နောက်ဆုံးသတင်း/ဆောင်းပါးများ

သမ္မတနှင့် တွေ့ဆုံပွဲသည် သန်းခေါင်စာရင်းနှင့် ပတ်သက်မှုမရှိ၊ ဦးရဲထွဋ်နှင့် မီဒီယာပေါင်း၍ လုပ်ကြံ



RB News
29.3.2014

ရန်ကုန် ။ ။ ရန်ကုန်မြို့တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေး ပါတီများ တွေ့ဆုံပွဲသည့် ပြည်လုံးကျွတ် သန်းခေါင် စာရင်း ကောက်ယူရေးနှင့် ပတ်သက်ခြင်း မရှိဘဲ၊ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က မီဒီယာများနှင့် ပူးပေါင်း၍ ပွဲဆူအောင် ပြုလုပ်ခြင်းသာ ဖြစ်သည်ဟု အဆိုပါ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် နိုင်ငံရေး ပါတီဝင် တစ်ဦးက RB News သို့ပြောပါသည်။

ယနေ့ ကျင်းပခဲ့သည့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေး ပါတီ ၆၃ ခု တွေ့ဆုံပွဲသည် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေးနှင့် ပတ်သက်ခြင်း မရှိသလို၊ နိုင်ငံတော် သမ္မတက သန်းခေါင်စာရင်းနှင့် ပတ်သက်သည်ကို ပြောကြားခဲ့ခြင်းလည်း မရှိခဲ့ကြောင်း၊ တွေ့ဆုံပွဲသည် နိုင်ငံတော် အတွင်း ငြိမ်းချမ်းရေး ရရှိရေး အတွက် ဦးတည်ပြီး၊ တစ်နိုင်ငံလုံး စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေး ရရှိရန် အတွက် အမြန်ဆုံး ဆွေးနွေး အကောင် အထည် ဖော်နိုင်ရေး တို့အတွက် ဖြစ်ကြောင်း အဆိုပါ နိုင်ငံရေး ပါတီဝင်က RB News သို့ပြောပါသည်။

သန်းခေါင်စာရင်း ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးခြင်း မရှိခဲ့သော်လည်း ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ၎င်းနှင့် လက်ဝါး ရိုက်ထားသည့် မီဒီယာများကို သန်းခေါင်စာရင်းနှင့် ပတ်သက်သည်ကို ဥပဒေ ချိုးဖောက်၍ ပြောဆိုပြီး ပွဲဆူအောင် ပြုလုပ်ခြင်းသာ ဖြစ်သည်ဟု ၎င်းမှ ဆက်လက်၍ ပြောပါသည်။

ဦးရဲထွဋ် ပြောကြားခဲ့ခြင်းသည် ပြည်ထောင်စု လွှတ်တော်မှ ပြဌာန်းထားသည့် သန်းခေါင်စာရင်း ဥပဒေ ပုဒ်မ ၁၆ (ဂ) ကို ချိုးဖောက်၍ ပြောဆိုခြင်းသာ ဖြစ်ပြီး ၎င်း၏ ပြောဆိုမှုမှာ တရားဝင်ခြင်း မရှိသကဲ့သို့ ၎င်းတွင် သန်းခေါင်စာရင်းနှင့် ပတ်သက်၍ ပြောရေးဆိုခွင့်လည်း မရှိပေ။

ထို့ကြောင့် ရခိုင်ပြည်နယ်တွင် ပြန့်ပွားနေသည့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်ဟူသည်မှ လုံးဝ မှန်ကန်ခြင်း မရှိသလို၊ နိုင်ငံတော် သမ္မတ အနေဖြင့်လည်း ဥပဒေ အထက်က မဟုတ်သဖြင့် ဥပဒေကို ချိုးဖောက်၍ ပြောဆိုခွင့် မရှိကြောင်းကို ရိုဟင်ဂျာ လူမျိုး အနေဖြင့် သိရှိရန် အထူး အရေးကြီးကြောင်း အဆိုပါ နိုင်ငံရေး ပါတီဝင်က RB News သို့ ပြောပါသည်။

Comment ရေးရန်

Rohingya Exodus