နောက်ဆုံးသတင်း/ဆောင်းပါးများ

တရားခံ မပေါ်တဲ့ တောင်ကုတ် လူသတ်ပွဲ ၂ နှစ်ပြည့်ပြီ



ဆွေမွန်
3.6.2014

တောင်ကုတ်လူသတ်ပွဲ ဒီနေ့ ၂ နှစ်ပြည့်ပါပြီ။

အပြစ်မဲ့ နိုင်ငံသား ၁၀ ဦးအား လူ ၃၀၀ ခန့်မှ လူမြင်ကွင်း အလယ်တွင် နေ့ခင်း ကြောင်တောင် အရှင် လတ်လတ် ဦးနှောက် ထွက်အောင် ရိုက်သတ် ခဲ့သော်လည်း တရားခံ မရှိသေးပါ။ မဖော်ထုတ် ပေးသေးပါ။

ကျူးလွန် ခံရသူများ ထဲတွင် သင့်ညီအကို မောင်နှမများ ပါဝင်နေပါက သင်မည်ကဲ့သို့ ခံစားရမည်နည်း။

သေဆုံးသော မိသားစုများ အတွက် မျှတမှု မည်ကဲ့သို့ ပေးကြ မည်နည်း။

၎င်းတို့၏ ကြေကွဲ ခံစားနေရမှု များအား မည်သည့် အရာဖြင့် အစားထိုး ပေးကြ မည်နည်း။

အင်မတန် ဘာသာ တရား ကိုင်းရှိုင်း ယဉ်ကျေး သိမ်မွေ့ကြသော မြန်မာ လူမျိုးတို့ နေထိုင်ရာ ဒေသဟု နိုင်ငံ တကာတွင် အမည်ကောင်း ရှိသော မြန်မာပြည်တွင် တရားခံ ဖော်ထုတ် ပေးဖို့ တောင်းဆို ပေးသော (မွတ်ဆလင်မ် မဟုတ်သော အဖွဲ့အစည်း) လုံးဝ မရှိသေးပါ။

ကျွန်တော် ဒီနေ့ ဒီသီချင်းကို ရင်ထဲကသာ (အသံမထွက်ရဲဘဲ) တီးတိုး ဆိုနေမိပါသည်။

တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ၊ တို့ပြည်...တို့မြေ...
များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့၊ ခွင့်တူညီမျှ ၀ါဒဖြူစင်တဲ့ပြည်၊ တို့ပြည်....တို့မြေ...

"များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့၊ ခွင့်တူညီမျှ ၀ါဒဖြူစင်တဲ့ပြည်၊ တို့ပြည်....တို့မြေ..."

ကျွန်တော့် မျက်ရည်တွေ ပါးပြင်မှာ စီးကျနေဆဲပါ။

မျှတမှုကို ရှာပေးကြပါ.....

Comment ရေးရန်

Rohingya Exodus