နောက်ဆုံးသတင်း/ဆောင်းပါးများ

အလယ်သံကျော် စစ်တပ်မှ ဒေသခံများကို မဟုတ်မမှန် စွပ်စွဲ၍ ငွေညှစ်




Rohingya Eye
RB News
24.5.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း၊ အလယ်သံကျော် ကျေးရွာ အုပ်စု အခြေစိုက် စစ်တပ်မှ ဗိုလ်ကြီး တစ်ဦးက ဒေသခံ ရိုဟင်ဂျာ နှစ်ဦးကို မဟုတ်မမှန် စွပ်စွဲပြီး ငွေကျပ် ၈ သိန်းခွဲ ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း၊ အလယ်သံကျော် ကျေးရွာ အုပ်စု၊ ဗျူဟာမှူး ကျေးရွာတွင် အခြေစိုက်သည့် စစ်တပ်မှ ဗိုလ်ကြီး ကျော်ထူးနိုင်က အလယ်သံကျော် ကျေးရွာ အုပ်စုမှ ဒေသခံ ရိုဟင်ဂျာ များအား မဟုတ်မမှန် စွပ်စွဲ၍ ညှဉ်းပန်း နှိပ်စက်ပြီး ငွေညှစ်လျက် ရှိကြောင်း သိရှိရပါသည်။

မေလ (၁၆) ရက်နေ့က ကံပူး ကျေးရွာမှ ကိုဇူဘိုင်ရ် (ဘ) ဦးမာမတ်အီလီယာစ် (အသက် ၂၃ နှစ်) ကို တရားမ၀င် မိုဘိုင်းဖုန်း ကိုင်ဆောင် နေသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီးပြီး ငွေကျပ် သုံးသိန်း ငါးသောင်း ညှစ်ယူ ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထို့အပြင် မေလ (၁၇) ရက်နေ့ကလည်း ဗျူဟာမှူး ကျေးရွာမှ ကိုဆွေယာဒူလ္လာ (ဘ) ဦးဟာမ်ဖူရာ (အသက် ၂၆ နှစ်) ကိုလည်း တရားမ၀င် မိုဘိုင်းဖုန်း ကိုင်ဆောင် နေသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီး ညှဉ်းပန်း နှိပ်စက်ပြီး ငွေကျပ် ငါးသိန်း ညှစ်ယူခဲ့ကြောင်း သိရှိရပါသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ဆင်းမ်ကဒ်များကို အာဏာပိုင်များ ကိုယ်တိုင် သုံးစွဲလျက် ရှိပြီး၊ အာဏာပိုင်များက ကျေးရွာ အချို့တွင် ၎င်းတို့၏ ကိုယ်စားလှယ်များ ထား၍ ဖြန့်ဖြူးလျက် ရှိသည်။ ၎င်းတို့ကို ဆက်ကြေးပေး၍ သုံးစွဲ နေသူများကို ကင်းလွတ်ခွင့် ပေးထားသော်လည်း၊ ၎င်းတို့ထံမှ ဖုန်းလိုင်းမယူ၊ ဆက်ကြေး မပေးသူများကို ပစ်မှတ် ထား၍ မဟုတ်မမှန် စွပ်စွဲပြီး ဖမ်းဆီး ညှဉ်းပန်း နှိပ်စက်ပြီး ငွေညှစ်မှုများ မကြာခဏ ပြုလုပ်လျက် ရှိသည်။

Comment ရေးရန်

Rohingya Exodus