နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောမြို့ ကြိမ်ချောင်းဈေး မီးလောင်ခြင်းမှာ ရှို့မီးဟု သုံးသပ်နေကြ

MYARF
RB News
30.10.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ ကြိမ်ချောင်း ကျေးရွာ အုပ်စုရှိ ဈေးမီးလောင်၍ ဆိုင် များ တစ်ဝက်ကျော် မီးလောင် ပျက်စီး သွားပြီး၊ ကျန်သည့် ဆိုင်အများစု မှာလည်း မီးငြိမ်းသတ်ရင်း ပျက်စီး သွားကြောင်း သတင်း ရရှိပါသည်။ 

အောက်တိုဘာလ ၂၉ ရက်နေ့ ည ၁၁ နာရီ အချိန်တွင် မောင်တော မြို့နယ်၊ ကြိမ်ချောင်း ကျေးရွာ အုပ်စုရှိ ကြိမ်ချောင်း (ဘော်လီ ဘာဇား) ဈေး အရှေ့မြောက် ပိုင်းရှိ လျှပ်စစ်နှင့် သံထည် ပစ္စည်း ဆိုင်မှ စတင်၍ မီးလောင်ကျွမ်း ခဲ့ရာ၊ ဈေးအတွင်းရှိ ဆိုင်ခန်းများ တစ်ဝက်ခန့် မီးလောင် ပျက်စီး သွားခဲ့သည်။ ကျန်သည့် ဆိုင်ခန်းများမှ အများစု မှာလည်း မီးငြိမ်းသတ်ရာ တွင်ပျက်စီး သွားကြောင်း သိရှိ ရပါသည်။ မီးလောင် ပျက်စီး သွားသည့် ဆိုင်ခန်း များအားလုံးမှာ ဒေသခံ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် ဆိုင်ခန်းများ ဖြစ်သည်။ ည ၁၁ နာရီ စတင် လောင်ကျွမ်းသည့် မီးမှာ နံနက် ၂ နာရီ (အောက်တိုဘာလ ၃၀ ရက်) အချိန်တွင် ငြိမ်းသတ် သွားခဲ့သည်။ 

ယခုအခါ ကြိမ်ချောင်း ဈေးဂိတ် ရှေ့တွင် ဒေသခံ ရိုဟင်ဂျာ များနှင့် ရခိုင်များ ငြိမ်းချမ်းရေး အဖွဲ့က စောင့် ကြည့်၍အခြေအနေကိုအကဲခတ်လျက်ရှိကြောင်းဒေသခံများမှပြောပါသည်။ဒေသခံ များမှ ကြိမ်ချောင်း ဈေး အတွင်း ရှိ ဆိုင်ခန်းများ အားလုံးသည် ရိုဟင်ဂျာ လူမျိုး များ၏ ဆိုင်ခန်း များ သာ ဖြစ်ပြီး၊ ဒေသတွင်း ရဲဝတ် စုံများဝတ်၍ဓါးပြတိုက်ခံရခြင်းများ မကြာခဏ ဆိုသလို ဖြစ်ပွားလျက် ရှိသောကြောင့် ယခု မီးလောင်ခြင်းမှာ သာမာန် မီးလောင်ခြင်းထက် ရှို့မီးသာ ဖြစ်ဖွယ် ရှိသည်ဟု သုံးသပ် နေကြသည်။






Comment ရေးရန်

Rohingya Exodus