နောက်ဆုံးသတင်း/ဆောင်းပါးများ

မင်းပြားမြို့နယ် ပိုက်သည်ရွာမှ ရိုဟင်ဂျာ တစ်ဦး အသတ်ခံရ

ရက်စက်စွာ အသတ်ခံ ရသည့် ဦးအစ္စမိုင်လ်




RB News
16.5.2014

မင်းပြား ။ ။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကင်းဆိပ်ကျေးရွာ အုပ်စု၊ ပိုက်သည်ရွာမှ ရိုဟင်ဂျာ တစ်ဦးကို သူဌေးကုန်း ကျေးရွာ အနီးတွင် အမည်မသိ အုပ်စု တစ်စုက သတ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မင်းပြားမြို့နယ်၊ ကင်းဆိပ် ကျေးရွာ အုပ်စု ပိုက်သည်ရွာရှိ ဒေသခံ ရိုဟင်ဂျာ များမှာ သွားလာခွင့် ကန့်သတ် ခံထားရသောကြောင့် စားဝတ်နေရေး အတွက် လိုအပ်သည် များကို အနီးရှိ သူဌေးကုန်း ကျေးရွာမှ ဒေသခံ ချင်းလူမျိုးတို့၏ အကူအညီဖြင့် ၀ယ်ယူနေရသည်။

မေလ (၁၅) ရက်နေ့ ညနေ (၅) အချိန်တွင် ပိုက်သည်ရွာမှ ဦးအီစ္စမိုင်လ် (ဘ) ဦးအဒူဂဖူရ် (အသက် ၅၅ နှစ်) သည် သူဌေးကုန်း ကျေးရွာသို့ သွားရောက်၍ လိုအပ်သည်များကို မှာရန် အတွက် နေအိမ်မှ ထွက်ခွာသွားခဲ့သည်။ ပိုက်သည်ရွာနှင့် သူဌေးကုန်း ကျေးရွာမှာ နှစ်မိုင်ခန့်သာ ကွာဝေးပြီး၊ ပုံမှန်အားဖြင့် လိုအပ်သည့် ပစ္စည်းများ မှာကြားပြီး နာရီ အနည်းငယ် အကြာတွင် ပြန်လာလေ့ ရှိသော်လည်း မေလ (၁၅) ရက်နေ့ညက နေအိမ်သို့ ပြန်ရောက်လာခြင်း မရှိသဖြင့် ယနေ့ (မတ်လ ၁၆) နံနက်ပိုင်းတွင် ပိုက်သည်ရွာမှ ရိုဟင်ဂျာ ရွာသားများက လိုက်လံ ရှာဖွေကြရာ မွန်းတည့် ၁၂ နာရီ အချိန်တွင် သူဌေးကုန်းရွာနှင့် ပိုက်သည်ရွာ အကြားရှိ ချောင်းကမ်းပါးတွင် ဒဏ်ရာမျိုးစုံဖြင့် သေဆုံး နေသည်ကို တွေ့ရှိ ခဲ့ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဦးအစ္စမိုင်လ်ကို မည်သူက သတ်ခဲ့သည်ကို မသိရှိရသော်လည်း ဒဏ်ရာများ၏ အနေအထားအရ အုပ်စု တစ်စုမှ ၀ိုင်းဝန်း၍ သတ်ခဲ့ခြင်း ဖြစ်ပြီး၊ ရခိုင် အစွန်းရောက် များကသာ ယခုကဲ့သို့ အကြမ်းဖက် သတ်ဖြတ် သွားခြင်း ဖြစ်မည်ဟု ဒေသခံများက ပြောပါသည်။

ဦးအစ္စမိုင်လ်၏ အလောင်းကို ရှာတွေ့ပြီးနောက် အာဏာပိုင်များထံ အကြောင်းကြားခဲ့ပြီး၊ အာဏာပိုင်များက အလောင်းကို သယ်ဆောင် သွား၍ ဆေးရုံတွင် ခွဲစိတ် စစ်ဆေးမှုများ ပြုလုပ်ပြီး မိသားစုထံ ပြန်လည် အပ်နှံခဲ့ကြောင်း သိရှိရပါသည်။ မိသားစုများက ညနေပိုင်းတွင် မြှပ်နှံ သဂြိုဟ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

Comment ရေးရန်

Rohingya Exodus