နောက်ဆုံးသတင်း/ဆောင်းပါးများ

အမျိုးသမီးများကို ကိုယ်ထိလက်ရောက် စော်ကား၍ လူဦးရေ စစ်ဆေးနေ




Rohingya Eye
RB News
17.6.2014

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ အမှတ် (၂) ရပ်ကွက်တွင် ဒေသခံ ရိုဟင်ဂျာများ၏ နေအိမ်တံခါးများကို ရိုက်ချိုး၍ အမျိုးသမီးများကို ကိုယ်ထိလက်ရောက် စော်ကားပြီး လူဦးရေ စစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဇွန်လ (၁၅) ရက်နေ့တွင် တောင်ပြိုလက်ဝဲမြို့နယ်ခွဲ၊ အမှတ် (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ဇံလှနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ရှောင်တခင် လူဦးရေ စစ်ဆေးခြင်း လုပ်ငန်းကို နေအိမ် တံခါးများ ရိုက်ချိုး၍ နေအိမ်များထဲသို့ ၀င်၍ ပြုလုပ်ခဲ့သည့် အပြင် အမျိုးသမီးများကို ကိုယ်ထိလက်ရောက် စော်ကားမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး တို့၏ အကြမ်းဖက်မှုကြောင့် အမျိုးသားများ တိမ်းရှောင်ခဲ့ရပြီး၊ အမျိုးသမီး အများစုမှာ ကိုယ်ထိလက်ရောက် စော်ကားခံရပြီး အတင်းအဓမ္မ စစ်ဆေးခံ ခဲ့ရသည်။

နေအိမ်တံခါးများ ရိုက်ချိုးခံရသည့် အပြင် ကိုယ်ထိလက်ရောက် စော်ကားခံရပြီး စစ်ဆေးခံခဲ့ရသူများမှာ

(၁) ဦးနူရ်မာမတ် (ဘ) ဦးအလီမျာ (အသက် ၅၃ နှစ်)
(၂) ဦးဟာဘီရာမန် (ဘ) ဦးမူဘာရက်ခ်အလီ (အသက် ၈၀ နှစ်)
(၃) ဒေါ်အမာတူရော်ဟိမ်း (ဘ) ဦးဟာဆောင်းန် (အသက် ၄၀ နှစ်)
(၄) ဒေါ်မာမူဒါခါတူ (ဘ) ဦးနော်ဇိရ်အာမတ် (အသက် ၅၂ နှစ်)
(၅) ဒေါ်ဆာဂျေဒါ (ဘ) ဦးဘော်ရှု (အသက် ၃၅ နှစ်) -- တို့ဖြစ်သည်။

အလားတူ ရပ်ကွက် (၃)၊ (၄)၊ (၅) တို့တွင်လည်း ထိုကဲ့သို့ အတင်း အကျပ် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

Comment ရေးရန်

Rohingya Exodus