နောက်ဆုံးသတင်း/ဆောင်းပါးများ

၂၀၁၆ ဇန်န၀ါရီလတွင် ဆွဲ၊တင်၊စစ် ပြန်စမည်ဟု မ.က.ဖ မှ ပြောကြား



MYARF
RB News
17.11.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ဒေသ (၂) ရုံး စခန်း (ယခင် နယ်မြေ ၅ စခန်း) မှ မ.က.ဖ ဦးစီးအရာရှိက ၎င်းစခန်းပိုင် ကျေးရွာများမှ ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့် အဖွဲ့များကို နိုဝင်ဘာလ (၁၀) ရက်နေ့ နေ့လည် ၁၁ နာရီအချိန်တွင် မ.က.ဖ ရုံးခန်းသို့ ခေါ်ယူပြီး အစည်းအဝေး တစ်ရပ် ကျင်းပခဲ့သည်။ 

အစည်းအဝေးတွင် မ.က.ဖ ဦးစီးက “၂၀၁၆ ခုနှစ် ဇန်န၀ါရီလ လဆန်းပိုင်းမှ စ၍ မ.က.ဖ များ ကျေးရွာများသို့ ဆင်း၍ ကျေးရွာ မြေပုံများ ရေးဆွဲမည် ဖြစ်ကြောင်း၊ ထို့နောက် ဇန်န၀ါရီလ ၂၁ ရက်နေ့မှ စ၍ ဆွဲ၊တင်၊စစ် စတင် စစ်ဆေးသွားမည် ဖြစ်ကြောင်း၊ ဆွဲ၊တင်၊စစ် တွင် ကလေး မွေးတိုးများ အိမ်ထောင်စု စာရင်းသို့ ပြန်လည် တင်ပေးခြင်း၊ အိမ်ထောင်စု တစ်စုမှ အခြား အိမ်ထောင်စုသို့ ပြောင်းရွှေ့ခြင်း၊ ထောင်ထွက်များကို အိမ်ထောင်စု စာရင်းသို့ ပြန်လည် တင်ပေးခြင်း စသည်များ ပြုလုပ်ပေးမည် ဖြစ်ကြောင်း၊ သို့သော် လူတိုင်းကို ပြုလုပ်ပေးမှာ မဟုတ်ဘဲ အစိမ်းနုရောင် ကဒ်ပြား လက်ခံယူထားသူ များကိုသာ ပြုလုပ်ပေးမှာ ဖြစ်ကြောင်း၊ အစိမ်းနုရောင် ကဒ်ပြား လက်မခံခဲ့သူများ အနေဖြင့် ကလေး မွေးတိုး တင်ခြင်း၊ အိမ်ထောင်စု တစ်စုမှ အခြား အိမ်ထောင်စုသို့ ပြောင်းရွှေ့ခြင်း၊ ထောင်ထွက်များကို အိမ်ထောင်စု စာရင်းသို့ ပြန်တင်ခြင်းများ ပြုလုပ်လိုပါက ဦးစွာ အစိမ်းနုရောင် ကဒ်ပြားကို လက်ခံယူမှသာ ပြုလုပ်ပေးမည် ဖြစ်ကြောင်း၊ အိမ်တိုးချဲ့ခြင်း၊ အသစ် ဆောက်လုပ်ခြင်း များကိုလည်း စစ်ဆေး အရေးယူသွားမှာ ဖြစ်သည်” ဟု ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus