April 17, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

မိတ္တီလာမြို့ရှိ မုစ်လင်မ် သင်္ချိုင်းအား တစ်ပတ်အတွင်း ဖယ်ပေးရန် ဖိအားပေးလျက်ရှိ


ဒဿဂီရိ
19.5.2013

မိတ္ထီလာမြို့ရှိ မုစ်လင်မ် သင်္ချိုင်းအား တစ်ပတ်အတွင်း ဖယ်ပေးရန် ဗိုလ်မှူးကြီး အောင်ကျော်မိုးမှ ခြိမ်းခြောက် ဖိအား ပေးလျက် ရှိနေ

မိတ္တီလာ ။ ။ အကြမ်းဖက် တိုက်ခိုက် ဖျက်ဆီးခြင်း ခံရသော မိတ္ထီလာမြို့နေ အစ္စလာမ် ဘာသာဝင် များ အား နောက်ထပ် ဖိနှိပ်မှုဖြင့်မုစ်လင်မ်သင်္ချိုင်းအား အတင်းအကြပ်ဖိအားပေး ခြိမ်းခြောက် လျက် ပြောင်းရွှေ့ ခိုင်းနေကြောင်း သတင်း ရရှိသည်။

ဖြစ်ပုံနှင့် ပတ်သက်ပြီး မေးမြန်း ကြည့်ရမှာ ဒေသခံ တစ်ဦးက “ဒီနေ့ နေ့လည်မှာ နယ်စပ်ဒေသ ဘာဆို လားပဲ အဲဒီက ဗိုလ်မှူးကြီး အောင်ကျော်မိုးက မြို့ခံတွေကို ခေါ်တွေ့ တယ်ဗျာ။ မနက်ဖြန် (၂၀.၅.၂၀၁၃) ကနေ တစ်ပတ် တိတိ အချိန် ပေးမယ်ပေါ့၊ သင်္ချိုင်း ကနေ ထုံးတမ်း စဉ်လာ လုပ်ဆောင် စရာ ရှိတာတွေ ၊ ရွှေ့စရာ ရှိတာတွေ ရွှေ့ထားပေါ့။ တစ်ပတ် ပြည့်တာနဲ့ သင်္ချိုင်းကို ဘော်ဒူဇာ နဲ့ ထိုးမယ် တဲ့ဗျာ။ အဲဒါ မြို့ခံ တွေက ကန့်ကွက်မယ် လည်းဆိုရော သူက ခြိမ်းခြောက် တယ်ဗျာ။ ဘာတဲ့ သူပြောတဲ့ ပုံစံက အရင် အချိန် တုန်းက မလွှဲ သာလို့ အခြေ အနေ အရ ခွင့်လွှတ် ပေးလိုက် ရတယ် ပေါ့ဗျာ။ အခု အချိန်က ၁၄၄ ထုတ်ထားတဲ့ အချိန်၊ ဆန္ဒပြ တာတွေ၊ ကန့်ကွက် တာတွေ လုပ်ရင် လက်နက်နဲ့ စကား ပြောသင့် ရင် ပြောမယ်၊ ဒါမှ မဟုတ် ဖမ်းချုပ် တာတွေ လုပ်သင့်ရင် လုပ်မယ် ဆိုပြီး ပြောတယ်ဗျာ။ ကျနော် တို့လည်း ဘာတတ် နိုင်မှာ လဲဗျာ။ အဲ ပြောသေး တယ်ဗျာ၊ အဲဒီ သင်္ချိုင်းက စည်ပင်က ပိုင်တယ် လို့လည်း ပြောသေး တယ် ဗျ။ ဘယ်ကလာ စည်ပင်ပိုင် ရမှာ လဲဗျာ၊ သူ သင်္ချိုင်း မြေပုံ ရာဇ၀င် ကို မဖတ်ဖူးဘဲ မြို့ခံ တွေကို လာ လိမ် နေ တယ်။ မြေပုံ ရာဇ၀င်မှာ မဟာမေဒင် သင်္ချိုင်း လို့ရေးထား တာဗျာ။ ၁၉၃၁ ကတည်းက ဂ ရန် ပေါက် ပြီးသား။ ကျနော် တို့ကို သက်သက် ခြိမ်းခြောက်ပြီး စိတ်ဓါတ် ကျအောင် လုပ်တာပါ။ မနေ့ က လည်း ကိုယ်ပိုင် မြေကွက်တွေ ပြန်မပေးဘူး ဆိုပြီး စိတ်ဆင်း ရဲအောင် လုပ်ပြီးပြီ။ ကျနော် တို့ကို အခု ထပ် ပြီး စိတ်ဒုက္ခ ထပ်ပေးတယ်။ ကျနော်တို့ ဘ၀တွေ အကုန် ပျက်ဆီးမှ ကျေနပ်မှာ လားဗျ။ တော်တော် စိတ် ကုန် သွားပြီဗျာ” ဟု မေးမြန်း ချက်အား ပြောကြားသည်။ 

အဆိုပါ ကိစ္စရပ်နဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း ဒေသကြီးရှိ အစ္စလာမ် ဘာသာရေး အဖွဲ့ ကြီးအား မေးမြန်း ကြည့်ရ မှာတော့ သူတို့လည်း ဟာဂ်ျ ကိစ္စနဲ့ အလုပ် ရှုပ်နေ တယ်ဆိုပြီး မေးမြန်းမှုအား ပြန်လည် ဖြေကြား ခဲ့ပါတယ်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus