နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော ခရိုင်ထွက်သစ်များကို ဒေသခံ များဝယ်ယူ သုံးစွဲခွင့်မရ

RB News
29.10.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော ခရိုင် အတွင်းမှ ထွက်သော သစ်များကို တရားမ၀င် တစ်ဦး တည်း ကိုယ်စားလှယ် ယူထားပြီး ၊နိုင်ငံခြားသို့ ခိုးထုတ်ရောင်း ချနေသည့် အတွက်ဒေသခံများ ၀ယ်ယူ သုံး စွဲခွင့် မရကြောင်း သတင်း ရရှိ ပါသည်။ 

မောင်တောမြို့နယ်တွင်ယခုလက်ရှိကုန်သည်ကြီးများအသင်းဥက္ကဌဖြစ်သူ၊မီကိုကုမ္ပဏီပိုင်ရှင်ဦးအောင်မြင့်သိန်းနှင့် မိသားစုမှ ၂၀၀၉ ခုနှစ်က စ၍ မောင်တော ခရိုင်ထွက် သစ်များကို တစ်ဦးတည်း ကိုယ်စား လှယ်ဟုဆိုကာ မိသားစု ပိုင်ပစ္စည်း သဖွယ် သစ်ခုတ် သမား များကို တစ်တန်လျှင် ၁၅၀၀၀၀ ကျပ်နှုန်းဖြင့် ခုတ်ခိုင်း ပြီး ဒေ သ ဆိုင်ရာ အာဏာပိုင် များကို ညှိနှိုင်း၍ ပြည်တွင်းတွင် မရောင်းချဘဲ တစ်ဖက် နိုင်ငံသို့ တရား မ၀င် တင် ပို့ ရောင်းချ လျက်ရှိသည်။ 

တစ်ဖက် နိုင်ငံသို့ တင်ပို့ ရောင်းချခြင်းမှာ တရားဝင် ခွင့်ပြုချက် ဖြင့်မဟုတ်ဘဲ၊ ဒေသ ဆိုင်ရာ အာဏာပိုင် များကို လာဘ်ထိုး၍ မောင်တောမြို့ တရားဝင် ဆိပ်ကမ်း များမှ မတင်ပို့ဘဲ၊ ညောင်ချောင်းမှ စက်လှေ များဖြင့် တင်ပို့ လျက်ရှိသည်။ နေ့စဉ် တန်ချိန် ရာနှင့် ချီ၍ တင်ပို့နေသည့် သစ်များ အတွက် နိုင်ငံတော် သို့ ပေးဆောင် ရမည့် အခွန် အခ များကို ပေးဆောင် နေသည်လား ဟူသည့် မေးခွန်းမှာ လွန်စွာ အရေး ပါကြောင်း ဒေသခံ များမှာ RB News သို့ ပြောပါသည်။ ဦးအောင်မြင့်သိန်းက ၎င်းအနေဖြင့် လွန်ခဲ့ သည့် နှစ်ပေါင်း ၂၀ စစ်အစိုးရ ကာလ အတွင်းမှာပင် တစ်ဦးတည်း ကိုယ်စားလှယ်ဟု ပြောဆို လျက် ရှိသော်လည်း တရားဝင် ကိုယ်စားလှယ် အဖြစ် ပေးအပ် ထားသည့် တရားဝင် စာရွက် စာတမ်း မရှိဘဲ အာဏာပိုင် များကို ပေးကမ်း၍သာ လုပ်ကိုင် လျက်ရှိကြောင်း ဒေသခံ များက ဆိုသည်။ 

မောင်တော မြို့နယ် တောင်ပိုင်းနှင့် မြောက်ပိုင်း မိုင်ပေါင်း ၁၀၀ ကျော်အတွင်းရှိ တောတောင် များမှ ထွက်ရှိသည့် သစ်များကို ဒေသခံ များက မိမိတို့ အိမ်သုံးထင်း အတွက်ပါ ခုတ်ခွင့် မရသောကြောင့် ဆင်းရဲသည့် ပြည်သူ လူထု အတွက် လွန်စွာ ထိခိုက် သကဲ့သို့၊ ပြည်တွင်းတွင် မရောင်းချဘဲ နိုင်ငံခြားသို့ တရားမ၀င် တင်ပို့ နေသည့် အတွက် နိုင်ငံတော် ဘဏ္ဍာ အတွက် ဆုံးရှုံးမှုကြီး တစ်ရပ် ဖြစ်သည် ဟု ဒေသခံများမှ ပြောပါသည်။ ဦးအောင်မြင့်သိန်းက ပြည်တွင်းတွင် မရောင်းချ သည့်အပြင် ဘူးသီးတောင် မြို့ နယ် ဘက်မှ မောင်တော မြို့နယ် ဘက်သို့ တင်ပို့လာသည့် သစ်များ၊ ထင်းများကို လည်း မောင်တော မြို့သို့ ရောက်ရှိ မလာရန် ဟန့်တားမှုများ ပြုလုပ် ထားကြောင်း သိရှိ ရပါသည်။ 

ဦးအောင်မြင့်သိန်းသည် ကုန်သည်ကြီးများ အသင်း၏ ဥက္ကဌ ရာထူးကို ရသည့် အချိန်မှ စ၍ ပိုမို အတင့်ရဲ လာပြီး၊ ၎င်း၏ စီးပွားရေး သောင်းကျန်း မှုကြောင့် ဒေသခံ များ အခက် အခဲကြုံ လျက်ရှိသည့် အပြင်၊ သစ်တောများပြုန်းတီးခြင်းကြောင့် ရာသီဥတု ဖောက်ပြန်ခြင်း၊ နိုင်ငံတော်သို့ အခွန် မပေးဘဲ သစ်ခိုး ထုတ် ခြင်းတို့ကြောင့် နိုင်ငံတော် ဘဏ္ဍာ ဆုံးရှုံးခြင်း စသည်တို့ သက်ရောက်မှု များ ရှိခြင်းကြောင့် ဒေ သခံ များမှ ယခု ကိစ္စကို နိုင်ငံတော် အစိုးရ တင်းကျပ်စွာ စီစစ်ရန် လို အပ်ကြောင်း ပြော ပါသည်။


Comment ရေးရန်

Rohingya Exodus