နောက်ဆုံးသတင်း/ဆောင်းပါးများ

ရခိုင် အစွန်းရောက် တစ်ဦး၏ ဆိုင်ရှေ့တွင် စကားပြောမိ၍ အကြောင်းမဲ့ ရိုက်နှက်ခံရ




Rohingya Eye
RB News
18.6.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ရခိုင်အစွန်းရောက် တစ်ဦးက ၎င်း၏ ဆိုင်ရှေ့တွင် ရပ်၍ စကားပြောသည့် ဒေသခံ ရိုဟင်ဂျာ တစ်ဦးကို အကြောင်းမဲ့ ရိုက်နှက် ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇွန်လ (၁၃) ရက်နေ့ နေ့လည်ပိုင်းတွင် မောင်တောမြို့နယ် မြောက်ပိုင်း သရက်အုပ်ကျေးရွာ (မင်္ဂလာဖာရာ) မှ ဟာဖီးဇ် အဒူဟိုက် (ဘ) ဦးမာမတ်ဆိဒိတ် (အသက် ၂၈ နှစ်) သည် မောင်တောမြို့ မြို့မဈေးကြီးတွင် ဆေးရွက်ကြီးနှင့် ထုံးများ ၀ယ်ယူရန် သွားနေစဉ် မဟာဗန္ဓုလလမ်းရှိ ဦးမောင်သောင်း၏ အရက်ဆိုင်ရှေ့တွင် မိတ်ဆွေ (၃) ဦးနှင့် ရပ်၍ စကားပြောနေခိုက် ဆိုင်ရှင် ဘင်္ဂလားဒေ့ရှ် နွယ်ဖွား ရခိုင် အစွန်းရောက် ဦးမောင်သောင်းက အကြောင်းမဲ့ ရိုက်နှက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဦးမောင်သောင်းက ရိုက်နှက်ခဲ့သည့် အပြင် ဟာဖီးဇ်အဒူဟိုက်ကို ရဲစခန်းသို့ပင် အပ်နှံခဲ့သည်။ ရဲစခန်းတွင်လည်း ရဲများက ထပ်မံ ညှဉ်းပန်း ရိုက်နှက် နှိပ်စက်ခဲ့ပြီး ညနေ (၆) နာရီ အချိန်တွင် အပြစ်မရှိသူ တစ်ဦး ဖြစ်သည့် အတွက် ပြန်လည် လွှတ်ပေးခဲ့သည်။

အဆိုပါ အရက်ဆိုင်ပိုင်ရှင် ဦးမောင်သောင်းသည် ဒေသခံ ရိုဟင်ဂျာများကို မကြာခဏ အနှောက်အယှက် ပေးလေ့ ရှိပြီး၊ ဟာဖီးဇ်အဒူဟိုက်ကို အကြောင်းမဲ့ ရိုက်နှက်မှုအတွက် ရဲများက အရေးယူ ဆောင်ရွက် မပေးသည့် အပြင် အပြစ်မဲ့သူကို ညှဉ်းပန်း နှိပ်စက်ခဲ့သည်။ အဆိုပါ လူငယ်သည် မိမိရွာမှ မြို့ပေါ်တွင် ဆေးရွက်ကြီးနှင့် ထုံးဝယ်ရန် သွားစဉ် ယခုကဲ့သို့ ပြဿနာ ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်ရှိ ဥပဒေသည် ဗုဒ္ဓဘာသာဝင် များကိုသာ ကာကွယ် ပေးထားပြီး၊ အစ္စလာမ် ဘာသာဝင် များအတွက် အကြုံး မ၀င်သည့် ဥပဒေ ဖြစ်သည်ကို ဟာဖီးဇ်အဒူဟိုက် အကြောင်းမဲ့ ရိုက်နှက်ခံရမှုတွင် သိသာ ထင်ရှားသည်ဟု ဒေသခံများက ဆိုသည်။

Comment ရေးရန်

Rohingya Exodus