နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာများ၏ ပိုင်ဆိုင်မှု များကို သိမ်း၍ ဘင်္ဂလီ- ရခိုင် များနှင့် ဗမာများကို ပေးအပ်

RB News
4.1.2014

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ တောင်ပြို လက်ဝဲ မြို့နယ်ခွဲတွင် ၂၀၁၃ ဒီဇင်ဘာလ ၂၈ ရက်နေ့ နေ့လည်ပိုင်းက မောင်တော မြို့နယ်၊ ကျောက်တော် မြို့နယ် တို့မှ တဆင့် တရားမ၀င် ၀င်ရောက် လာသော ဘင်္ဂလီ- ရခိုင် အိမ်ထောင်စု ၁၆ စု (လူဦးရေ ၆၆ ဦး) ကို မြန်မာ အစိုးရ၏ နတလ အထူး စီမံကိန်းဖြင့် တောင်ပြို လက်ဝဲ မြို့နယ်ခွဲတွင် စားဝတ် နေရေး အထူး အစီအစဉ် အနေဖြင့် နေရာချ ထား ပေးခဲ့ကြောင်း သိရှိ ရသည်။ ၂၀၁၂ ခုနှစ် သြဂုတ်လ တွင်လည်း ဘင်္ဂလား ဒေ့ရှ် နိုင်ငံ၊ ဘာဒေါရ် ဘောန် (ဘင်ဒရိုဘင်) ခရိုင်၊ အာလီ ကောဒမ် မြို့နယ်မှ ဘင်္ဂလီ- ရခိုင်နှင့် ဘင်္ဂလီ- မြို အိမ်ထောင်စု ၄၄ စု ၀င်ရောက် လာခဲ့ရာ နယ်စပ် ဒေသ ရေးရာ ၀န်ကြီး ဌာနမှ အထူး အစီအစဉ် ဖြင့် တောင်ပြို လက်ဝဲ မြို့နယ်ခွဲတွင် နေရာချ ထားပေး ခဲ့သည်။ နယ်စပ် ဒေသ ရေးရာ ၀န်ကြီး လက်အောက် ခံ နတလ ဦးစီးဌာန (နယ်စပ် ဒေသ တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီး ဌာန) မှ နိုင်ငံတော်၏ အထူး ပေါ်လစီ တစ်ရပ် အနေဖြင့် ထိုသို့ ၀င်ရောက် လာသည့် ဘင်္ဂလီ ဗုဒ္ဓဘာသာ ၀င်များကို နှစ်ထပ် လုံးချင်းအိမ်များ၊ ရေ တွင်း၊ ရေတုံ ကင်များ၊ လယ်ယာမြေ များနှင့် အခြား လူမှု စီးပွားရေး ဆိုင်ရာများ ထောက်ပံ့ ပေးနေသည့် အပြင် စားရေး သောက်ရေး အတွက် ၃ နှစ် အာမခံ ပေးထားကြောင်း သိရှိ ရပါသည်။ 

၂၀၀၇ ခုနှစ်တွင် တောင်ပြို လက်ဝဲ မြို့နယ်ခွဲ၍ ရပ်ကွက်နှင့် ကျေးရွာ အုပ်စု (၁၀) ခု၌ ဘိုးဘွား စဉ်ဆက်က ပိုင်ဆိုင် လုပ်ကိုင် လာသော ဒေသခံ ရိုဟင်ဂျာ တိုင်းရင်းသား များ၏ အိမ် ယာမြေ၊ တောင် ယာမြေ၊ တောင်ကုန်းမြေ၊ ပုဇွန်ကန်နှင့် အခြား ပိုင်ဆိုင်မှု များကို ဒေသ ဆိုင်ရာ အာဏာပိုင် များက အစိုးရ၏ နတလ အထူး စီမံကိန်း အတွက် ဆိုကာ အတင်း အဓမ္မ သိမ်းပိုက် ခဲ့သည့် အပြင် အမှတ် (၂)၊ (၃) နှင့် (၄) ရပ်ကွက် များရှိ ရိုဟင်ဂျာ များ၏ နေအိမ် များကို အတင်း အဓ မ္မ ပြောင်းရွှေ့ ခိုင်းပြီး၊ ပြည်မမှ ဗမာ လူမျိုး များနှင့် အခြား လူမျိုး များကို ခေါ်ဆောင် လာပြီး၊ ရိုဟင်ဂျာ များ၏ မြေပေါ်တွင် လုံးချင်းအိမ် အလုံး ၁၂၀ ဆောက်၍ ပေးခဲ့သည့် အပြင်၊ ထော်လာဂျီ၊ ဆိုက္ကား၊ အပ်ချုပ်စက်၊ ရိက္ခာ၊ ထောက်ပံ့ကြေးငွေ၊ တစ်အိမ်ထောင်လျှင် လယ် ၂ ဧကနှင့် အခြား ပစ္စည်းများကို အာဏာပိုင် များက ရိုဟင်ဂျာ များထံမှ လုယက်ပြီး ပြည်မမှ ခေါ်ဆောင် လာသူ များကို ပေးခဲ့သည်။ 

