နောက်ဆုံးသတင်း/ဆောင်းပါးများ

နယ်ခြားစောင့်ရဲ များနှင့် စစ်တပ်ပေါင်း၍ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာများကို ဖမ်းဆီးထား



MYARF & Rohingya Eye
RB News
30.11.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ အမှတ် (၁)၊ (၂) နှင့် (၄) နယ်မြေ များရှိ ကျေးရွာ များသို့ ညပိုင်းတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များနှင့် စစ်သားများ ၀င်ရောက်၍ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ များစွာကို ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း အမှတ် (၁)၊ (၂) နှင့် (၄) နယ်မြေများမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များနှင့် စစ်သားများသည် ညပိုင်း အချိန်တွင် ရွာများထဲသို့ ၀င်ရောက်၍ နေအိမ်များကို စီးနင်းပြီး ရိုဟင်ဂျာ အမျိုးသား ပေါင်းများစွာကို ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ အမှတ် (၁) နယ်မြေမှ ကျေးရွာ အုပ်စု (၉) စု၊ နှင့် အမှတ် (၂) နယ်မြေမှ ကျေးရွာ အုပ်စု (၇) စုတို့တွင် နိုဝင်ဘာလ (၂၈) ရက်နေ့ ညပိုင်းမှ စ၍ ဖမ်းဆီးမှုများ ပြုလုပ် ခဲ့ကြောင်း သိရှိရပါသည်


အမှတ် (၁) နယ်မြေမှ --

(၁) ဦးဇီယာဘုလ်ဟောက် (ခ) စောနိုင် (ဘ) ဦးဆုလ်တာန် (အသက် ၃၅ နှစ်) - ရဲအောင် ကျေးရွာ အုပ်စု၊ တောင်ဘောင်ရွာ
(၂) ဦးနူရ်အာလမ် (ဘ) ဦးအာရှော်ရာဖ်မျာ (အသက် ၅၀ နှစ်) - မူလတန်းပြဆရာ - ကြောင်နပေအုပ်စု၊ ဂေါ်ယင်ရွာ
(၃) ဦးတင်ရွှေ (ခ) ဦးဇော်လိလ် (ဘ) ဦးအာဇိမ်အူဒိန် (အသက် ၃၆ နှစ်) - ကာလာဒေးဖား ကျေးရွာ အုပ်စု၊ ရွာသစ်
(၄) ဦးဆာလေအာမတ် (ဘ) ဦးဟာလူ (အသက် ၃၀ နှစ်) - ကာလာဒေးဖား ကျေးရွာ အုပ်စု၊ ရွာသစ်
(၅) ဦးရှာအာလမ် (ဘ) ဦးအာမိရ်ဟူဆောင်း (အသက် ၃၅ နှစ်) - ကာလာဒေးဖား ကျေးရွာ အုပ်စု၊ ဆန်ဆူရီးရွာ -- တို့အပါအ၀င် (၈) ဦးကို ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း သိရှိရပါသည်။

အမှတ် (၂) နယ်မြေမှ --
(၁) ဦးနူရ်အာလမ် (ဘ) ဦးအဒူနော်ဘီ (အသက် ၄၅ နှစ်) - ခမောင်းဆိပ် ကျေးရွာ အုပ်စု၊ ရဲဘောရှား ကျေးရွာ
(၂) ဦးအလီဇူဟာရ် (ဘ) ဦးနူရ်မာမတ် (အသက် ၃၀ နှစ်) - ခမောင်းဆိပ် ကျေးရွာ အုပ်စု၊ ရဲဘောရှား ကျေးရွာ
(၃) မော်လ၀ီ ယာကုဖ် (ဘ) ဦးအဒူဖော်တော်လောဖ် (အသက် ၄၄ နှစ်) - သစ်တောနားခွဆုံ ကျေးရွာ
(၄) ဦးမာမတ်တော်ယုဖ် (ဘ) ဦးနူရ်ဟူစိန်း (အသက် ၄၁ နှစ်) - သစ်တောနားခွဆုံ ကျေးရွာ
(၅) ဦးနော်ဘီဟူစိန်း (ဘ) ဦးအာမတ်ဟူစိန်း (အသက် ၄၈ နှစ်) - နတ်ချောင်း ကျေးရွာ
(၆) ဦးမာမတ်ဆာလာမ် (အသက် ၄၂ နှစ်) - လောင်းဒုံးကျေးရွာ အုပ်စု၊ ပန်းမြောင်ရွာ -- တို့အပါအ၀င် (၁၅) ဦးကို ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း ဒေသခံများက ပြောပါသည်။

