာရှိတဲ့ သူ့ရဲ့မရီးကို ဖုန်းဆက်ပါတယ်။ ဖုန်းသံမြည်နေပေမယ့် ကိုင်မယ့်သူမရှိပါဘူး။ အဲဒီ စခန်းမှာနေ့စဉ်နေ့တိုင်း မချိမဆံ့ တဲ့ဝေဒနာတွေကို သူခံစား ရတယ်။ သူနဲ့အတူအခြားရာပေါင်းများစွာသောသူတွေအားလုံး တရက်ကို ဇွန်းနှစ်ဇွန်းစာ ဘဲကျွေးတယ်။ မနက်တကြိမ်နဲ့ ညနေတကြိမ်ဖြစ်ပါတယ်။
မခံနိုင်တော့တဲ့ အဆုံး အနီးအနားမှာရှိ တဲ့တောထဲကို သူထွက်ပြေးခဲ့တယ်။ အဝေးကြီးကို မပြေးနိုင်ခဲ့ပါဘူး။ သူ့ကို လက်နက်ကိုင်ထားတဲ့အစောင့်တွေကဖမ်းပြီး၊ ၀တ်လစ်စလစ်နဲ့ လက်ကို ချုပ်နှောင်ပြီး၊ မြေပေါ်ထား တယ်။ ပြီးတော့သူ့ကို၊ ကြိမ်တုတ်နဲ့ ပြင်းပြင်းထန်ထန်ရိုက်တယ်။
သူ့ကိုဘယ်သူက ရိုက်တယ်ဆိုတာ မမြင်နိုင်ဘူးလို့ အစ္စမိုင်လ်ကပြောပါတယ်။ သူအရမ်းနာ ကျင်ခဲ့တယ်။ သူရဲ့ခြေဖနောင့်နဲ့ ခြေဖ၀ါးတွေကို လည်းပြင်းထန်စွာ ရိုက်ခဲ့တယ်လို့ဆိုပါတယ်။
၂၁ ရာစုခေတ်သစ်ကျေးကျွန်ဘ၀ရောက်သွားရတဲ့ အစ္စမိုင်လ်ရဲ့ခြေထောက်ကဒဏ်ရာများ (ဓါတ်ပုံ - Phuket Wan) |
လူယုတ်မာတွေက နောက်နောင် အစ္စမိုင်လ်မမေ့အောင်ဆိုပြီး သူ့ရဲ့နောက်ကျောတွေကို ဖယောင်း တိုင်မီး တွေနဲ့တို့တယ်။ ပြီးတော့ခြေထောက်ကို ချွန်ထက်နေ တဲ့ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ သုံးတဲ့တုတ် တွေနဲ့ရိုက်တယ်။ သူ့ရဲ့ငယ် သံပါအောင် အော်နေတဲ့ အသံတွေကို ရိုဟင်ဂျာ ကလေး ငယ်လေးတွေကြားခဲ့ တယ်။ သူ့ကို အဲလိုရက်စက်နေ တာတွေကိုလည်းမြင်ခဲ့တယ်။ သူ့ကိုရိုက်နှ က်ပြီး တဲ့နောက် ဆေးဝါးကုသပေး တာမျိုးလည်းမလုပ်ခဲ့ဘူး။ သူ့ရဲ့ပေါက်ပြဲနေ တဲ့ဒဏ်ရာတွေ အတွက်ဘာမှမ လုပ်ပေးခဲ့ဘူး။
အစ္စမိုင်လ်ရဲ့ ကံကောင်းလာပါပြီ။ သူ့ကို ထိုင်းဘတ်ငွေ ၄ သောင်းနဲ့ ဖူးကတ်မြို့က လူတွေက ၀ယ်လိုက်ပါ တယ်။ အဲဒီ လူကောင်းတွေက ရာပေါင်းများစွာထဲ ကျေးကျွန် တစ်ယောက်ကို ၀ယ်ယူလိုက် တာ ပါ။ ထောင်ပေါင်းများစွာ အခုအချိန်ထိအဲဒီလို ညှင်းပန်းနှိပ်စက် ခံနေရတာ ရှိကောင်းရှိနိုင်မယ်။ ဇန်န၀ါရီလ (၅) ရက်နေ့မှာ ဖူးကတ်မြို့ကနေသူ့ကို ၀ယ်ငွေနဲ့ပေးဝယ်ပြီး ကယ်တင်လိုက်တဲ့အုပ်စုနဲ့ ဘတ်စ်ကားပေါ် မှာတွေ့ တယ်။ အဲဒီအချိန်ထိ သူကောင်းကောင်းမွန်မွန် လမ်းမလျှောက်နိုင်ဘူး။ သူ့ရဲ့ အ၀တ်တွေ ကိုချွတ်ပြီး နောက် ကျောနဲ့ခြေထောက်ကဒဏ်ရာတွေကိုပြတဲ့အချိန်မှာတော့ သူ့ကိုလာခေါ်တဲ့အုပ်စုထဲက လူတစ်ချို့မျက်ရည် မထိန်းနိုင်ခဲ့ဘူး။ ၂၀၁၃ ဆိုတဲ့ခုနှစ်ထဲမှာဒီလိုအခြေအနေမျိုး ထိုင်းနိုင်ငံမှာဖြစ်နေ တယ် ဆိုတာတွေးလို့ တောင်မရပါဘူး။
သူ့လို ဘ၀တူတွေထဲက ထွက်ပြေးဖို ကြိုးစားတဲ့ သူတွေကို ရိုက်ရင်းနဲ့ သတ်ပစ် လိုက်တာရှိသ လို သေနတ် နဲ့ ပစ် သတ် လိုက် တာ တွေလည်း ရှိတယ်လို့ အစ္စမိုင်လ်ကပြောပါတယ်။ အဲဒီလို အသတ်ခံ ရတဲ့ ထဲမှာ ရိုဟင်ဂျာတွေ၊ မြန်မာတွေနဲ့ ထိုင်းတွေလည်း ပါတယ်လို့ သူကဆိုပါတယ်။ အဲဒီစခန်း ထဲရောက်နေတဲ့ သူတွေ အဲဒီကနေ ငွေပေးပြီးရုန်း မထွက်နိုင်ဘူးဆိုရင် ငါးဖမ်းစက်လှေ တွေ ကိုရောင်း စား တယ်။
နိုင်ငံမဲ့ ဘ၀ရောက်နေတဲ့ ရိုဟင်ဂျာတွေရဲ့သောကဝေဒနာတွေဟာ ဘယ်တော့မှပြီးဆုံးမှာမဟုတ်ဘူး။
၂၀၁၂ ဇွန်လကစပြီး မြန်မာအစိုးရက ကျူးလွန်ခဲ့တဲ့ လူမျိုးသန့်စင်ရေးမှာ အစ္စမိုင်လ်ရဲ့ရွာက အခြားရွာတွေ လိုမီးရှို့ ဖျက်ဆီးခြင်း မခံခဲ့ရဘူး။ အရင်တုန်းက အိမ်နီးချင်းဖြစ်ခဲ့တဲ့ ဗုဒ္ဓဘာသာတွေ ကိုခေါ်ထုတ် သွားပြီး သူတို့မွတ်စလင်တွေ ချည်းရွာမှာ ချန်ခဲ့တယ်။ အစ္စမိုင်လ်ရဲ့မိသားစုမှာ စားမယ့်သူ ၉ ယောက်ကိုကျွေးမွေး ရတဲ့အတွက်သူ့ရဲ့ အခြေအနေက ခဏလေးအတွင်းမှာတော်တော်လေး ဆိုးရွားလာခဲ့တယ်။
နေ့စဉ်နေ့တိုင်း နှစ်ကီလိုလောက်လိုတဲ့ ဆန်ကိုသူမ၀ယ်နိုင်တော့ဘူး။သူဖမ်းလာသမျှငါးတွေကိုစစ်သားတွေ ကအမြဲ ယူလိုက်လို့ပါ။ သူ့ရဲ့ကြီး မားတဲ့နှလုံးသားနဲ့ သူဟာစက်လှေပေါ်တက်ပြီး သူ့ရဲ့သား ငါးယောက်၊ သမီး နှစ်ယောက် ကိုနှုတ်ဆက်ခဲ့တယ်။ အငယ်ဆုံးကလေးက အသက် ၃ နှစ်အရွယ်ပါ။
ရိုဟင်ဂျာတွေကို ညှင်းပန်းနှိပ်စက်ဖိနှိပ်နေတဲ့နိုင်ငံမှာ အစ္စမိုင်လ်ရဲ့ မိသားစုရဲ့ရှေ့ရေးက ဘာမှမသေချာ ပါဘူး။ အခုတော့ ဖူးကတ်မှာ အစ္စမိုင်လ်ကို အာဏာပိုင်တွေ မတွေ့အောင်ပုန်းခိုင်း ထားတယ်။ သူ့မှာ အခွင့်အရေး တစ်ခုရှိတယ် ..
(Phuket Wan Tourism News မှသတင်းဆောင်းပါးကိုဆီလျော်အောင်ဘာသာပြန်ထားခြင်းဖြစ်သည်)