တောင်ပြို လက်ဝဲ မြို့နယ်ခွဲရှိ ရပ်ကွက် များမှ သိမ်းဆည်း ခံရသည့် အပြင် ကျေးရွာ အုပ်စု ၁၀ စုရှိ တစ် အုပ်စုမှ လယ်ယာမြေ ၂၄ ဧကစီ - စုစုပေါင်း ၂၄၀ ဧက သိမ်းဆည်း၍ ပြည်မမှ ခေါ်ဆောင်လာသူ များ ကို ခွဲဝေ ပေးခဲ့သည်။ 

ထိုကဲ့သို့ နတလ အိမ်ခြေ များအတွက် ရိုဟင်ဂျာ များပိုင်ဆိုင်သည့် ပစ္စည်းများ သိမ်းဆည်း ခဲ့သည့် အပြင်၊ ယခင် ကလည်း နစက၊ စစ်တပ်၊ ရဲ၊ မယက၊ ထောက်လှမ်းရေး၊ မြေစာရင်း၊ စည်ပင်နှင့် အခြား ဌာန များက ဒေသခံ ရိုဟင်ဂျာ များဘိုးစဉ် ဘောင်ဆက် ပိုင်ဆိုင် လာသည့် လယ်ယာမြေ၊ အိမ် ယာမြေ၊ တောင် ယာမြေ၊ တောင်ကုန်းမြေ၊ ပုဇွန်ကန်နှင့် အခြား ပိုင်ဆိုင်မှု များကို အတင်း အဓမ္မ မတရား သဖြင့် သိမ်း ဆည်း ခဲ့ပြီး၊ ယခု အချိန်ထိ အာဏာပိုင် များ၏ ကိုယ်ကျိုး အတွက် အသုံးပြု လျက်ရှိသည်။ 

နစက ဖျက်သိမ်း ပြီးနောက်၊ နစက၏ နယ်မြေ စခန်း အသီးသီးသို့ ရောက်ရှိ လာသော လုံထိန်း တပ်ရင်း များမှ တပ်ဖွဲ့ဝင် များသည် နစကမှ သိမ်းဆည်း ခဲ့သည်တွင် ပါဝင်သည်ဟု ပြောဆို၍ ဒေသခံ ရိုဟင်ဂျာ များလက်ဝယ်ရှိ လယ်ယာမြေ များကို ကျူးကျော်လျက် ရှိသည်။ ရဲတပ်ရင်း အမှတ် (၃၇) မှ ရဲတပ်ရင်းမှူး ဒုရဲမှူး မိုးညိုနှင့် တပည့်များ၊ စခန်း (၆)၊ (၇)၊ (၈) နှင့် နယ်မြေ (၄) အပိုင်ရှိ စခန်း (၉)၊ (၁၀) စခန်းမှူး များသည် ဒေသခံ များ၏ လယ်ယာမြေ၊ ပိုင်ဆိုင်မှု ပစ္စည်း များကို ပစ်မှတ် ထား၍၊ ပိုင်ဆိုင်သူ များကို ၎င်းတို့၏ စခန်း အသီးသီးသို့ ခေါ်ယူ၍ “မင်းတို့ လုပ်နေတဲ့ လယ်ယာမြေ တွေက ငါတို့ ရဲတပ်ရင်းက ပိုင်ဆိုင်တဲ့ လယ်ယာမြေ တွေဖြစ်တယ်။ အဲဒါကြောင့် မင်းတို့ အနေနဲ့ လယ်တစ်ဧကကို စပါး တင်း ၁၀၀ စီပေးရမယ်။ မပေးရင် သေနတ်နဲ့ ပစ်မယ်” ဟု ခြိမ်းခြောက်မှု များပြုလုပ် ကြောင်း ဒေသခံ များက RB News သို့ ပြောပါသည်။ 