အမှတ် (၄) နယ်မြမှ ဖမ်းဆီးခံရသူ အရေအတွက် အတိအကျကို မသိရှိရသေး သော်လည်း ကုန်တင်ကားကြီးဖြင့် ရိုဟင်ဂျာ အမျိုးသားပေါင်း များစွာကို ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း ဒေသခံများက ပြောပါသည်။

ဖမ်းဆီးသွားသူ များကို မည်သည့် နေရာတွင် ချုပ်နှောင် ထားသည်ကို မိသားစုများက ယခု အချိန်ထိ မသိရှိရသေးဘဲ၊ ဖမ်းဆီးခံရသည့် အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ အမျိုးသား များကို မရှိသည့် RSO နဲ့ ပတ်သက်နေသည်ဟု လုပ်ကြံ စွပ်စွဲ၍ တရားစွဲဆို ထောင်ချမည်ကို မိသားစုများနှင့် ရွာသားများက အထူး စိုးရိမ် ပူပန်လျက် ရှိကြသည်။

ဒေသခံ တစ်ဦးက “ရွာထဲဝင်လာပြီး အိမ်တွေကို ၀င်စီးတယ်။ တွေ့သမျှ အမျိုးသား တွေကို ဖမ်းသွားတာပါ။ စဖမ်းကတည်းက သူတို့ရဲ့ ကုန်တင်ကား တွေပေါ် တင်တဲ့ အထိ ရိုက်နှက်တော့တာဘဲ၊ အခုတလော အစိုးရက အကြောင်းမဲ့ ထောင်ချ ချင်ရင် ဘယ်နိုင်ငံမှာမှ မရှိတဲ့ RSO နာမည်တပ်ပြီး ထောင်ချ တာပါဘဲ။ ကျွန်တော်တို့လည်း အဲဒီလို မဟုတ်မမှန် လုပ်ကြံပြီး ထောင်ချမှာကို စိုးရိမ်နေတယ်။ ပြီးတော့ မိသားစုတွေကို ဘယ်မှာ ချုပ်ထားသလဲ ဆိုတာ မပြောဘူး။ ဘာကြောင့် ဖမ်းသလဲ ဆိုတာလည်း မပြောဘူး။ အခုဆို ရွာမှာ ဘယ်ယောက်ျားသားမှ မအိပ်ရဲ ကြတော့ဘူး” ဟု RB News သို့ပြောပါသည်။

အခြား ဒေသခံ တစ်ဦးက “စက်လှေတွေ အသင့်ရှိ နေလို့ အခုလို လိုက်ဖမ်းနေတာပါ။ အစိုးရ အာဏာပိုင် တွေနဲ့ လူမှောင်ခို သမားတွေ စက်လှေ ရောက်လာရင် လူရဖို့ ဒီနည်းလမ်း သုံးတယ်။ လူတွေကို ဖမ်းပြီး ထောင်ချ ပြရင် မလေးရှား သွားမယ့်သူတွေ အများကြီး ပေါ်လာတယ်။ ဒါကတော့ အစိုးရရဲ့ ဒီလူမျိုးကို ဖျောက်ပစ်ဖို့ ဆိုတဲ့ မူဝါဒကို အကောင် အထည် ဖော်နေခြင်း ဖြစ်ပါတယ်” ဟု ဆိုသည်။

Comment ရေးရန်

Rohingya Exodus