နောက်ဆုံးသတင်း/ဆောင်းပါးများ

ရသေ့တောင် စေတီပြင် ရဲကင်းစခန်းမှ ရဲများက ဒေသခံများ ထံမှ ငွေညှစ်




MYARF
RB News
3.6.2014

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် စေတီပြင် ကျေးရွာ အခြေစိုက် ရဲကင်းစခန်းမှ ရဲတပ်သား နှစ်ဦးက ဒေသခံများထံမှ ငွေမြောက်မြားစွာကို မဟုတ်မမှန် စွပ်စွဲခြင်းများ ပြုလုပ်၍ ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

ရသေ့တောင်မြို့နယ်၊ စေတီပြင် ကျေးရွာ အခြေစိုက် ရဲကင်းစခန်းမှ ရဲတပ်သား ကျော်သိန်းနှင့် ရဲတပ်သား ဘစိန်တို့သည် အောက်ဖော်ပြပါ ဒေသခံ ရိုဟင်ဂျာများထံမှ ငွေညှစ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

(၁) မေလ (၁၉) ရက်နေ့တွင် စေတီပြင် ကျေးရွာ အုပ်စု၊ နီလာမ်ဘောရ်ရွာမှ ဒေသခံ ရိုဟင်ဂျာ နှစ်ဦး ဖြစ်သည့် ဦးမာမတ်ရှော်ရိဖ်နှင့် ဦးဖော်ကိရ်မာမတ် တို့ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သွားခဲ့သည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ဦးမာမတ်ရှော်ရိဖ် ထံမှ ငွေကျပ် ခြောက်သောင်းနှင့် ဦးဖော်ကိရ်မာမတ် ထံမှ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့သည်။

(၂) မေလ (၂၀) ရက်နေ့တွင် စေတီပြင် ကျေးရွာ အုပ်စုမှ ဦးဘောက်ရှုမျာ (ဘ) ဦးအဘူကောရ်ကို နေအိမ် ပြုပြင်သည်ဟု စွပ်စွဲ၍ ငွေကျပ် ခြောက်သောင်း ညှစ်ယူခဲ့သည်။

(၃) မေလ (၂၂) ရက်နေ့တွင် စေတီပြင် ကျေးရွာ အုပ်စုမှ မော်လ၀ီ ဦးဇာဟိတ်ဟူစိန်း (ဘ) ဦးအဒူဆော်လာမ်ကို အမျိုးသမီး တစ်ဦးနှင့် တရားမ၀င် ပေါင်းသင်းခဲ့သည်ဟု မဟုတ်မမှန် စွပ်စွဲပြီး ငွေကျပ် ငါးသောင်း ညှစ်ယူခဲ့သည်။ ထို့အပြင် ဦးအဒူဆော်လမ် (ဘ) ဦးဇော်လာလ်အာမတ်ကို RSO နှင့် ဆက်သွယ်ခဲ့သည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် ၁၄ သိန်း ညှစ်ယူခဲ့သည်။ မော်လ၀ီ ဦးအာတာအုလ္လာ (ဘ) ဦးနူရ်ဆော်လာမ် ကိုလည်း ဘင်္ဂလားဒေ့ရှ်သို့ သွားခဲ့သည်ဟု စွပ်စွဲ၍ ငွေကျပ် ခြောက်သောင်း ညှစ်ယူခဲ့ကြောင်း သိရှိရပါသည်။

Comment ရေးရန်

Rohingya Exodus