“ကျွန်တော်တို့ရဲ့ ဘိုးစဉ် ဘောင်ဆက် ပိုင်ဆိုင် လာတဲ့ မြေယာတွေကို အာဏာပိုင် တွေက မကြာခဏ မ တရား သဖြင့် သိမ်းဆည်း နေတဲ့ အတွက် ကျွန်တော်တို့ ဒေသခံ တွေရဲ့ စားဝတ် နေရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးနဲ့ ဘာသာရေး ကိစ္စတွေ ဆောင်ရွက် ရမှာ အခက် အခဲ မျိုးစုံ၊ အကျပ်အတည်း မျိုးစုံ ကြုံတွေ့ နေရတဲ့ အပြင် ဒေသခံ တွေရဲ့ လူမှု ဘ၀က အဖက်ဖက်မှာ တစ်ရက်ထက် တစ်ရက် နိမ့်ကျ လာတယ်၊ မနေ့ တနေ့က ရောက်လာတဲ့ လုံထိန်းတွေက ကျွန်တော်တို့ရဲ့ လယ် ယာမြေ တွေရဲ့ ပိုင်ရှင်တွေ ဖြစ်သွားသလား?” ဟု ဒေသခံ တစ်ဦးက ပြောပါသည်။ 

ယခု အခါ ဘင်္ဂလား ဒေ့ရှ်မှ ၀င်ရောက် လာသော ဘင်္ဂလီ- ရခိုင် များကို နိုင်ငံတော်မှ အထူး စီမံကိန်း ဖြင့် ဒေသခံ များ၏ လယ်ယာမြေ၊ အိမ်မြေ များကို လုယက်၍ စားဝတ် နေရေးပါ အစစ အရာရာ တာဝန် ယူ ဆောင်ရွက် ပေးနေသည့် အပြင် ဒေသခံ များ၏ ကျန်ရှိနေသည့် ပိုင်ဆိုင်မှု များကိုပါ သိမ်းဆည်း လျက် ရှိ သည်။ တောင်ပြို လက်ဝဲ မြို့နယ်ခွဲ ဆက်သွယ်ရေး တာဝန်ခံ ဦးထွန်းထွန်းဝင်းက “မင်းတို့ ကု လားတွေ ဘင်္ဂလားကို ထွက်သွား” ဟု ခြိမ်းခြောက် ပြောဆိုမှု များလည်း ပြုလုပ် လျက်ရှိသည်။ ထို့အပြင် ဦးထွန်း ထွန်း ၀င်းနှင့် မီးတိုက် ကျေးရွာမှ ဦးထေန်နော်န် ဒေါရ် တို့သည် ဘင်္ဂလား ဒေ့ရှ်ရှိ ဘင်္ဂလီ- ရခိုင် များ ကို မြန်မာ နိုင်ငံဘက်ကို လာပါက ရိုဟင်ဂျာ များကို မောင်းထုတ်ပြီး ပိုင်ဆိုင်သည့် ပစ္စည်းများ ရအောင် ယူပေးမည်ဟု ပြောဆိုပြီး စည်းရုံးလျက် ရှိကြောင်း သိရှိ ရသည်။ 

ဦးထွန်းထွန်းဝင်း၏ လမ်းညွန်ချက် အရ ဦးထေန်နော်န် ဒေါရ် (မာရ်မာကြီး) သည် စစ်တကောင်း တောင် တန်းသို့ သွားရောက်၍ ဘင်္ဂလီ- ရခိုင် များကို စည်းရုံး ခေါ်ဆောင်ခြင်း များပြုလုပ် နေသည့် အပြင် လျှို့ ၀ှက် လက်နက် ကိုင်အဖွဲ့ကို လည်းတည်ထောင် ထားသည်ဟု သိရှိ ရပါသည်။ 


Comment ရေးရန်

Rohingya Exodus