နောက်ဆုံးသတင်း/ဆောင်းပါးများ

ပင်လယ်ပြင် ထဲက လှေစီးပြေး တစ်ထောင်ကျော် အီတလီ ကယ်တင်

4.1.2013

ကြမ်းတမ်းတဲ့ ဆောင်းရာသီ ပင်လယ်ပြင် ထဲမှာ မြေထဲ ပင်လယ်ကို ဖြတ်ပြီး အန္တရာယ် ကြီးလှတဲ့ ခရီး ကို လှေနဲ့ သွားနေ ကြတဲ့ ရွှေ့ပြောင်း အလုပ်သမား ၁ ထောင်ကျော်ကို အီတလီ ရေတပ် ၂၄ နာရီ အ တွင်း ကယ်ဆယ် ခဲ့တဲ့ အကြောင်း အီတလီ ရေတပ်က ပြောပါတယ်။ ကယ်ဆယ်ရေး လုပ်ငန်း တခုတည်း မှာတင် အလုပ် သမားပေါင်း ၈၃၂ ယောက်ကို ကယ်တင် ခဲ့ရပြီး၊ နောက်တကြိမ် မှာတော့ ၂၃၃ ယောက် ကို ကယ်တင် နိုင်ခဲ့တဲ့ အကြောင်း အီတလီ ရေတပ်က သောကြာနေ့ မှာ ထုတ်ဖော် ပြောဆို ခဲ့တာပါ။

ခုလို ကယ်တင် နိုင်ခဲ့တဲ့ သူတွေ ထဲမှာ အာဖရိက၊ တောင်အာရှ နဲ့ အရှေ့ အလယ်ပိုင်း ဒေသ တွေက အမျိုးသား၊ အမျိုးသမီး တွေနဲ့ ကလေး ငယ်တွေ ပါဝင်တဲ့ အကြောင်းလည်း အီတလီ နိုင်ငံက ပြောပါတယ်။ ပြီးခဲ့တဲ့ နှစ်တုန်း ကလည်း အီတလီ နိုင်ငံဟာ ဒေသတွင်း ကင်းလှည့် စောင့်ကြည့်မှု တွေကို တိုးမြင့် လုပ်ဆောင် ခဲ့တာပါ။

Lampedusa မြို့အနီး ရွှေ့ပြောင်း အလုပ် သမားတွေ အပြည့်ပါ လာတဲ့ လှေနစ်မြှုပ် ခဲ့လို့ လူပေါင်း ၃၅၉ ယောက် သေဆုံး ခဲ့ရတဲ့ ဖြစ်ရပ် နောက်ပိုင်း ကစလို့ ခုလို တိုးမြင့် လုပ်ဆောင်လာ နေတာပါ။ ပို မို ကောင်းမွန်တဲ့ ဘ၀သစ် တခု ရှာဖွေဖို့ မျှော်လင့်ချက်နဲ့ ဥရောပ ဒေသကို ထွက်ခွာ လာသူတွေ အတွက် အီတလီ နိုင်ငံဟာ အဓိက လမ်းဆုံမှာ ရှိနေတာပါ။

အာဖရိက ဦးချိုဒေသ နဲ့ ဆီးရီးယား နိုင်ငံတွေမှာ လူ့အခွင့် အရေး အခြေ အနေတွေ ပိုမို ဆိုးရွား လာနေ တာကြောင့် ဥရောပ နိုင်ငံ တွေမှာ ခိုလှုံဖို့ ထွက်ပြေး သူတွေ များပြား လာနေတယ် လို့လည်း အီတလီ အာ ဏာပိုင်တွေက ပြောပါတယ်။

Comment ရေးရန်

Rohingya Exodus