နောက်ဆုံးသတင်း/ဆောင်းပါးများ

မလှိုင်မြို့နယ်တွင် အဓိကရုန်း ဖြစ်စေရန် လှုံ့ဆောင်သည့် စာရွက်များ ဝေငှ


ဒဿဂီရိ
19.5.2013

မလှိုင် မြို့နယ်တွင် အဓိကရုန်း ဖြစ်စေရန် လှုံ့ဆော်သည့် စာရွက်များ ယနေ့ (၁၉-၅-၂၀၁၃) နေ့လည် ပိုင်းတွင် လိုက်လံ ဝေငှနေ၊ တာဝန် ရှိသူများ ဟန့်တားခြင်း မရှိသည့် အပြင် သွားရောက် အကြောင်း ကြားသည့် အချိန်တွင် မသိချင် ဟန်ဆောင်နေ

မိတ္ထီလာမြို့ အနီးရှိ မလှိုင် မြို့နယ်တွင် ယနေ့ နေ့လည်ပိုင်းက အစ္စလာမ် ဘာသာ ၀င်များနှင့် အဓိ က ရုန်း ဖြစ်စေမည့် စာရွက် များအား ဗုဒ္ဓ ဘာသာဝင် များ၏ ဆိုင်များတွင် လိုက်လံ ကပ် နေကြောင်း သတင်း ရရှိသည်။ မိတ္ထီလာ အရေး အခင်း ဖြစ်ပွားပြီး နောက်ရက်တွင် မလှိုင် မြို့နယ်တွင် အကြမ်း ဖက်ရန် လူအုပ် စုများ ရောက်ရှိ ခဲ့သော်လည်း မြို့ခံ ဗုဒ္ဓ ဘာသာဝင် များနှင့် ကျောင်းထိုင် ဘုန်းကြီး တို့မှ အကြမ်းဖက် သူ များအား မိမိတို့အား သတ်ပြီးမှ အစ္စလာမ် ဘာသာဝင် များအား ဒုက္ခ ပေးနိုင် လိမ့်မည်ဟု ပြော ဆို သောကြောင့် အကြံ အစည် အထ မမြောက် ခဲ့ပေ။ သို့သော် ယခု အခါတွင် တကျော့ပြန် အကြမ်း ဖက် ရန် အဓိကရုန်း ဖြစ်စေမည့် စာရွက် စာတမ်းတွေ ယနေ့ လိုက်လံ ဝေငှလျက် ရှိကြောင်း သတင်း ရရှိ ပါ သည်။ ထိုစာရွက် လက်ခံ ရရှိသော ဗုဒ္ဓ ဘာသာဝင် တစ်ဦးကို ဆက်သွယ် မေးမြန်းရာ မှာတော့ .........

“ကျနော်တို့  ဒီမလှိုင်မှာ ဘာပြဿနာမှ မရှိဘူး။ လွန်ခဲ့တဲ့ ၂ ပတ်လောက် ကနေ စပြီး လူစိမ်းတွေ ၀င်လာ တယ်ဗျ။ သူတို့ ထဲမှာ အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက် ရန်ဆိုပြီး တရားခွေတွေ လိုက်ဝေ တယ် ဗျာ။ အဲဒီထဲမှာ မူဆလင် တွေနဲ့ ပြဿနာ ဖြစ်အောင် တရားတွေ ဟောထား တယ်ဗျ။ ဟို မိတ္ထီလာ ပြဿ နာ ဖြစ်တုန်းကဗျာ သူတို့တွေ ဒီက မူဆလင် အိမ်တွေကို မီးရှို့ဖို့ ဆိုပြီး ရောက်လာတယ်။ အဲဒီမှာ ကျောင်း ထိုင် ဆရာတော်က မင်းတို့ ငါ့ကို သတ်ပြီးမှ ဒီ မူဆလင်မ် တွေကို ထိလို့ ရမယ် ဆိုပြီး တားလို့ သူတို့ အကြံ မအောင်မြင် လိုက်ဘူးဗျ။ အဲဒါ ဒီနေ့ နေ့လည် ခင်းလောက် Light Truck ကား ၃ စီးနဲ့ လူအပြည့် ရောက် လာပြီး မူဆလင်တွေနဲ့ အပေါင်း အသင်း မလုပ်ဖို့၊ အရောင်း အ၀ယ် မလုပ်ဖို့ စာရွက်တွေ လာဝေတယ်၊ ဖတ်ကြည့်တော ပြဿနာ ဖြစ်မယ့် စာတွေဗျ။ ကျနော်တို့ ရွာခံ တွေလည်း ကြောက်လို့ သက်ဆိုင်ရာ တွေ ကို သွား တိုင်တယ်၊ အဲဒီမှာ ဘာမှ အရေး ယူမှု မလုပ်ဘူးဗျာ။ တကယ် အံ့သြတယ်၊ မူဆ လင် တွေ ကတော့ ကြောက်နေ တာပေါ့။ ကျနော် တို့လည်း စိတ်ပျက် တယ်ဗျာ။ သမ္မတ ခရီးသွား မယ်ဆို ရင် ကိုပဲ ပြဿနာ တွေက တစ်ခုပြီး တစ်ခု တန်းစီပြီး ပေါ်လာ နေတယ်။ ကြိုးကိုင်တဲ့ သူတွေ ဖော်ထုတ်မယ် သာပြော နေတယ် တကယ်ဆို ဒီနေ့ လာဝေတဲ့ သူတွေကို ဖမ်းရမှာ လေဗျာနော့် မဟုတ် ဘူးလား”  ဟု မေးမြန်း ချက်အား မလှိုင် မြို့နယ် နေသူ ဗုဒ္ဓ ဘာသာဝင် တစ်ဦးက ပြောကြား ခဲ့ပါတယ်။

သမ္မတက အမေရိကန်မှာ သွားပြီး ဒီမိုကရေစီ အရေးအတွက် ကြိုးပမ်း နေချိန်မှာ ဒီမှာဖြစ်ချင် တိုင်း ဖြစ်နေ တဲ့ ကိစ္စကို အမေရိကန် ရောက် မြန်မာများ အနေဖြင့် ဒီလို လုပ်ရပ် များအား ကမ္ဘာ သိအောင် ဖြန့် ဝေ ခြင်း ဖြင့် ဦးသိန်းစိန်၏ လိမ်လည်မှု များအား ဖော်ထုတ် ကြပါ။

Comment ရေးရန်

Rohingya Exodus